ရုဗင်က သူတို့အား “ ‘သူငယ်ကို မပြစ်မှားပါနှင့်’ဟု သင်တို့ကိုငါပြောခဲ့သည်မဟုတ်လော။ သို့သော် သင်တို့နားမထောင်ကြ။ ငါတို့သည် ယခု သူ၏သွေးကြွေးအတောင်းခံရလေပြီ”ဟု ပြန်ပြော၏။
ဆာလံ 10:13 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူသည် အဘယ်ကြောင့် ဘုရားသခင်ကိုမထီလေးစားပြု၍ “ကိုယ်တော်သည် စစ်ကြောစီရင်တော်မူမည်မဟုတ်”ဟု မိမိစိတ်နှလုံးထဲ၌ ဆိုရသနည်း။ Common Language Bible သူယုတ်မာသည်အဘယ်သို့လျှင်ထာဝရဘုရားကို မထီမဲ့မြင်ပြု၍ ``ကိုယ်တော်သည်ငါ့ကိုအပြစ်ဒဏ်ပေးတော်မူမည် မဟုတ်'' ဟု တစ်ကိုယ်တည်းပြောဆိုနိုင်ပါသနည်း။ Garrad Bible လူ ဆိုး ကား၊ ဘု ရား သ ခင် ကို မ ထီ လေး စား ပြု လျက်၊ စစ် ဆေး တော် မ မူ ဟု အ ဘယ် ကြောင့် စိတ် တွင် အောက် မေ့ ရ သ နည်း။ Judson Bible မတရားသောသူသည် ဘုရားသခင်ကို အဘယ်ကြောင့် မထီမဲ့မြင်ပြုရပါအံ့နည်း။ ကိုယ်တော်သည် စစ်တော်မမူဟု အဘယ်ကြောင့် အောက်မေ့ရပါအံ့နည်း။ |
ရုဗင်က သူတို့အား “ ‘သူငယ်ကို မပြစ်မှားပါနှင့်’ဟု သင်တို့ကိုငါပြောခဲ့သည်မဟုတ်လော။ သို့သော် သင်တို့နားမထောင်ကြ။ ငါတို့သည် ယခု သူ၏သွေးကြွေးအတောင်းခံရလေပြီ”ဟု ပြန်ပြော၏။
အကယ်စင်စစ် သင်တို့၏အသက်သွေးကြွေးကို ငါပြန်တောင်းမည်။ တောရိုင်းတိရစ္ဆာန်ဖြစ်လျှင်လည်း ၎င်းတို့၏အသက်ကိုငါပြန်တောင်းမည်။ လူအချင်းချင်းဖြစ်လျှင်လည်း ထိုလူ၏အသက်ကို ငါပြန်တောင်းမည်။
ယောရှမင်းကြီးသည် ဇာခရိ၏ဖခင်ယောယဒပြခဲ့သောမေတ္တာကရုဏာကိုပင် မအောက်မေ့ဘဲ သားဖြစ်သူကိုသတ်လေ၏။ ဇာခရိသည် သေလုဆဲဆဲတွင် “ထာဝရဘုရားသည် ဤအမှုကို မြင်၍စီရင်တော်မူပါစေ”ဟု ဆို၏။
မြို့သားတို့သည် ညည်းတွားလျက်၊ ဒဏ်ရာရသူတို့သည်လည်း အကူအညီအော်ဟစ်တောင်းခံလျက် နေရပါ၏။ သို့သော် ထိုမတရားမှုကို ဘုရားသခင် အရေးစိုက်တော်မမူ။
ကိုယ်တော်သည် သူတို့ကို ဘေးကင်းလုံခြုံစွာဖြင့် နားနေရသောအခွင့်ပေးတော်မူ၍ သူတို့သွားသောလမ်းများကိုလည်း စောင့်ကြည့်တော်မူ၏။
အို ဘုရားသခင်၊ ရန်ဖက်ပြုသောသူသည် မည်မျှကြာအောင် ကဲ့ရဲ့ပြစ်တင်လျက်နေလိမ့်မည်နည်း။ ရန်သူသည် ကိုယ်တော်၏နာမတော်ကို အစဉ်မထီလေးစားပြုမည်လော။
အို ထာဝရဘုရား၊ ရန်သူသည် ကိုယ်တော့်ကိုကဲ့ရဲ့ပြစ်တင်သည်ကိုလည်းကောင်း၊ မိုက်မဲသောသူသည် ကိုယ်တော်၏နာမတော်ကို မထီလေးစားပြုသည်ကိုလည်းကောင်း အောက်မေ့တော်မူပါ။
သင်တို့နှင့်အတူရှိတော်မူသောထာဝရဘုရားကို သင်တို့ စွန့်ပယ်ကြ၍ ငါတို့သည် အဘယ်ကြောင့် အီဂျစ်ပြည်မှထွက်လာကြသနည်းဟု ထာဝရဘုရားရှေ့တော်၌ ငိုကြွေးလျက်ဆိုကြသောကြောင့် သင်တို့၏နှာခေါင်းမှထွက်၍ သင်တို့ရွံရှာသည်အထိ တစ်လလုံး အသားကို စားရလိမ့်မည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
သင်တို့စကားကိုနားထောင်သောသူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကိုငြင်းပယ်သောသူသည် ငါ့ကိုငြင်းပယ်၏။ ငါ့ကိုငြင်းပယ်သောသူသည် ငါ့အားစေလွှတ်တော်မူသောအရှင်ကိုငြင်းပယ်၏”ဟု မိန့်တော်မူ၏။
ယနေ့ ငါတို့ဘုရားသခင်ထာဝရဘုရားထံတော်မှ စိတ်နှလုံးလမ်းလွဲ၍ ထိုလူမျိုးတို့၏ဘုရားများကိုသွားရောက်ဝတ်ပြုသည့် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ မျိုးနွယ်စုဖြစ်စေ၊ မျိုးနွယ်ဖြစ်စေ သင်တို့တွင် မရှိစေရ။ သင်တို့တွင် အဆိပ်ရှိ၍ခါးသောအသီးကို သီးစေသောအမြစ်မရှိစေရ။
ထို့ကြောင့် ဤညွှန်ကြားချက်ကို ငြင်းပယ်သောသူသည် လူကိုမဟုတ်ဘဲ သင်တို့အား မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကိုပေးတော်မူသောဘုရားသခင်ကို ငြင်းပယ်၏။