ဆာလံ 10:13 - Common Language Bible13 သူယုတ်မာသည်အဘယ်သို့လျှင်ထာဝရဘုရားကို မထီမဲ့မြင်ပြု၍ ``ကိုယ်တော်သည်ငါ့ကိုအပြစ်ဒဏ်ပေးတော်မူမည် မဟုတ်'' ဟု တစ်ကိုယ်တည်းပြောဆိုနိုင်ပါသနည်း။ အခန်းကိုကြည့်ပါ။Garrad Bible13 လူ ဆိုး ကား၊ ဘု ရား သ ခင် ကို မ ထီ လေး စား ပြု လျက်၊ စစ် ဆေး တော် မ မူ ဟု အ ဘယ် ကြောင့် စိတ် တွင် အောက် မေ့ ရ သ နည်း။ အခန်းကိုကြည့်ပါ။Judson Bible13 မတရားသောသူသည် ဘုရားသခင်ကို အဘယ်ကြောင့် မထီမဲ့မြင်ပြုရပါအံ့နည်း။ ကိုယ်တော်သည် စစ်တော်မမူဟု အဘယ်ကြောင့် အောက်မေ့ရပါအံ့နည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ဆိုးယုတ်သောသူသည် အဘယ်ကြောင့် ဘုရားသခင်ကိုမထီလေးစားပြု၍ “ကိုယ်တော်သည် စစ်ကြောစီရင်တော်မူမည်မဟုတ်”ဟု မိမိစိတ်နှလုံးထဲ၌ ဆိုရသနည်း။ အခန်းကိုကြည့်ပါ။ |
ဤနေရာ၌ယနေ့ရပ်နေကြသောသူတို့ တွင်မည်သည့်ယောကျာ်းသို့မဟုတ်မိန်းမ သော်လည်းကောင်း၊ မိသားစုသို့မဟုတ် အနွယ်သော်လည်းကောင်းငါတို့၏ဘုရားသခင်ထာဝရဘုရားကိုစွန့်၍ လူမျိုး ခြားတို့၏ဘုရားများကိုမကိုးကွယ် မိစေရန်သတိပြုကြလော့။ ထိုသို့ပြု မိလျှင် ခါး၍အဆိပ်ရှိသောအပင်ကို ဖြစ်ပွားစေသည့်အမြစ်သဖွယ်ဖြစ် လိမ့်မည်။-