အကျိုးမရှိသောအရာကို ယုံစားခြင်းဖြင့် သူ့ကိုယ်သူ မလှည့်စားသင့်ပါ။ အကြောင်းမူကား သူပြန်ရရှိမည့်အရာသည်လည်း အကျိုးမရှိသောအရာပင် ဖြစ်လိမ့်မည်။
ဂလာတိ 6:7 - မြန်မာ့စံမီသမ္မာကျမ်း အယူမလွဲကြနှင့်။ ဘုရားသခင်သည် မထီလေးစားပြုခြင်းကိုခံတော်မမူ။ အကြောင်းမူကား လူသည် တစ်စုံတစ်ခုကိုစိုက်ပျိုးလျှင် ၎င်းကို ပြန်လည်ရိတ်သိမ်းရလိမ့်မည်။ Common Language Bible သင်တို့သည်အယူအဆမလွဲမှားကြနှင့်။ ဘုရား သခင်အားအဘယ်သူမျှလိမ်လည်၍မရ။ လူ သည်မိမိမျိုးကြဲသည့်အတိုင်း အသီးအနှံကို ရိတ်သိမ်းရလိမ့်မည်။- Garrad Bible အ ထင် မ လွဲ ကြ နှင့်၊ ဘု ရား သ ခင် သည် ပြောင် လှောင် ခြင်း ကို ခံ တော် မ မူ လူ သည် စိုက် ပျိုး သည့် အ တိုင်း ပင် ရိတ် သိမ်း ရ လိမ် မည်။ Judson Bible အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယူဆမှုမလွဲကြနှင့်။ ဘုရားသခင်ကို မည်သူမျှ လှည့်စား၍ မရ။ လူသည် မိမိစိုက်ပျိုးသည့်အတိုင်း ရိတ်သိမ်းရလိမ့်မည်။ |
အကျိုးမရှိသောအရာကို ယုံစားခြင်းဖြင့် သူ့ကိုယ်သူ မလှည့်စားသင့်ပါ။ အကြောင်းမူကား သူပြန်ရရှိမည့်အရာသည်လည်း အကျိုးမရှိသောအရာပင် ဖြစ်လိမ့်မည်။
ငါသတိပြုမိသည်မှာ အပြစ်ဒုစရိုက်ကိုထွန်ယက်၍ အခက်အခဲပြဿနာကိုကြဲသောသူသည် ထိုအရာတို့ကို ပြန်ရိတ်သိမ်းရတတ်၏။
ထို့ကြောင့် သူတို့သည် မိမိတို့ပြုမူကျင့်ကြံသောအမှုအရာ၏အသီးကိုစား၍ မိမိတို့၏အကျင့်အကြံများနှင့် ဝအီကြလိမ့်မည်။
ဆိုးယုတ်သောသူသည် လှည့်ဖြားသောအဖိုးအခကိုရတတ်၏။ ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲသောသူမူကား မှန်ကန်သောအကျိုးကိုရတတ်၏။
ဖောက်ပြန်လွဲမှားသောစိတ်နှလုံးဖြင့် မကောင်းမှုကိုတွေးတောကြံစည်လျက် ငြင်းခုံရန်တွေ့ခြင်းကို အစဉ်အမြဲဖြစ်ပွားစေတတ်၏။
လိမ်လည်ထွက်ဆိုသောမုသားသက်သေနှင့် ညီအစ်ကိုတို့ကြား၌ အငြင်းပွားမှုများဖြစ်ပွားစေသော သူတို့ဖြစ်ကြ၏။
ထာဝရဘုရားက ‘ခါလဒဲတပ်သည် အပြီးအပိုင်တပ်ဆုတ်သွားကြမည်ဟု ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မလှည့်စားကြနှင့်။ သူတို့ တပ်ဆုတ်ကြမည်မဟုတ်။
ရုပ်တုများကြောင့် ငါနှင့်ဝေးကွာသွားသော အစ္စရေးလူမျိုးအပေါင်းတို့၏နှလုံးသားကို ငါပြန်လည်ဆွဲယူမည်ဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုလော့။
ထာဝရဘုရားကို ရှာဖို့ အချိန်တန်ပြီ။ ထာဝရဘုရားသည် ကြွလာ၍ သင်တို့အပေါ် ဖြောင့်မတ်ခြင်းမိုးကို မရွာစေမီတိုင်အောင် သင်တို့သည် ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲ၍ မေတ္တာကရုဏာအသီးကို ရိတ်သိမ်းကြလော့။ ပလပ်မြေကို ထွန်ယက်ကြလော့။
သင်တို့သည် ဆိုးယုတ်မှုကို စိုက်ပျိုးသောကြောင့် မတရားမှုကိုရိတ်သိမ်းရ၏။ မုသားအသီးကို စားရ၏။ အကြောင်းမှာ ကိုယ့်နည်းလမ်း၊ ကိုယ့်စစ်သူရဲအလုံးအရင်းကိုသာ ယုံကြည်အားကိုးကြ၏။
သူတို့သည် လေကိုကြဲသဖြင့် လေပွေကိုသာ ရိတ်ရလိမ့်မည်။ ကောက်ပဲသီးနှံတို့လည်း အညှောက်မထွက်။ ထွက်ပြန်လျှင်လည်း အသီးမသီး။ သီးပြန်လျှင်လည်း သူစိမ်းလူတို့ စားသွားလိမ့်မည်။
ကျောက်ဆောင်များကြား မြင့်မားသောနေရာ၌နေ၍ ‘မည်သူသည် ငါ့ကို မြေကြီးပေါ်ဆွဲချနိုင်မည်နည်း’ဟု သင်တွေး၏။ သင့်မာနက သင့်ကိုလှည့်စားလေပြီ။
သို့သော် အာဗြဟံက ‘ငါ့သား၊ သင်သည်အသက်ရှင်စဉ်အခါ မိမိအတွက် ကောင်းသောအရာများကိုရရှိခဲ့၍ လာဇရုသည် မကောင်းသောအရာများကိုရရှိခဲ့ကြောင်း သတိရလော့။ ယခုမူကား သူသည်ဤနေရာတွင် နှစ်သိမ့်ခြင်းကိုခံစားရ၍ သင်သည် ဝေဒနာပြင်းစွာခံစားနေရ၏။
ကိုယ်တော်ကလည်း“သင်တို့သည် လှည့်ဖြားခြင်းမခံရစေရန် သတိပြုကြလော့။ အကြောင်းမူကား များစွာသောသူတို့သည် ငါ့အဖြစ်အယောင်ဆောင်လျက်ရောက်လာ၍ ‘ငါသည် ထိုသူပင်ဖြစ်၏’ဟူ၍လည်းကောင်း၊ ‘အချိန်နီးကပ်လာပြီ’ဟူ၍လည်းကောင်း ဆိုကြလိမ့်မည်။ ထိုသူတို့၏နောက်သို့မလိုက်ကြနှင့်။
အယူမလွဲကြနှင့်။ မကောင်းသောအပေါင်းအဖော်တို့သည် ကောင်းသောအကျင့်စာရိတ္တကို ပျက်စီးစေကြ၏။
မည်သူမျှ ကိုယ့်ကိုယ်ကိုယ်မလှည့်ဖြားစေနှင့်။ သင်တို့တွင် တစ်စုံတစ်ဦးက မိမိသည် ဤလောက၌ ပညာရှိဖြစ်သည်ဟုထင်မှတ်လျှင် ထိုသူသည် ပညာရှိဖြစ်နိုင်ရန် မိုက်မဲသောသူဖြစ်ပါစေ။
သို့မဟုတ် မဖြောင့်မတ်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရမည်မဟုတ်ကြောင်း သင်တို့မသိကြသလော။ အယူမလွဲကြနှင့်။ တရားနှင့်မညီမေထုန်ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူများ၊ အမျိုးသားပြည့်တန်ဆာများ၊ လိင်တူဆက်ဆံသူများ၊
ငါသည် ဤသို့ဆိုလို၏။ အနည်းငယ်သာမျိုးကြဲသောသူသည် အနည်းငယ်သာရိတ်သိမ်းရမည်။ များစွာမျိုးကြဲသောသူသည် များစွာရိတ်သိမ်းရမည်။
တစ်စုံတစ်ယောက်သည် ဘာမျှမဟုတ်ဘဲလျက် မိမိကိုယ်ကိုအရေးပါသူဟု ထင်မှတ်လျှင် သူသည် မိမိကိုယ်ကိုလှည့်ဖြား၏။
အချည်းနှီးသောစကားတို့ဖြင့် မည်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ အကြောင်းမူကား ဤအမှုများကြောင့် ဘုရားသခင်၏အမျက်တော်သည် နာခံမှုမရှိသောသူတို့အပေါ်သို့ သက်ရောက်လာ၏။
မည်သူမျှ သင်တို့ကို မည်သည့်နည်းနှင့်မျှ မလှည့်ဖြားစေနှင့်။ အဘယ်ကြောင့်ဆိုသော် ဖောက်ပြန်သွေဖည်မှုသည် ဦးစွာဖြစ်လာ၍ ပျက်စီးခြင်း၏သားတည်းဟူသော တရားမဲ့ခြင်းနှင့်ဆိုင်သောသူသည် ထင်ရှားမလာမီ ထိုနေ့ရက်သည် ရောက်လာမည်မဟုတ်။
နှုတ်ကပတ်တော်ကို လိုက်နာကျင့်သုံးသောသူများဖြစ်ကြလော့။ မိမိတို့ကိုယ်ကိုလှည့်စား၍ ကြားနာသူသက်သက်မဖြစ်ကြနှင့်။
တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ဘာသာတရားကိုင်းရှိုင်းသူဖြစ်သည်ဟု ထင်မှတ်သော်လည်း မိမိလျှာကိုမချုပ်တည်းဘဲ မိမိစိတ်နှလုံးကိုလှည့်ဖြားလျှင် ထိုသူ၏ဘာသာတရားကိုင်းရှိုင်းမှုသည် အချည်းနှီးဖြစ်၏။
ငါတို့၌အပြစ်မရှိဟု ငါတို့ဆိုလျှင် ငါတို့သည် ကိုယ့်ကိုယ်ကိုယ်လှည့်ဖြားနေသည်ဖြစ်၍ သမ္မာတရားသည် ငါတို့၌မရှိ။
သားသမီးတို့၊ သင်တို့ကို မည်သူမျှ မလှည့်ဖြားစေနှင့်။ ကိုယ်တော်သည် ဖြောင့်မတ်တော်မူသည့်နည်းတူ ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူသည် ဖြောင့်မတ်၏။
သူတို့က “နောက်ဆုံးသောကာလ၌ မိမိတို့၏ဘုရားတရားမဲ့ခြင်းနှင့်ဆိုင်သော တပ်မက်ခြင်းများအတိုင်းလျှောက်လှမ်းသည့် ပြက်ရယ်ပြုတတ်သောသူများ ပေါ်လာကြလိမ့်မည်”ဟု သင်တို့အား ပြောထားခဲ့ကြ၏။