အချိန်တန်လျှင် သူသည် တောင်အရပ်သို့ တစ်ဖန်လာဦးမည်။ သို့သော် ယခုတစ်ကြိမ်လာခြင်းသည် ယခင်တစ်ကြိမ်ကဲ့သို့ ဖြစ်မည်မဟုတ်။
ဂလာတိ 4:2 - မြန်မာ့စံမီသမ္မာကျမ်း ဖခင်သတ်မှတ်သောအချိန်မရောက်မချင်း အိမ်မှုကိစ္စစီမံကွပ်ကဲသူနှင့်ဘဏ္ဍာစိုးတို့၏လက်အောက်၌ နေရ၏။ Common Language Bible သူသည်ဖခင်သတ်မှတ်ပေးသည့်အချိန်ကာလမ ရောက်မီ အုပ်ထိန်းသူများနှင့်မိမိ၏အမှုကိစ္စ အဝဝကိုစီမံအုပ်ချုပ်သူများ၏လက်အောက် တွင်နေရ၏။- Garrad Bible အ ဘ ချိန်း ချက် သည် ကာ လ မ တိုင် မ ချင်း အ မွေ ထိန်း၊ ဘ ဏ္ဍာ ထိန်း များ လက် အောက် တွင် ရှိ နေ ရ ၏။ Judson Bible အဘစီရင်နှင့်သော အချိန်ကာလ မရောက်မီတိုင်အောင် အစောင့်အထိန်း အအုပ်အချုပ်တို့ လက်၌ ရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အမွေခံသည် ဖခင်သတ်မှတ်သောအချိန်မရောက်မချင်း အုပ်ထိန်းသူများနှင့် မိမိ၏စည်းစိမ်ဥစ္စာကို စီမံခန့်ခွဲသူများ၏ လက်အောက်တွင် နေရ၏။ |
အချိန်တန်လျှင် သူသည် တောင်အရပ်သို့ တစ်ဖန်လာဦးမည်။ သို့သော် ယခုတစ်ကြိမ်လာခြင်းသည် ယခင်တစ်ကြိမ်ကဲ့သို့ ဖြစ်မည်မဟုတ်။
အကြောင်းမူကား ဤဗျာဒိတ်နိမိတ်သည် အချိန်တန်လျှင် ဖြစ်လာမည်။ နှုတ်ထွက်စကားအတိုင်း အဆုံးသတ်ချိန် မလွဲမသွေရောက်လာမည်။ ကြာသော်လည်း စောင့်မျှော်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လာမည်။
သင်တို့သည် ငါ၌တည်နေ၍ ငါ့စကားတို့သည် သင်တို့၌တည်နေလျှင် သင်တို့လိုချင်သမျှတို့ကို တောင်းကြလော့။ တောင်းလျှင် သင်တို့အတွက် ပြည့်စုံစေတော်မူလိမ့်မည်။
အကြောင်းမူကား ခရစ်တော်၌ သင်တို့ကိုအုပ်ထိန်းသူ တစ်သောင်းရှိသော်လည်း ဖခင်မူကား များစွာမရှိ။ ကောင်းမြတ်သောသတင်းအားဖြင့် ခရစ်တော်ယေရှု၌ သင်တို့ကိုမွေးဖွားပေးခဲ့သူမှာ ငါပင်ဖြစ်၏။
ထို့ကြောင့် ပညတ်တရားသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုငါတို့အသိအမှတ်ပြုခြင်းခံရရန် ငါတို့ကို ခရစ်တော်ထံသို့ပို့ဆောင်သော ငါတို့၏အုပ်ထိန်းသူဖြစ်၏။
ငါဆိုလိုသည်ကား အမွေခံသည် အမွေပစ္စည်းရှိသမျှကို ပိုင်ဆိုင်သူဖြစ်သော်လည်း ကလေးသူငယ်ဖြစ်နေသေးသရွေ့ ကျွန်နှင့်ခြားနားခြင်းမရှိဘဲ
ထိုနည်းတူ ငါတို့သည်လည်း ကလေးသူငယ်ဖြစ်ကြစဉ် လောက၏အခြေခံတရားအောက်၌ ကျွန်ခံခဲ့ကြ၏။