Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဂ​လာ​တိ 4:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ထိုနည်းတူ ငါ​တို့​သည်​လည်း ကလေး​သူငယ်​ဖြစ်​ကြ​စဉ် လောက​၏​အခြေခံ​တရား​အောက်၌ ကျွန်ခံ​ခဲ့​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ထို​နည်း​တူ​စွာ​ငါ​တို့​သည်​လည်း​ဝိ​ညာဉ်​ရေး​မ ရင့်​ကျက်​မီ​အ​ခါ​က လော​က​စ​ကြ​ဝ​ဠာ​ကို အုပ်​စိုး​သော​ဝိ​ညာဉ်​များ​၏​ကျွန်​ဖြစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ထို နည်း တူ ငါ တို့ သည် အ ရွယ် မ ရောက် သည့် ကာ လ လော ကီ စာ ဝါ ငယ့် အောက် ကျွန် ခံ လျက် နေ ခဲ့ ရ သော် လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ထို​နည်း​တူ​ငါ​တို့​သည် အ​ရွယ်​မ​ရောက်​မီ လော​ကီ​တ​ရား​နု​လက်၌ ကျွန်​ခံ​ရ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ကျွန်ုပ်တို့​သည်လည်း အရွယ်​မရောက်မီ​အချိန်​၌ လောကီ​အခြေခံ​မူ​အောက်​တွင် ကျွန်ခံခဲ့ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂ​လာ​တိ 4:3
20 ပူးပေါင်းရင်းမြစ်များ  

ဝန်လေး​၍​ပင်ပန်း​သော​သူ​အပေါင်း​တို့၊ ငါ့​ထံသို့​လာ​ကြ​လော့။ ငါ​သည် သင်​တို့​အား​ငြိမ်သက်​ချမ်းသာ​မှု​ကို​ပေး​မည်။


ထို့ကြောင့် ယေရှု​သည် မိမိ​ကို​ယုံကြည်​သော ဂျူး​လူမျိုး​တို့​အား“သင်​တို့​သည် ငါ​၏​တရား​စကား​၌​တည်​လျှင် ငါ့​တပည့်​အမှန်​ဖြစ်​ကြ​ပြီး


သို့ဖြစ်လျှင် သင်​တို့​သည် ငါ​တို့​ဘိုးဘေး​များ​နှင့် ငါ​တို့​ကိုယ်တိုင်​လည်း မ​ထမ်း​နိုင်​သော​ထမ်းပိုး​ကို ထို​တပည့်​တော်​တို့​၏​လည်ပင်း​ပေါ်၌ တင်​ခြင်း​အားဖြင့် ဘုရားသခင်​ကို အဘယ်ကြောင့် စမ်းသပ်​ကြ​သနည်း။


ပညတ်​တရား​သည် ဝိညာဉ်ရေး​နှင့်ဆိုင်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သို့ရာတွင် ငါ​သည် သွေးသား​ဇာတိ​၌​ရှိ​သူ​ဖြစ်​ပြီး အပြစ်​တရား​၏​လက်အောက်​တွင် ရောင်းစား​ခြင်း​ခံရ​သူ​ဖြစ်​၏​။


သင်​တို့​သည် ကြောက်ရွံ့​ခြင်း​သို့ တစ်ဖန်​ရောက်​စေ​သော ကျွန်​၏​ဝိညာဉ်​ကို​ခံယူ​ရရှိ​ကြ​သည်​မ​ဟုတ်​ဘဲ သားသမီး​အရာ​ကို​ပေး​သော​ဝိညာဉ်​တော်​ကို ခံယူ​ရရှိ​ကြ​၏။ ထို​ဝိညာဉ်​တော်​အားဖြင့် “အဗ္ဗ၊ အဖ”​ဟု ငါ​တို့​ခေါ်​ကြ​၏။


တစ်စုံတစ်ယောက်​သည် သင်​တို့​ကို ကျွန်​ပြု​သည်​ဖြစ်စေ၊ အခွင့်ကောင်း​ယူ​သည်​ဖြစ်စေ၊ လုယူ​သည်​ဖြစ်စေ၊ အထင်အမြင်သေး​သည်​ဖြစ်စေ၊ ပါး​ရိုက်​သည်​ဖြစ်စေ သင်​တို့​သည် သည်းခံ​ကြ​၏။


ဤသို့​ဆို​ရ​ခြင်းမှာ လျှို့ဝှက်​စွာ​ဝင်လာ​သော ညီအစ်ကို​အတုအယောင်​များ​ရှိ​ကြ​သောကြောင့်​ဖြစ်​၏။ ထို​သူ​တို့​သည် ငါ​တို့​ကို ကျွန်ခံ​စေ​လို​၍ ခရစ်တော်​ယေရှု​အားဖြင့် ငါ​တို့​ရရှိ​သော ငါ​တို့​၏​လွတ်လပ်​ခြင်း​ကို​စုံစမ်း​ရန် ဝင်ရောက်​လာ​ကြ​၏။


သို့ဖြစ်လျှင် ပညတ်​တရား​သည် အဘယ်ကြောင့်​ရှိ​ရ​သနည်း။ ၎င်း​သည် ကတိ​တော်​ကို​ခံရ​သော​အမျိုးအနွယ်​ပေါ်ထွန်း​သည်​အထိ ဖောက်ဖျက်​ကျူးလွန်​မှု​များ​ကြောင့် ဖြည့်စွက်​ထား​ခြင်း​ခံရ​ပြီး ကောင်းကင်​တမန်​များ​မှ​တစ်ဆင့် ကြားဝင်​စေ့စပ်​သူ​အားဖြင့် ပြဋ္ဌာန်း​ခြင်း​ခံရ​၏။


ဖခင်​သတ်မှတ်​သော​အချိန်​မ​ရောက်​မချင်း အိမ်မှု​ကိစ္စ​စီမံ​ကွပ်ကဲ​သူ​နှင့်​ဘဏ္ဍာစိုး​တို့​၏​လက်အောက်​၌ နေ​ရ​၏။


ဤ​အကြောင်းအရာ​တို့​သည် ပုံဆောင်​ချက်​များ​ဖြစ်​ကြ​၏။ အကြောင်းမူကား ထို​မိန်းမ​နှစ်​ဦး​သည် ပဋိညာဉ်​နှစ်​ပါး​ကို​ဆိုလို​၏။ တစ်​ပါး​သည် သိနာ​တောင်​မှ​ဖြစ်၍ ကျွန်​ကို​မွေးဖွား​၏။ ထို​သူ​သည် ဟာဂရ​ဖြစ်​၏။


ဟာဂရ​သည် အာရေဗျ​ပြည်​၌​ရှိ​သော သိနာ​တောင်​ကို​ဆိုလို​၍ လက်ရှိ​ဂျေရုဆလင်​မြို့​နှင့်​လည်း အလားတူ​၏။ အဘယ်ကြောင့်​ဆိုသော် ၎င်း​သည် မိမိ​၏​သားသမီး​တို့​နှင့်အတူ ကျွန်ခံ​နေ​ရ​၏။


သို့ဖြစ်၍ ညီအစ်ကို​တို့၊ ငါ​တို့​သည် ကျွန်​မ​၏​သားသမီး​များ​မ​ဟုတ်​ဘဲ လွတ်လပ်​သော​မိန်းမ​၏​သားသမီး​များ​ဖြစ်​ကြ​၏။


သို့သော် ဘုရားသခင်​ကို​မ​သိ​ခဲ့​စဉ်​က သင်​တို့​သည် ပင်ကို​အားဖြင့် ဘုရား​မ​ဟုတ်​သော​အရာ​များ​ထံ ကျွန်ခံ​ခဲ့​ကြ​၏။


ယခု​မူကား သင်​တို့​သည် ဘုရားသခင်​ကို​သိ​ကြ​၏။ တစ်နည်းဆိုရလျှင် ဘုရားသခင်​သည် သင်​တို့​ကို​သိ​တော်မူ​၏။ သို့ဖြစ်လျှင် အားနည်း​၍ ချမ်းသာ​မ​ပေး​နိုင်​သော​အခြေခံ​တရား​ဘက်​သို့ အဘယ်ကြောင့် ပြန်လှည့်​၍ ထို​အခြေခံ​တရား​ထံ အသစ်တစ်ဖန် ပြန်၍​ကျွန်ခံ​လို​ကြ​သနည်း။


သင်​တို့​သည် ခရစ်တော်​နှင့်အတူ​သေဆုံး​၍ လောက​၏​အခြေခံ​တရား​မှ ခွဲခွာ​ခဲ့​သည်​ဆိုလျှင် အဘယ်ကြောင့် လောက​၌​အသက်ရှင်​နေ​သကဲ့သို့


ခရစ်တော်​၏​တရား​၌​အခြေ​မ​ပြု​ဘဲ လောက​၏​အခြေခံ​တရား​နှင့် လူ​တို့​၏​ဓလေ့​ထုံးတမ်း​၌​အခြေပြု​သော အတွေးအခေါ်​ပညာ​နှင့် အနှစ်သာရ​ကင်းမဲ့​သော​လှည့်ဖြား​မှု​တို့​ဖြင့် မည်သူ​က​မျှ သင်​တို့​ကို​မ​လွှမ်းမိုး​မ​သိမ်းသွင်း​စေရန် သတိပြု​ကြ​လော့။


အမှန်စင်စစ် သင်​တို့​သည် အချိန်​ကာလ​အရ ဆရာ​များ​ဖြစ်​သင့်​ပြီ​ဖြစ်​သော်လည်း ဘုရားသခင်​၏​နှုတ်ကပတ်​တရား​တော်​၏​အခြေခံ​ကို တစ်စုံတစ်ယောက်​က သင်​တို့​အား အစ​မှ​ပြန်​သင်ပေး​ရန်​လိုအပ်​နေ​၏။ သင်​တို့​၌​လိုအပ်​သည်​မှာ မာ​သော​အစာ​မ​ဟုတ်​ဘဲ နို့ရည်​သာ​ဖြစ်​၏။


ထို​အရှင်​သည် သွေးသား​ဇာတိ​နှင့်ဆိုင်သော​ညွှန်ကြား​ချက်​ဖြစ်​သည့် ပညတ်​တရား​အားဖြင့်​မ​ဟုတ်​ဘဲ မ​ပျက်စီး​နိုင်​သော​အသက်​နှင့်ဆိုင်သည့်​တန်ခိုး​တော်​အားဖြင့် ထာဝရ​ယဇ်ပုရောဟိတ်​ဖြစ်လာ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ