Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဂ​လာ​တိ 4:2 - Common Language Bible

2 သူ​သည်​ဖ​ခင်​သတ်​မှတ်​ပေး​သည့်​အ​ချိန်​ကာ​လ​မ ရောက်​မီ အုပ်​ထိန်း​သူ​များ​နှင့်​မိ​မိ​၏​အ​မှု​ကိစ္စ အ​ဝ​ဝ​ကို​စီ​မံ​အုပ်​ချုပ်​သူ​များ​၏​လက်​အောက် တွင်​နေ​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 အ ဘ ချိန်း ချက် သည် ကာ လ မ တိုင် မ ချင်း အ မွေ ထိန်း၊ ဘ ဏ္ဍာ ထိန်း များ လက် အောက် တွင် ရှိ နေ ရ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 အ​ဘ​စီ​ရင်​နှင့်​သော အ​ချိန်​ကာ​လ မ​ရောက်​မီ​တိုင်​အောင် အ​စောင့်​အ​ထိန်း အ​အုပ်​အ​ချုပ်​တို့ လက်၌ ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ဖခင်​သတ်မှတ်​သော​အချိန်​မ​ရောက်​မချင်း အိမ်မှု​ကိစ္စ​စီမံ​ကွပ်ကဲ​သူ​နှင့်​ဘဏ္ဍာစိုး​တို့​၏​လက်အောက်​၌ နေ​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 အမွေခံ​သည် ဖခင်​သတ်မှတ်သော​အချိန်​မရောက်မချင်း အုပ်ထိန်းသူများ​နှင့် မိမိ​၏​စည်းစိမ်ဥစ္စာ​ကို စီမံခန့်ခွဲသူများ​၏ လက်အောက်​တွင် နေရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂ​လာ​တိ 4:2
7 ပူးပေါင်းရင်းမြစ်များ  

``ထို​နောက်​ကာ​လ​အ​တန်​ကြာ​သော​အ​ခါ သူ​သည်​အီ​ဂျစ်​ပြည်​သို့​ပြန်​လည်​ချဉ်း​နင်း ဝင်​ရောက်​လာ​လိမ့်​မည်။ သို့​ရာ​တွင်​ယ​ခု​တစ် ကြိမ်​၌​အ​ခြေ​အ​နေ​ပြောင်း​လဲ​သွား​လိမ့် မည်။-


ထို​အ​မှု​အ​ရာ​များ​အ​မှန်​ဖြစ်​ပေါ်​မည့်​အ​ချိန်​မ​ရောက်​သေး။ သို့​ရာ​တွင်​ငါ​ပြ​သော​အ​ရာ​များ​အ​မှန်​ဖြစ်​ပေါ်​သော​အ​ချိန်​သည်​လျင်​မြန်​စွာ​ကျ​ရောက်​လာ​လိမ့်​မည်။ ထို​အ​ချိန်​သည်​အ​လာ​နှေး​သည်​ဟု​ထင်​မှတ်​ရ​သော်​လည်း ဧ​ကန်​မု​ချ​ရောက်​လာ​မည်​သာ​ဖြစ်​၍​စောင့်​မျှော်​၍​နေ​လော့။ ကြန့်​ကြာ​တော့​မည်​မ​ဟုတ်။-


သင်​တို့​သည်​ငါ​၌​တည်​နေ​၍​ငါ​၏​တ​ရား သည်​လည်း​သင်​တို့​၌​တည်​နေ​လျှင် သင်​တို့ တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့​ကို​ရ​ရှိ ကြ​လိမ့်​မည်။-


သင်​တို့​သည်​ခ​ရစ်​တော်​ကို​လက်​ခံ​ပြီး​နောက် သင်​တို့​အား​သွန်​သင်​မည့်​ဆ​ရာ​ထောင်​ပေါင်း များ​စွာ​ရှိ​သော်​လည်း ဖ​ခင်​ကား​တစ်​ဦး​တည်း သာ​ရှိ​ပေ​သည်။ ငါ​သည်​သ​တင်း​ကောင်း​ကို ကြေ​ညာ​ခြင်း​အား​ဖြင့် သင်​တို့​အား​ခ​ရစ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​သည့်​မွေး သ​ဖ​ခင်​ဖြစ်​လာ​၏။-


ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​နိုင်​ကြ​စေ​ရန် ပ​ညတ်​တ​ရား သည်​ခ​ရစ်​တော်​ကြွ​လာ​ချိန်​တိုင်​အောင်​ငါ​တို့​၏ အ​ထိန်း​ဖြစ်​၏။-


ဆက်​လက်​၍​ဖော်​ပြ​ပါ​မည်။ လူ​တစ်​ဦး​တစ်​ယောက် ၏​သား​သည်​အ​ဖ​၏​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​အ​မွေ ခံ​ထိုက်​သ​ဖြင့် အ​မှန်​ပင်​ပိုင်​ဆိုင်​သူ​ဖြစ်​သော်​လည်း အ​ရွယ်​မ​ရောက်​မီ​ကာ​လ​အ​တွင်း​၌​ကျွန်​တစ် ယောက်​ကဲ့​သို့​နေ​ရ​၏။-


ထို​နည်း​တူ​စွာ​ငါ​တို့​သည်​လည်း​ဝိ​ညာဉ်​ရေး​မ ရင့်​ကျက်​မီ​အ​ခါ​က လော​က​စ​ကြ​ဝ​ဠာ​ကို အုပ်​စိုး​သော​ဝိ​ညာဉ်​များ​၏​ကျွန်​ဖြစ်​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ