မြေကြီးသည် မိမိနှုတ်ကိုဟ၍ သင်၏လက်မှ သင့်ညီ၏အသွေးကိုခံယူပြီဖြစ်သောကြောင့် သင်သည် မြေကြီး၏ကျိန်ခြင်းကို ယခုခံရပြီ။
ဂလာတိ 3:10 - မြန်မာ့စံမီသမ္မာကျမ်း “ပညတ်တရားကျမ်း၌ ရေးထားသမျှသောအရာတို့ကို အမြဲမကျင့်သုံးသောသူတိုင်းသည် ကျိန်ခြင်းကိုခံရ၏”ဟု ရေးထားသည်ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် ကျိန်ခြင်းအောက်၌ရှိကြ၏။ Common Language Bible ပညတ်တရားစောင့်ထိန်းမှုကိုအားကိုးသော သူတို့မူကား ကျိန်စာသင့်လျက်ရှိကြ၏။ ကျမ်း စာတော်က ``ပညတ်တရားတွင်ပါရှိသည့် ပြဋ္ဌာန်းချက်မှန်သမျှကိုမစောင့်ထိန်းသူ သည် ဘုရားသခင်၏ကျိန်စာသင့်စေ'' ဟု ဖော်ပြပေသည်။- Garrad Bible ပ ညတ် တ ရား အ လိုက် ကျင့် ခြင်း ကို တံ ကဲ ပြု သ မျှ တို့ မူ ကား ပ ည တ္တိ ကျမ်း ချက် ဟူ သ မျှ ကို မ လိုက် နာ။ မ တည် ကြည် သူ တိုင်း အ မင်္ဂ လာ ရှိ သည် ဟူ သော ကျမ်း ချက် အ ရ အ မင်္ဂ လာ အောက် ရောက် နေ ကြ ပြီ။ Judson Bible ပညတ်တရား၏အကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် အကျိန်နှင့် စပ်ဆိုင်ကြ၏။ အကြောင်းမူကား၊ ပညတ္တိကျမ်းစာ၌ပါသမျှသော စကားတို့ကို အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာလာ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းစာတွင် “ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက်” ဟူ၍ ရေးသားထား၏။ ထို့ကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက် ပညတ်တရားကို လိုက်နာခြင်းကို အားကိုးသော သူတို့သည် ကျိန်ဆိုခြင်းကိုခံရ၏။ |
မြေကြီးသည် မိမိနှုတ်ကိုဟ၍ သင်၏လက်မှ သင့်ညီ၏အသွေးကိုခံယူပြီဖြစ်သောကြောင့် သင်သည် မြေကြီး၏ကျိန်ခြင်းကို ယခုခံရပြီ။
ထို့ကြောင့် သန့်ရှင်းရာဌာန၏အကြီးအကဲတို့ကို ငါရှုတ်ချမည်။ ယာကုပ်အမျိုးကို ကျိန်ခြင်းလက်သို့၊ အစ္စရေးလူမျိုးကို ကဲ့ရဲ့စော်ကားခြင်းလက်သို့ ငါအပ်မည်”ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက “ဤပဋိညာဉ်၌ပါရှိသောအချက်တို့ကို နားမထောင်သောသူသည် ကျိန်ခြင်းကိုခံရမည်။
သူတို့သည် ထိုပြည်ကို ဝင်ရောက်သိမ်းပိုက်ကြသော်လည်း စကားတော်ကိုနားမထောင်ကြ။ တရားတော်အတိုင်း မလိုက်လျှောက်ကြ။ ကိုယ်တော်မိန့်မှာသောအမှုတို့ကိုလည်း တစ်စုံတစ်ခုမျှမလုပ်ဆောင်ကြ။ သို့ဖြစ်၍ ကိုယ်တော်သည် ဤဘေးအန္တရာယ်အပေါင်းတို့ကို သူတို့အပေါ်သို့ ကျရောက်စေတော်မူပြီ။
‘ကြည့်ရှုလော့။ ဝိညာဉ်မှန်သမျှကို ငါပိုင်၏။ ဖခင်၏ဝိညာဉ်ကိုငါပိုင်သကဲ့သို့ သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ အပြစ်ပြုသောဝိညာဉ်သည် သေရမည်။
ထို့နောက် မင်းကြီးသည် လက်ဝဲတော်ဘက်၌ရှိသောသူတို့အားလည်း ‘ကျိန်ဆဲခြင်းခံရသောသူတို့၊ ငါ့ထံမှထွက်ခွာ၍ မာရ်နတ်နှင့်သူ၏စေတမန်များအတွက်ပြင်ဆင်ထားသော ထာဝရမီးထဲသို့ သွားကြလော့။
ပညတ်တရားသည် အမျက်တော်ကိုဖြစ်ပေါ်စေ၏။ သို့သော် ပညတ်တရားမရှိသောနေရာ၌ ဖောက်ဖျက်ကျူးလွန်မှုလည်းမရှိ။
အကြောင်းမှာ အပြစ်၏အခသည် သေခြင်းဖြစ်၏။ ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးမူကား ငါတို့၏သခင်ခရစ်တော်ယေရှုအားဖြင့် ထာဝရအသက်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သွေးသားဇာတိနှင့်ဆိုင်သောစိတ်သဘောသည် ဘုရားသခင်နှင့် ရန်ဘက်ဖြစ်၏။ အကြောင်းမူကား ထိုစိတ်သဘောသည် ဘုရားသခင်၏ပညတ်တရားကို နာခံခြင်းမရှိ။ အမှန်စင်စစ် နာခံ၍လည်းမရနိုင်။
ကျောက်ပြားပေါ်ရေးထွင်း၍ အက္ခရာတင်ထားသော သေခြင်းနှင့်ဆိုင်သည့် အမှုပင်လျှင် ဘုန်းအသရေဖြင့်ရောက်လာ၍ မောရှေ၏မျက်နှာမှထွက်သော မှေးမှိန်သွားသည့်ဘုန်းအသရေကြောင့် အစ္စရေးအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်နိုင်ခဲ့ကြသည်ဆိုလျှင်
သို့သော် လူသည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြောင်း သိကြသဖြင့် ငါတို့သည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရရန် ခရစ်တော်ယေရှုကို ယုံကြည်ကြ၏။ အကြောင်းမူကား ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့် မည်သူမျှ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။
‘ဤတရားစကားများကို မလိုက်နာ၊ မစောင့်ထိန်းသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
ထာဝရဘုရားသည် ထိုသူကို ခွင့်လွှတ်တော်မူမည်မဟုတ်။ အကယ်စင်စစ် ထာဝရဘုရား၏အမျက်တော်၊ သဝန်တိုစိတ်သည် ထိုသူကို တငွေ့ငွေ့လောင်ကျွမ်းမည်။ ဤကျမ်း၌ရေးသားထားသောကျိန်ခြင်းရှိသမျှတို့သည် သူ့အပေါ်သို့ ကျရောက်မည်။ ထာဝရဘုရားသည် သူ၏အမည်ကို မိုးကောင်းကင်အောက်မှ ပယ်ဖျက်တော်မူမည်။