ရောမ 4:15 - မြန်မာ့စံမီသမ္မာကျမ်း15 ပညတ်တရားသည် အမျက်တော်ကိုဖြစ်ပေါ်စေ၏။ သို့သော် ပညတ်တရားမရှိသောနေရာ၌ ဖောက်ဖျက်ကျူးလွန်မှုလည်းမရှိ။ အခန်းကိုကြည့်ပါ။Common Language Bible15 ပညတ်တရားသည်ဘုရားသခင်၏အမျက် တော်ကိုဖြစ်ပွားစေ၏။ သို့ရာတွင်တရား ဥပဒေမရှိလျှင်တရားဥပဒေကိုချိုး ဖောက်ခြင်းလည်းမရှိနိုင်။ အခန်းကိုကြည့်ပါ။Garrad Bible15 ပ ညတ် တ ရား မ ရှိ လျှင် လွန် ကျူး မှု မ ရှိ ဖြစ်၍ ပ ညတ် တ ရား အား ဖြင့် အ မျက် တော် ဒဏ် ဖြစ် ပွား ရ၏။ အခန်းကိုကြည့်ပါ။Judson Bible15 ပညတ်တရားသည်ကား အမျက်ဒေါသနှင့် စပ်ဆိုင်၏။ ပညတ်တရားမရှိလျှင်၊ လွန်ကျူးခြင်း အပြစ်မရှိ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း15 ပညတ်တရားကို မနာခံသောသူတို့သည် ပြစ်ဒဏ်ပေးခြင်းခံရ၏။ ပညတ်တရားမရှိလျှင်မူ ချိုးဖောက်စရာလည်း မရှိပေ။ အခန်းကိုကြည့်ပါ။ |
သူတို့၏ငွေကို လမ်းများပေါ်သို့ လွှင့်ပစ်ကြလိမ့်မည်။ ရွှေသည်လည်း မစင်ကြယ်သောအရာကဲ့သို့ ဖြစ်လိမ့်မည်။ ထာဝရဘုရား၏အမျက်တော်နေ့၌ သူတို့၏ရွှေငွေသည် သူတို့ကိုမကယ်တင်နိုင်ပါ။ ရွှေငွေတို့သည် သူတို့စိတ်အလိုကို ပြည့်စုံစေနိုင်မည်မဟုတ်။ ဝမ်းကို ဖြည့်ပေးနိုင်မည်မဟုတ်။ အကြောင်းမူကား ရွှေငွေသည် သူတို့ကို အပြစ်နွံထဲ လဲကျစေသောအကြောင်းရင်း ဖြစ်၏။
ပွဲတော်နေ့၌ လူတို့ကိုဖိတ်ခေါ်သကဲ့သို့ ကြောက်လန့်ဖွယ်ရာတို့ကို အဘက်ဘက်မှ ကိုယ်တော်ဖိတ်ခေါ်တော်မူပြီ။ ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌ လွတ်မြောက်သောသူ၊ အသက်ရှင်ကျန်ရစ်သောသူတစ်ယောက်မျှမရှိ။ အကျွန်ုပ်ချီပိုက်၍ကျွေးမွေးစောင့်ရှောက်သောသူတို့ကို ရန်သူတို့ အကုန်အစင်ဖျက်ဆီးလေပြီ။
“ငါနှင့်ပြည်သူပြည်သားတို့အတွက်သာမက ယုဒအမျိုးသားအပေါင်းတို့အတွက်ပါ ဤတွေ့ရှိထားသောကျမ်းပါစကားတော်များနှင့်ပတ်သက်ပြီး ထာဝရဘုရားထံ သွား၍မေးမြန်းပေးကြလော့။ ငါတို့ဘိုးဘေးတို့သည် ဤကျမ်းပါစကားတော်အတိုင်း မလိုက်နာ၊ ငါတို့နှင့်ပတ်သက်ပြီး ရေးထားသမျှတို့ကို မပြုကျင့်ကြသောကြောင့် ထာဝရဘုရားသည် ငါတို့ကို ပြင်းစွာအမျက်ထွက်လေပြီ”ဟု မိန့်ဆို၏။