ဂလာတိ 2:20 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ငါအသက်ရှင်သည်မှာ ငါကိုယ်တိုင်မဟုတ်တော့ဘဲ ခရစ်တော်သည် ငါ၌အသက်ရှင်တော်မူ၏။ ယခု ကိုယ်ကာယ၌ ငါအသက်ရှင်သည်မှာ ငါ့ကိုချစ်၍ ငါ့အတွက် မိမိကိုယ်ကိုစွန့်တော်မူသော ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်းဖြစ်၏။ Common Language Bible သို့ဖြစ်၍ငါသည်အသက်မရှင်တော့ဘဲခရစ် တော်သာလျှင်ငါ၌ရှင်တော်မူ၏။ ယခုငါ၌ ရှိသောအသက်သည်ဘုရားသခင်၏သား တော်ကိုယုံကြည်ခြင်းအားဖြင့်ရှင်သန်လျက် နေသောအသက်ဖြစ်၏။ သားတော်သည်ငါ့ကို ချစ်တော်မူသဖြင့်ငါ၏အတွက်မိမိ အသက်ကိုစွန့်တော်မူ၏။- Garrad Bible ခ ရစ် တော် နှင့် အ တူ ကား တင် ခံ ပြီး ဖြစ် လျက် ငါ့ ကိုယ် တိုင် အ သက် ရှင် တော့ မည် မ ဟုတ်။ ငါ၌ ခ ရစ် တော် ရှင် နေ တော် မူ၏။ ရုပ် ခ န္ဓာ၌ ယ ခု ငါ ရှင် သည် မှာ ငါ့ အား ချစ်၍ ငါ့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် ခြင်း ကြောင့် ရှင်၏။ Judson Bible ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင်သော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် တည်၏။ သားတော်သည် ငါ့ကိုချစ်၍ ငါ့အဖို့ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ သတ်ခြင်းခံရပြီ။ သို့ဖြစ်၍ ကျွန်ုပ်သည် အသက်မရှင်တော့ဘဲ ခရစ်တော်သာလျှင် ကျွန်ုပ်ထဲ၌ အသက်ရှင်တော်မူ၏။ ယခုကိုယ်ခန္ဓာ၌ ကျွန်ုပ်အသက်ရှင်သည်မှာ ကျွန်ုပ်ကို ချစ်၍ ကျွန်ုပ်အတွက် အသက်ပေးတော်မူသော ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း ဖြစ်၏။ |
ထိုအခါ ဖြားယောင်းသွေးဆောင်သောသူသည် ချဉ်းကပ်လာ၍ “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေရန် အမိန့်ရှိပါ”ဟု လျှောက်လေ၏။
နာသနေလက “ရဗ္ဗိ၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ပါသည်။ အစ္စရေးဘုရင်လည်းဖြစ်ပါသည်”ဟု လျှောက်လေ၏။
ငါသည် ကောင်းမြတ်သောသိုးထိန်းဖြစ်၏။ ကောင်းမြတ်သောသိုးထိန်းသည် သိုးတို့အတွက် မိမိအသက်ကိုစွန့်တတ်၏။
မိမိ၏မိတ်ဆွေများအတွက် ကိုယ့်အသက်ကိုစွန့်ခြင်းထက် ပို၍မြတ်သောချစ်ခြင်းမေတ္တာသည် မည်သူ၌မျှမရှိ။
အို အဖ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည် ကိုယ်တော်၌ရှိသကဲ့သို့ ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်ကြလျက် သူတို့သည်လည်း အကျွန်ုပ်တို့၌ရှိကြမည့်အကြောင်း တောင်းလျှောက်ပါ၏။ ဤသည်ကား ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်း လောကီသားတို့ယုံကြည်ကြရန်အတွက်ဖြစ်၏။
ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ ဤသည်ကား သားတော်ကိုယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏။
ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ အရာခပ်သိမ်းတို့ကို သားတော်လက်သို့ပေးအပ်တော်မူပြီ။
အသက်ရှင်တော်မူသောခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ၍ ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်သကဲ့သို့ ငါ့ကိုစားသောသူသည်လည်း ငါ့အားဖြင့် အသက်ရှင်မည်။
ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်ကြောင်းကိုလည်း အကျွန်ုပ်တို့ယုံကြည်သိရှိကြပါ၏”ဟု လျှောက်လေ၏။
သူတို့သည် လမ်းအတိုင်း ခရီးဆက်သွားကြစဉ် ရေရှိရာအရပ်သို့ရောက်လာသဖြင့် မှူးမတ်က “ကြည့်ပါ။ ရေရှိသည်။ အကျွန်ုပ်ဗတ္တိဇံခံရန် တားဆီးသည့်အရာရှိပါသလော”ဟု ဆို၏။
ဝတ်ပြုစည်းဝေးကျောင်းများ၌ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ချက်ချင်းဟောပြောလေ၏။
အဘယ်ကြောင့်ဆိုသော် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း ယုံကြည်ခြင်းအပေါ်အခြေခံလျက် ယုံကြည်ခြင်းသို့ပို့ဆောင်သည့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ဤကောင်းမြတ်သောသတင်း၌ထင်ရှားလျက်ရှိ၏။
ငါတို့တွင် ကိုယ့်အတွက်အသက်ရှင်သောသူ တစ်ယောက်မျှမရှိ။ ကိုယ့်အတွက်သေသောသူလည်း တစ်ယောက်မျှမရှိ။
၎င်းမှာ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ယုံကြည်သူအပေါင်းတို့အပေါ်သက်ရောက်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်၏။ ဤတွင် မည်သည့်ခြားနားမှုမျှမရှိ။
သခင်ယေရှုသည် ငါတို့ကျူးလွန်သောအပြစ်များအတွက် အပ်နှံခြင်းကိုခံရပြီး ငါတို့ဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခြင်းခံရရန်အတွက် ထမြောက်တော်မူ၏။
ယခု ငါတို့ရပ်တည်နေသော ဤကျေးဇူးတော်ထဲသို့ ယုံကြည်ခြင်းကြောင့် ခရစ်တော်အားဖြင့် တိုးဝင်ခွင့်ကိုလည်း ငါတို့ရရှိကြသည်ဖြစ်၍ ဘုရားသခင်၏ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်း၌ ဂုဏ်ယူဝမ်းမြောက်ကြ၏။
ငါတို့အားနည်းလျက်ရှိနေကြစဉ် ခရစ်တော်သည် အချိန်တန်သည်နှင့် ဘုရားတရားမဲ့သောသူများအတွက် အသေခံတော်မူ၏။
သို့သော် ငါတို့သည် အပြစ်သားများဖြစ်ကြစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်သည် ငါတို့အပေါ်ထားရှိသော မိမိ၏ချစ်ခြင်းမေတ္တာတော်ကို ထင်ရှားစေတော်မူ၏။
သင်တို့၏ကိုယ်အင်္ဂါများကိုလည်း မတရားမှု၏လက်နက်များအဖြစ် အပြစ်အား မဆက်သကြနှင့်။ ထိုသို့ပြုမည့်အစား သေသောသူတို့ထဲမှ အသက်ရှင်လာသူကဲ့သို့ မိမိကိုယ်ကို ဘုရားသခင်အား ဆက်သ၍ သင်တို့၏ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏လက်နက်များအဖြစ် ဘုရားသခင်အား ဆက်သကြလော့။
ငါတို့သည် ခရစ်တော်နှင့်အတူသေလျှင် ကိုယ်တော်နှင့်အတူအသက်ရှင်မည်ဟူ၍လည်း ယုံကြည်ကြ၏။
သို့ရာတွင် ခရစ်တော်သည် သင်တို့အထဲ၌ရှိတော်မူလျှင် ကိုယ်ခန္ဓာသည် အပြစ်ကြောင့် သေနေသော်လည်း ဝိညာဉ်သည် ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏။
သို့သော် ငါတို့သည် ငါတို့ကိုချစ်တော်မူသောအရှင်အားဖြင့် ထိုအမှုခပ်သိမ်းတို့ကိုခံရစဉ်၌ပင် လုံးလုံးလျားလျားအောင်မြင်လျက်ရှိကြ၏။
သို့သော် သခင်ဘုရားနှင့်ပေါင်းဖော်သောသူသည် သခင်ဘုရားနှင့်တစ်စိတ်တစ်ဝိညာဉ်တည်းဖြစ်၏။
ငါတို့သည် သင်တို့၏ယုံကြည်ခြင်းကို ချုပ်ကိုင်ထားကြသည်မဟုတ်။ သင်တို့၏ဝမ်းမြောက်ခြင်းအတွက် သင်တို့နှင့်အတူလုပ်ဆောင်သောသူများသာဖြစ်ကြ၏။ အကြောင်းမူကား သင်တို့သည် ယုံကြည်ခြင်းဖြင့် ရပ်တည်ကြပြီဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ငါတို့သည် သွေးသားဇာတိ၌ အသက်ရှင်လျှောက်လှမ်းကြသည်မှန်သော်လည်း သွေးသားဇာတိအလိုသို့လိုက်၍ တိုက်ပွဲဝင်ကြသည်မဟုတ်။
ခရစ်တော်၏သမ္မာတရားသည် ငါ၌ရှိသည်နှင့်အညီ ငါ၌ရှိသည့် ဤဂုဏ်ယူဝါကြွားခြင်းကို အခါယပြည်တစ်လျှောက်၌ မည်သူမျှ ပိတ်ပင်၍ရမည်မဟုတ်။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် ငါ့အားဖြင့်မြွက်ဆိုနေသည်ဟူသောသက်သေသာဓကကို သင်တို့တွေ့မြင်လိုကြသောကြောင့်ဖြစ်၏။ ကိုယ်တော်သည် သင်တို့တွင်အားနည်းတော်မမူ။ သင်တို့အထဲ၌ တန်ခိုးနှင့်ပြည့်စုံတော်မူ၏။
သင်တို့သည် ယုံကြည်ခြင်း၌တည်နေခြင်းရှိ၊ မရှိ မိမိကိုယ်ကိုစမ်းသပ်ကြလော့။ မိမိကိုယ်ကိုစစ်ဆေးကြလော့။ သင်တို့အထဲ၌ ယေရှုခရစ်တော်ရှိကြောင်း သင်တို့ကိုယ်တိုင်မသိကြသလော၊ သို့မဟုတ် သင်တို့သည် စုံစမ်းစစ်ဆေးခြင်း၌ကျရှုံးသောသူများဖြစ်လေပြီလော။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုလွှမ်းမိုးလျက်ရှိ၏။ ငါတို့သည် ဤသို့ယူဆကြ၏။ တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက် အသေခံသည်ဖြစ်၍ လူအပေါင်းတို့သည် သေဆုံးခဲ့ကြပြီ။
ထိုသို့ လူအပေါင်းတို့အတွက် ကိုယ်တော်အသေခံတော်မူခြင်းမှာ အသက်ရှင်သောသူတို့သည် မိမိတို့အတွက် အသက်မရှင်တော့ဘဲ သူတို့အတွက်အသေခံတော်မူပြီး ထမြောက်တော်မူသောအရှင်အတွက် အသက်ရှင်ကြရန်ဖြစ်၏။
အကြောင်းမူကား ငါတို့သည် အမြင်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လျှောက်လှမ်းကြ၏။
ထိုသခင်သည် ငါတို့အဖဖြစ်တော်မူသောဘုရားသခင်၏အလိုတော်နှင့်အညီ ဆိုးညစ်သောမျက်မှောက်ကာလမှ ငါတို့ကိုကယ်နုတ်ရန် ငါတို့၏အပြစ်အတွက် မိမိကိုယ်ကိုပေးအပ်တော်မူ၏။
သို့သော် လူသည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြောင်း သိကြသဖြင့် ငါတို့သည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရရန် ခရစ်တော်ယေရှုကို ယုံကြည်ကြ၏။ အကြောင်းမူကား ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့် မည်သူမျှ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။
“ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်မည်”ဖြစ်သောကြောင့် ပညတ်တရားအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်ကြောင်း သိသာထင်ရှား၏။
ခရစ်တော်ယေရှုနှင့်ဆိုင်သောသူတို့သည် သွေးသားဇာတိကို ၎င်း၏စိတ်ပြင်းပြမှုများ၊ တပ်မက်မှုများနှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားကြပြီ။
ငါ့အတွက်မူကား ငါတို့သခင်ယေရှုခရစ်တော်၏လက်ဝါးကပ်တိုင်၌ ဝါကြွားခြင်းမှတစ်ပါး အခြားဝါကြွားစရာမရှိ။ ငါ့အနေဖြင့် လောကသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရ၍ လောကအနေဖြင့်လည်း ငါသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရလေပြီ။
ယုံကြည်ခြင်းအားဖြင့် သင်တို့စိတ်နှလုံးထဲ၌ ခရစ်တော်သည် ကိန်းဝပ်တော်မူမည့်အကြောင်းနှင့် သင်တို့သည် မေတ္တာတော်၌ အမြစ်တွယ်၍အုတ်မြစ်ချထားကာ
ခရစ်တော်သည် ငါတို့ကိုချစ်တော်မူ၍ ငါတို့အတွက် မိမိကိုယ်ကို ပူဇော်သက္ကာနှင့်ယဇ်တည်းဟူသော မွှေးကြိုင်သည့်ရနံ့အဖြစ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံတော်မူသည့်နည်းတူ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းကြလော့။
ခင်ပွန်းသည်တို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်၍ အသင်းတော်အတွက် မိမိကိုယ်ကိုစွန့်တော်မူသည့်နည်းတူ ဇနီးသည်ကို ချစ်ကြလော့။
အကြောင်းမူကား ငါ့အနေဖြင့် အသက်ရှင်ခြင်းသည် ခရစ်တော်ဖြစ်၏။ သေခြင်းသည်လည်း အကျိုးကျေးဇူးဖြစ်၏။
ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောအရှင်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။
ဤလျှို့ဝှက်နက်နဲသောအရာသည် လူမျိုးခြားတို့တွင် ဘုန်းအသရေနှင့်မည်မျှကြွယ်ဝသည်ကို သန့်ရှင်းသူတို့အားသိစေရန် ဘုရားသခင်အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာမှာ ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်းဖြစ်သည့် သင်တို့ထဲ၌ရှိတော်မူသောခရစ်တော်ဖြစ်၏။
ကျရောက်လာမည့်အမျက်တော်မှ ငါတို့ကိုကယ်နုတ်တော်မူသည့် ယေရှုတည်းဟူသော သေသောသူတို့ထဲမှ ဘုရားသခင်ထမြောက်စေတော်မူသောသားတော်သည် ကောင်းကင်ဘုံမှကြွလာတော်မူမည်ကို စောင့်မျှော်ရန် သင်တို့သည် ရုပ်တုများကိုစွန့်၍ ဘုရားသခင်ထံ မည်ကဲ့သို့ပြောင်းလဲလာကြသည်ကိုလည်းကောင်း သူတို့ကိုယ်တိုင်ပြောကြားကြ၏။
ငါတို့သည် နိုးနေသည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ ကိုယ်တော်နှင့်အတူ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် ငါတို့အတွက် အသေခံတော်မူ၏။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
ယဇ်ပုရောဟိတ်မင်းအားလုံးသည် ပူဇော်သက္ကာနှင့်ယဇ်တို့ကိုပူဇော်ရန် ခန့်ထားခြင်းခံရသည်ဖြစ်၍ ဤယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာတစ်စုံတစ်ခုရှိရန်လိုအပ်၏။
သင်တို့သည် ထိုသခင်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ထိုသခင်ကို ယခုမမြင်သော်လည်း ယုံကြည်ကြပြီး ပြော၍မမီနိုင်သောဝမ်းမြောက်ခြင်းဖြင့် ရွှင်မြူးလျက် ဘုန်းတော်ကိုချီးမွမ်းကြ၏။
သို့သော် ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည်လည်း အလင်း၌အသက်ရှင်လျှောက်လှမ်းကြလျှင် ငါတို့အချင်းချင်း၌ မိတ်သဟာယဖွဲ့ခြင်းရှိ၍ ဘုရားသခင်၏သားတော်ယေရှု၏သွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။
ခမည်းတော်သည် သားတော်ကို လောက၏ကယ်တင်ရှင်အဖြစ် စေလွှတ်တော်မူခဲ့သည်ကို ငါတို့မြင်၍ သက်သေခံကြ၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကိုသိရှိနိုင်သည့် အသိဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ ထို့ကြောင့် ငါတို့သည် စစ်မှန်သောဘုရားသခင်၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၌လည်းကောင်း ရှိကြ၏။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏။
သစ္စာရှိသောသက်သေ၊ သေသောသူတို့ထဲမှ အဦးဆုံးဖွားမြင်လာသူ၊ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့ကိုအုပ်ချုပ်သူ ဖြစ်တော်မူသော ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်တော်မူ၍ မိမိ၏သွေးတော်အားဖြင့် ငါတို့အပြစ်များမှ ငါတို့ကိုဖြေလွှတ်ကာ
ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ မည်သူမဆို ငါ့အသံကိုကြား၍ တံခါးကိုဖွင့်လျှင် ထိုသူရှိရာသို့ ငါဝင်ပြီး သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစားသောက်ရလိမ့်မည်။