ရုဗင်က သူတို့အား “ ‘သူငယ်ကို မပြစ်မှားပါနှင့်’ဟု သင်တို့ကိုငါပြောခဲ့သည်မဟုတ်လော။ သို့သော် သင်တို့နားမထောင်ကြ။ ငါတို့သည် ယခု သူ၏သွေးကြွေးအတောင်းခံရလေပြီ”ဟု ပြန်ပြော၏။
ကမ္ဘာဦး 9:5 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် သင်တို့၏အသက်သွေးကြွေးကို ငါပြန်တောင်းမည်။ တောရိုင်းတိရစ္ဆာန်ဖြစ်လျှင်လည်း ၎င်းတို့၏အသက်ကိုငါပြန်တောင်းမည်။ လူအချင်းချင်းဖြစ်လျှင်လည်း ထိုလူ၏အသက်ကို ငါပြန်တောင်းမည်။ Common Language Bible လူ့အသက်ကိုသတ်သောသူအားဒဏ်ခံစေမည်။ လူကိုသတ်သောတိရစ္ဆာန်အားငါသည်သေဒဏ်ခံစေမည်။- Garrad Bible ၎င်း ပြင် သင် တို့၏ ကိုယ် စီ ကိုယ် စီ အ သွေး ကို တိ ရ စ္ဆာန် မှ သော် လည်း ကောင်း၊ လူ မှ သော် လည်း ကောင်း၊ ငါ တောင်း ယူ မည်။ လူ ဖော် ချင်း မှ လည်း၊ လူ ၏ အ သက် ကို ငါ တောင်း ယူ မည်။ Judson Bible အကယ်၍ သင်တို့အသက်တည်းဟူသော၊ သင်တို့အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်းတို့၌ ငါတောင်းမည်။ ခပ်သိမ်းသောလူတို့၏ညီအစ်ကို၌၊ လူ၏အသက်ကို ငါတောင်းမည်။ |
ရုဗင်က သူတို့အား “ ‘သူငယ်ကို မပြစ်မှားပါနှင့်’ဟု သင်တို့ကိုငါပြောခဲ့သည်မဟုတ်လော။ သို့သော် သင်တို့နားမထောင်ကြ။ ငါတို့သည် ယခု သူ၏သွေးကြွေးအတောင်းခံရလေပြီ”ဟု ပြန်ပြော၏။
အပြစ်မဲ့သူကို သူ့အိမ်၊ သူ့အိပ်ရာပေါ်အထိ လာသတ်သောလူဆိုးတို့ကို ထိုထက်မက ပြုသင့်သည်မဟုတ်လော။ ယခုမှာ ငါသည် သူ့သွေးကြွေးကို သင်တို့ထံမှတောင်း၍ သင်တို့ကို မြေကြီးပေါ်မှ ဖယ်ရှားပစ်သင့်သည် မဟုတ်လော”ဟု ဆိုပြီးလျှင်
သို့ဖြစ်၍ သင် ဉာဏ်ပညာရှိသည့်အတိုင်း စီရင်လော့။ ဆံပင်ဖြူသောသူ့ကို မရဏာနိုင်ငံသို့ ငြိမ်ဝပ်စွာ သွားခွင့်မပေးပါနှင့်။
အာခဇိမင်းကြီး၏မယ်တော်အာသလိသည် မိမိ၏သားတော်အနိစ္စရောက်သည်ကို သိမြင်သည်နှင့်ထ၍ တော်ဝင်မင်းမျိုးမင်းနွယ်အားလုံးကို သုတ်သင်ပစ်လေ၏။
ယောရှမင်းကြီးသည် ဇာခရိ၏ဖခင်ယောယဒပြခဲ့သောမေတ္တာကရုဏာကိုပင် မအောက်မေ့ဘဲ သားဖြစ်သူကိုသတ်လေ၏။ ဇာခရိသည် သေလုဆဲဆဲတွင် “ထာဝရဘုရားသည် ဤအမှုကို မြင်၍စီရင်တော်မူပါစေ”ဟု ဆို၏။
အာမုန်မင်းကြီး၏အမှုထမ်းတို့သည်လည်း လျှို့ဝှက်ကြံစည်ကြပြီး သူ့ကို နန်းတွင်း၌ပင် ကွပ်မျက်ကြလေ၏။
ထိုအခါ ပြည်သူပြည်သားတို့သည် အာမုန်မင်းကြီးအား လုပ်ကြံခဲ့သူအားလုံးကို ပြန်သတ်ပြီး ထိုပြည်သူပြည်သားတို့ကပင် မင်းကြီး၏သားတော်ယောရှိအား ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေ၏။
အကြောင်းမူကား သွေးကြွေးပြန်တောင်းတတ်သော ကိုယ်တော်သည် ထိုသူတို့ကိုအောက်မေ့တော်မူ၏။ ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏ အော်ဟစ်တောင်းလျှောက်သံကို မေ့လျော့တော်မမူပါ။
သင်၏လူမျိုးတို့တွင် လှည့်လည်၍ သူတစ်ပါးအသရေပျက်အောင် မပြောရ။ သင်၏အိမ်နီးချင်းကို အသက်အန္တရာယ်ဖြစ်အောင် မပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။
သူတစ်ပါး၏တိရစ္ဆာန်ကိုသတ်သောသူသည် အလျော်ပြန်ပေးရမည်။ လူကိုသတ်သောသူမူကား ပြန်၍အသတ်ခံရမည်။
သံထည်ပစ္စည်းဖြင့် ရိုက်၍လူသေသွားလျှင် ရိုက်သောသူသည် လူသတ်သောသူဖြစ်၏။ လူသတ်သောသူသည် မုချအသတ်ခံရမည်။
သေစေနိုင်သောကျောက်တုံးဖြင့် ထု၍လူသေသွားလျှင် ထုသောသူသည် လူသတ်သောသူဖြစ်၏။ လူသတ်သောသူသည် မုချအသတ်ခံရမည်။
သေစေနိုင်သောသစ်သားတုတ်ဖြင့် ရိုက်၍လူသေသွားလျှင် ရိုက်သောသူသည် လူသတ်သောသူဖြစ်၏။ လူသတ်သောသူသည် မုချအသတ်ခံရမည်။
ရန်ငြိုးထား၍ လက်သီးနှင့်ထိုးသဖြင့် လူသေသွားလျှင်လည်းကောင်း ထိုသို့ပြုသောသူသည် မုချအသတ်ခံရမည်။ ထိုသူသည် လူသတ်သောသူဖြစ်၏။ သွေးကြွေးအတွက်လက်စားချေပေးသောသူသည် လူသတ်သောသူကို တွေ့လျှင် သတ်ရမည်။
သို့ဖြစ်၍ ဖြောင့်မတ်သောသူ အာဗေလ၏သွေးမှစ၍ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကြားတွင် သင်တို့သတ်ခဲ့သော ဗာရခိ၏သား ဇာခရိ၏သွေးတိုင်အောင် မြေကြီးပေါ်၌ သွန်းလောင်းခြင်းခံရသည့် ဖြောင့်မတ်သောသူတို့၏သွေးကြွေးရှိသမျှသည် သင်တို့အပေါ်သို့ ကျရောက်လိမ့်မည်။
ကိုယ်တော်သည် လူတစ်ဦးတည်းမှ လူမျိုးအားလုံးကို ဖန်ဆင်း၍ ကမ္ဘာမြေပြင်အနှံ့တွင်နေထိုင်စေကာ အချိန်ကာလများနှင့် သူတို့နေထိုင်ရာနယ်နိမိတ်များကို ကြိုတင်ချမှတ်ပေးတော်မူ၏။
တစ်စုံတစ်ယောက်သည် မိမိအိမ်နီးချင်းကို မုန်းသောကြောင့် သူ့ကိုချောင်းမြောင်းတိုက်ခိုက်၍ အသေသတ်ပြီး ထိုမြို့တစ်မြို့မြို့သို့ ထွက်ပြေးသွားသော်
သူနေထိုင်သောမြို့မှ သက်ကြီးဝါကြီးတို့က လူလွှတ်၍ သူ့ကိုခေါ်ဆောင်လာစေပြီး သွေးကြွေးအတွက်လက်စားချေပေးသောသူ၏လက်သို့ အပ်ရမည်။ သူသည် အသတ်ခံရမည်။
အဘိမလက်သည် မိမိညီအစ်ကို အယောက်ခုနစ်ဆယ်ကို သတ်ခြင်းဖြင့် ဖခင်အပေါ် ပြုခဲ့သောမကောင်းမှုကြောင့် ဘုရားသခင်သည် သူ့အား ထိုသို့ပြန်ခံရစေတော်မူ၏။