၃ ရာ 2:6 - မြန်မာ့စံမီသမ္မာကျမ်း6 သို့ဖြစ်၍ သင် ဉာဏ်ပညာရှိသည့်အတိုင်း စီရင်လော့။ ဆံပင်ဖြူသောသူ့ကို မရဏာနိုင်ငံသို့ ငြိမ်ဝပ်စွာ သွားခွင့်မပေးပါနှင့်။ အခန်းကိုကြည့်ပါ။Common Language Bible6 သင်သည်မိမိပြုရမည့်အမှုကိုသိပေသည်။ သူ့အားသဘာဝအလျောက်မသေစေနှင့်။ အခန်းကိုကြည့်ပါ။Garrad Bible6 ပ ညာ ရှိ သည့် အ တိုင်း စီ ရင် ၍ ဆံ ဖြူ အို မင်း သော ထို သူ့ ကို မ ရ ဏာ့ နိုင် ငံ သို့ ငြိမ် သက် စွာ ဆင်း သွား ခွင့် မ ပေး နှင့်။ အခန်းကိုကြည့်ပါ။Judson Bible6 သင်၌ပညာရှိသည်အတိုင်း စီရင်လျက်၊ ဆံပင်ဖြူသော ထိုသူ၏ဦးခေါင်းကို မရဏနိုင်ငံသို့ ငြိမ်ဝပ်စွာမဆင်းစေနှင့်။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သင့်ဘိုးဘေးများရှိရာသို့ သင့်ကို ငါစုစည်းမည်။ သင်သည် သင့်သင်္ချိုင်းတွင် ငြိမ်ဝပ်စွာစုစည်းခြင်းခံရလိမ့်မည်။ ဤမြို့သို့ ငါကျရောက်စေမည့်ဘေးအန္တရာယ်တို့ကို သင်မြင်ရမည်မဟုတ်’ဟူ၍ ထာဝရဘုရားမိန့်တော်မူကြောင်းပြောကြားလော့”ဟု ဆို၏။ သူတို့သည်လည်း ပြန်သွား၍ ဤစကားတို့ကို ရှင်ဘုရင်ထံ လျှောက်တင်ကြ၏။
သို့သော် ယာကုပ်က “ငါ့သားသည် သင်တို့နှင့်အတူမသွားရ။ အကြောင်းမူကား သူ၏အစ်ကိုသေပြီ။ သူတစ်ယောက်တည်းကျန်၏။ အကယ်၍ သင်တို့သွားမည့်လမ်းခရီး၌ သူ့အပေါ်အန္တရာယ်ကျရောက်မည်ဆိုလျှင် သင်တို့သည် ဆံပင်ဖြူသူငါ့ကို ဝမ်းနည်းစွာဖြင့်မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်”ဟု ဆိုလေ၏။