ဘုရားသခင်သည် မိုးမျက်နှာကြက်ကို ဖန်ဆင်းတော်မူ၍ မိုးမျက်နှာကြက်အောက်၌ရှိသောရေနှင့် မိုးမျက်နှာကြက်အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူရာ ထိုအတိုင်းဖြစ်လေ၏။
ကမ္ဘာဦး 7:11 - မြန်မာ့စံမီသမ္မာကျမ်း နောဧအသက်ခြောက်ရာပြည့်သောနှစ်၊ ဒုတိယလ၊ တစ်ဆယ့်ခုနစ်ရက်နေ့၊ ထိုနေ့၌ ကြီးမားနက်ရှိုင်းရာအရပ်မှ ရေထွက်ပေါက်ရှိသမျှတို့ကို ဖွင့်ချ၍ မိုးကောင်းကင်ရေတံခါးများကို ဖွင့်တော်မူသဖြင့် Common Language Bible နောဧအသက်ခြောက်ရာပြည့်သောနှစ်၊ ဒုတိယ လတစ်ဆယ့်ခုနစ်ရက်နေ့၌သမုဒ္ဒရာစမ်းပေါက် တို့ပွင့်လေ၏။ မိုးကောင်းကင်ရေတံခါးအားလုံး တို့လည်းပွင့်သဖြင့်၊- Garrad Bible နော ဧ အ သက် ခြောက် ရာ စေ့ သော နှစ်၊ ဒု တိ ယ လ၊ ဆယ့် ခု နစ် ရက် တွင် မ ဟာ ရေ ထု စမ်း၀ ရှိ သ မျှ ပေါက် ထွက် သည့် ပြင် မိုး ကောင်း ကင် ပြွန်၀ များ ပွင့် သ ဖြင့်၊ Judson Bible နောဧအသက်ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကိုပယ်ရှင်း၍၊ မိုးကောင်းကင်ပြွန်၀များကို ဖွင့်သဖြင့်၊ |
ဘုရားသခင်သည် မိုးမျက်နှာကြက်ကို ဖန်ဆင်းတော်မူ၍ မိုးမျက်နှာကြက်အောက်၌ရှိသောရေနှင့် မိုးမျက်နှာကြက်အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူရာ ထိုအတိုင်းဖြစ်လေ၏။
ကြည့်ရှုလော့။ သက်ရှိသတ္တဝါအပေါင်းတို့ကို ကောင်းကင်အောက်မှ ဖျက်ဆီးရန် ငါကိုယ်တိုင် မြေကြီးပေါ်တွင် ရေလွှမ်းမိုးမှုဖြစ်စေမည်။ မြေကြီးပေါ်မှာရှိသမျှတို့သည် သေကြရမည်။
နက်ရှိုင်းရာအရပ်မှရေထွက်ပေါက်များနှင့် မိုးကောင်းကင်ရေတံခါးများကိုပိတ်၍ ကောင်းကင်မှမိုးကိုလည်း စဲစေတော်မူ၏။
ထိုစဉ်က တပ်မှူးသည် ဘုရားသခင်၏လူအား “ထာဝရဘုရားက မိုးကောင်းကင်ပြတင်းပေါက်များကို ဖွင့်ပေးမည်ဆိုလျှင်ပင် ဤသို့ဖြစ်နိုင်မည်လော”ဟု ဆိုလျှင် ဧလိရှဲက သူ့အား “သင်သည် ထိုအရာတို့ကို ကိုယ့်မျက်စိနှင့်မြင်ရုံမျှသာမြင်ရမည်။ စားရမည်မဟုတ်”ဟု ပြန်ပြောခဲ့၏။
ထိုအခါ ဘုရင့်လက်ရုံးဖြစ်သူ တပ်မှူးက ဘုရားသခင်၏လူအား “ထာဝရဘုရားက မိုးကောင်းကင်ပြတင်းပေါက်များကို ဖွင့်ပေးမည်ဆိုလျှင်ပင် ဤသို့ဖြစ်နိုင်မည်လော”ဟု ဆိုလျှင် ဧလိရှဲက သူ့အား “သင်သည် ထိုအရာတို့ကို ကိုယ့်မျက်စိနှင့်မြင်ရုံမျှသာမြင်ရမည်။ စားရမည်မဟုတ်”ဟု ပြန်ပြောလေ၏။
ရေကိုတားတော်မူလျှင် ခန်းခြောက်သွားတတ်၏။ ရေကိုလွှတ်ပေးလိုက်လျှင် မြေကြီးကို လွှမ်းမိုးသွားတတ်၏။
လူသူမရောက်မပေါက်နိုင်သောနေရာ၊ ခြေလျင်သွားသူတို့မမှတ်မိသောနေရာတွင် မိုင်းတွင်းများကို ထိုးဖောက်ပြီး လူသူဝေးရာတွင် ကြိုးကို တွဲလွဲခို၍ အလုပ်လုပ်ကြ၏။
ပင်လယ်ရေထွက်ပေါက်များရှိရာသို့ သင်ရောက်ဖူးသလော။ အနက်တကာ့အနက်ဆုံးနေရာတွင် သင်သွားလာဖူးသလော။
မိုးတိမ်များကို ရေတွက်နိုင်လောက်အောင် မည်သူဉာဏ်ပညာရှိသနည်း။ ကောင်းကင်အိုးတို့ကို မည်သူသွန်ချနိုင်သနည်း။
ကိုယ်တော်သည် ပင်လယ်ရေများကို တာတမံကဲ့သို့စုဝေးစေ၍ နက်ရှိုင်းသောရေထုများကို သိုလှောင်တိုက်ထဲ၌ ထားတော်မူ၏။
ကိုယ်တော်သည် စမ်းရေနှင့်စမ်းချောင်းကို ပေါက်ထွက်စေ၍ အမြဲစီးဆင်းသောမြစ်များကို ခန်းခြောက်စေတော်မူ၏။
ကိုယ်တော်၏အသိပညာဖြင့် နက်ရှိုင်းရာအရပ်တို့သည် ပေါက်ထွက် ၍ မိုးတိမ်တို့သည် နှင်းကိုတဖွဲဖွဲကျစေ၏။
ကောင်းကင်ပြတင်းပေါက်တို့သည်ပွင့်၍ မြေကြီးအုတ်မြစ်တို့သည် တုန်ခါလေပြီ။ ကြောက်မက်ဖွယ်ရာအသံကြောင့် ထွက်ပြေးသောသူသည် မြေတွင်းထဲသို့ကျလိမ့်မည်။ မြေတွင်းထဲမှတက်လာသောသူသည် ကျော့ကွင်း၌မိလိမ့်မည်။
ကမ္ဘာမြေကြီးသည် အစိတ်စိတ်အမွှာမွှာကွဲလေပြီ။ ကမ္ဘာမြေကြီးသည် လုံးလုံးကွဲအက်လေပြီ။ ကမ္ဘာမြေကြီးသည် သွက်သွက်ခါလှုပ်လေပြီ။
သင်တို့သည် ငါ့ကို မကြောက်ရွံ့ကြသလော။ ငါ့ရှေ့၌မတုန်လှုပ်ကြသလော။ ပင်လယ်ရေမကျော်လွန်နိုင်အောင် သဲနယ်နိမိတ်ကို အရံအတားအဖြစ် ငါနေရာချထား၏။ ပင်လယ်သည် ဟုန်းဟုန်းမြည်သော်လည်း နယ်နိမိတ်ကိုမကျော်နိုင်။ လှိုင်းတံပိုးထသော်လည်း နယ်နိမိတ်ကို မလွှမ်းမိုးနိုင်။
ကိုယ်တော်အသံပေးတော်မူသောအခါ ကောင်းကင်ရှိရေတို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မိုးတိမ်ကို မြေကြီးစွန်းမှ တက်လာစေတော်မူ၏။ မိုးကိုရွာစေတော်မူ၏။ လျှပ်စီးကိုလက်စေတော်မူ၏။ ဘဏ္ဍာတိုက်ထဲမှ လေကိုထုတ်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘လူမနေသောမြို့ကဲ့သို့ သင့်ကို တိတ်ဆိတ်ခြောက်ကပ်စေသောအခါ၊ ဟုန်းဟုန်းထသောသမုဒ္ဒရာရေဖြင့် သင့်ကို လွှမ်းမိုးစေသောအခါ
ငါ့အိမ်တော်၌စားစရာရှိနေစေရန် ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ ယူဆောင်လာကြလော့။ ငါသည် ကောင်းကင်တံခါးတို့ကိုဖွင့်၍ နေရာလပ်မကျန်သည့်တိုင်အောင် ကောင်းချီးမင်္ဂလာသွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို ဤနည်းဖြင့် ငါ့ကို စမ်းသပ်ကြလော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
မည်သို့နည်းဟူမူကား ရေမလွှမ်းမိုးမီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သည့်နေ့တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်၊ ပေးစားဆောင်နှင်းလျက်နေ၍
“ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။
ထိုအချိန်က ကမ္ဘာသည် ရေလွှမ်းမိုးခြင်းခံရလျက် ရေအားဖြင့် ပျက်စီးခြင်းသို့ရောက်ခဲ့သည်ဟူသောအချက်ကို သူတို့သည် တမင်မေ့လျော့ထားလိုကြ၏။