ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
ကမ္ဘာဦး 31:7 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်တို့၏ဖခင်သည် ငါ့ကိုလှည့်စား၍ ငါ၏လုပ်အားခကို ဆယ်ကြိမ်တိုင်တိုင်ပြောင်းလဲခဲ့ပြီ။ သို့ရာတွင် ငါ့ကိုထိခိုက်နစ်နာစေရန် ဘုရားသခင်သည် သူ့ကိုခွင့်ပေးတော်မမူ။ Common Language Bible သို့သော်လည်းသူသည်ငါ့ကိုလှည့်စား၍ငါ ရထိုက်သောအခကိုဆယ်ကြိမ်မျှပြောင်းလဲ ခဲ့လေပြီ။ သို့ရာတွင်ငါ့ကိုနစ်နာဆုံးရှုံးစေ ရန်ဘုရားသခင်သည်သူ့ကိုအခွင့်ပေးတော် မမူ။- Garrad Bible သင် တို့ အ ဘ သည် ငါ ကို လှည့် စား ၍ အ ခ ကို ဆယ် ကြိမ် ပြောင်း လဲ သော် လည်း ငါ့ ကို ထိ ခိုက် ရန် ဘု ရား သ ခင် ခွင့် ပြု တော် မ မူ။ Judson Bible သင်တို့အဘသည်လည်း ငါ့ကိုလှည့်စား၍၊ ငါရထိုက်သောအခကို ဆယ်ကြိမ်လဲခဲ့ပြီ။ သို့သော်လည်း၊ ငါ့ကိုညှဉ်းဆဲစေခြင်းငှာ၊ ဘုရားသခင်အခွင့်ပေးတော်မမူ။ |
ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
ထိုအခါ ဘုရားသခင်က “မှန်ပေ၏။ သင်သည် ရိုးဖြောင့်သောစိတ်ဖြင့် ဤအမှုကိုပြုကြောင်း ငါသိ၍ သင်သည် ငါ့ကိုမပြစ်မှားမိစေရန် ငါဟန့်တား၏။ ထို့ကြောင့် ငါသည် သင့်အား ထိုမိန်းမကိုထိခွင့်မပေးခဲ့ချေ။
နံနက်အချိန်ရောက်သောအခါ ယာကုပ်သည် လေအာဖြစ်ကြောင်းမြင်လျှင် လာဗန်အား “အကျွန်ုပ်၌ ဦးရီးပြုသောဤအမှုကား မည်သို့နည်း။ အကျွန်ုပ်သည် ရာခေလကိုရဖို့ ဦးရီးကိုအစေခံခဲ့သည်မဟုတ်လော။ အကျွန်ုပ်ကို အဘယ်ကြောင့်လှည့်စားရသနည်း”ဟု ဆို၏။
သို့သော် ဘုရားသခင်သည် အာရံလူမျိုးလာဗန်ထံသို့ ညအိပ်မက်ထဲတွင်ကြွလာ၍ “သင်သည် ယာကုပ်အား ကောင်းသည်၊ ဆိုးသည်ဟူ၍ မပြောမိစေရန် သင့်ကိုယ်သင် သတိပြုလော့”ဟု မိန့်တော်မူ၏။
ငါသည် သင့်ကိုဒုက္ခရောက်စေနိုင်၏။ သို့သော် မနေ့ညတွင် သင့်ဖခင်၏ဘုရားသခင်က ‘သင်သည် ယာကုပ်အား ကောင်းသည်၊ ဆိုးသည်ဟူ၍ မပြောမိစေရန် သင့်ကိုယ်သင်သတိပြုလော့’ဟု ငါ့အားမိန့်တော်မူ၏။
အကျွန်ုပ်သည် ဦးရီး၏အိမ်၌ အနှစ်နှစ်ဆယ်နေ၍ ဦးရီး၏သမီးနှစ်ယောက်အတွက် တစ်ဆယ့်လေးနှစ်၊ ဦးရီး၏သိုးဆိတ်တို့အတွက် ခြောက်နှစ် အစေခံခဲ့ပါသည်။ ဦးရီးသည် အကျွန်ုပ်၏လုပ်အားခကို ဆယ်ကြိမ်ပြောင်းလဲခဲ့ပါသည်။
ရန်သူတို့အနီး၌နေသောဂျူးလူမျိုးတို့ကလည်း “မည်သည့်အရပ်သို့လှည့်သည်ဖြစ်စေ ငါတို့အတိုက်ခံရမည်”ဟု ဆယ်ကြိမ်မက လာ၍ပြောကြ၏။
သူနှင့်သူ့အိမ်သူအိမ်သားများ၊ သူ၌ရှိသမျှတို့ကို ကိုယ်တော် ဝိုင်းရံကာကွယ်ပေးထားသည်မဟုတ်ပါလော။ သူလုပ်ဆောင်သမျှတို့ကို ကောင်းချီးပေးသဖြင့် သူပိုင်သောတိရစ္ဆာန်များသည်လည်း မြေကြီးတစ်ခွင် တိုးပွားနေသည်မဟုတ်ပါလော။
ငါ့ကို ဆယ်ကြိမ်တိုင်တိုင် ပုတ်ခတ်ပြောဆိုကြပြီ။ ငါ့ကို စော်ကားပြောဆိုကြပြီ။ သင်တို့မရှက်ကြသလော။
ငါသွားမည့်လမ်းကို ပိတ်ထားတော်မူသဖြင့် ငါဖြတ်မသွားနိုင်။ ငါလျှောက်မည့်လမ်းကိုလည်း အမှောင်ချထားတော်မူ၏။
အကြောင်းမူကား ထာဝရဘုရားသည် တရားမျှတမှုကိုနှစ်သက်တော်မူ၏။ မိမိ၏သန့်ရှင်းသူတို့ကိုလည်း စွန့်ပစ်တော်မမူ။ သူတို့သည် အစဉ်အမြဲစောင့်ရှောက်တော်မူခြင်းကို ခံရကြလိမ့်မည်။ ဆိုးယုတ်သောသူ၏သားမြေးတို့မူကား ဖယ်ရှားခြင်းခံကြရလိမ့်မည်။
ထိုနေ့ရက်၌ မိန်းမခုနစ်ယောက်သည် ယောက်ျားတစ်ယောက်ကိုဖမ်းဆွဲလျက် “ကျွန်မတို့သည် ကိုယ့်အစာကိုယ်စားပါမည်။ ကိုယ့်အဝတ်ကိုယ်ဝတ်ပါမည်။ ကျွန်မတို့ ကဲ့ရဲ့ပြစ်တင်ခြင်းမခံရစေရန် ကျွန်မတို့ကို သင့်နာမည်ဖြင့်ခေါ်သောအခွင့်ကိုသာ ပြုပါ”ဟု ဆိုကြလိမ့်မည်။
သင့်ကိုတိုက်ခိုက်ရန် ထုတ်လုပ်သောလက်နက်ရှိသမျှသည် အထမြောက်မည်မဟုတ်။ သင်နှင့်တရားဆိုင်၍ သင့်ကိုဆန့်ကျင်သောလျှာရှိသမျှတို့ကို သင်က အောင်နိုင်လိမ့်မည်။ ဤသည်ကား ထာဝရဘုရား၏အစေအပါးတို့ ရရှိသောအမွေ၊ ငါ့ထံမှရရှိသောဖြောင့်မတ်ခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
ရှင်ဘုရင်မေးမြန်းသမျှသောဉာဏ်စမ်းမေးခွန်းတို့ကို ဖြေကြားရာတွင် သူတို့သည် တစ်နိုင်ငံလုံးရှိနတ်ဝိဇ္ဇာဆရာများ၊ ဂမ္ဘီရဆရာများထက် ဆယ်ဆမက သာသည်ကို ရှင်ဘုရင်တွေ့ရ၏။
အသက်အတွက် အမှီသဟဲဖြစ်သော အစားအစာကို သင်တို့ထံမှ ငါဖြတ်တောက်လိုက်သောအခါ မိန်းမဆယ်ယောက်တို့သည် မီးဖိုတစ်ခုတည်း၌ သင်တို့စားဖို့မုန့်ကို ဖုတ်၍ ထိုမုန့်ကို အချိန်အဆဖြင့်သာ သင်တို့ကို ပြန်ဝေပေးလိမ့်မည်။ သင်တို့သည်လည်း ဝလင်စွာ စားရကြလိမ့်မည်မဟုတ်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထိုကာလ၌ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးခြားဆယ်ဦးသည် ဂျူးလူမျိုးတစ်ဦး၏အဝတ်စွန်းကိုဖမ်းဆွဲလျက် ‘သင်တို့နှင့်အတူ ဘုရားသခင်ရှိသည်ဟု ကြားသိရသောကြောင့် ငါတို့လည်း သင်တို့နှင့်အတူလိုက်မည်’ဟူ၍ ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အီဂျစ်ပြည်၌လည်းကောင်း၊ တောကန္တာရ၌လည်းကောင်း ငါပြခဲ့သောနိမိတ်လက္ခဏာများနှင့် ငါ၏ဘုန်းအသရေကို လူအပေါင်းတို့သည် တွေ့မြင်လျက်နှင့် ငါ့ကိုဆယ်ကြိမ်တိုင်အောင်အကဲစမ်း၍ ငါ့စကားကို နားမထောင်ကြသောကြောင့်