Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 4:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ရန်သူ​တို့​အနီး​၌​နေ​သော​ဂျူး​လူမျိုး​တို့​က​လည်း “​မည်သည့်​အရပ်​သို့​လှည့်​သည်​ဖြစ်စေ ငါ​တို့​အတိုက်​ခံရ​မည်​”​ဟု ဆယ်​ကြိမ်​မက လာ​၍​ပြော​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ရန်​သူ​များ​အ​ကြား​တွင်​နေ​ထိုင်​သူ​ယု​ဒ အ​မျိုး​သား​တို့​သည်​ငါ​တို့​ထံ​လာ​ရောက် ပြီး​လျှင် ငါ​တို့​အား​ရန်​သူ​တို့​တိုက်​ခိုက်​ရန် အ​ဘယ်​သို့​ကြံ​စည်​လျက်​ရှိ​ကြောင်း​ကို အ​ကြိမ်​ပေါင်း​များ​စွာ​သ​တိ​ပေး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ရန် သူ တို့ အ နီး နေ ထိုင်၍ ငါ တို့ ထံ လာ ကြ သော ယု ဒ လူ မျိုး တို့ က လည်း၊ အ ရပ် ရပ် မှ ဝင် ရောက် သူ တို့ ကို၊ ကျွန် တော် တို့ နေ ရာ သို့ ပြန် ကြ ပါ စေ ဟု၊ ဆယ် ကြိမ် မြောက် ခွင့် တောင်း ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 သူ​တို့​အ​နား​မှာ​နေ​သော ယု​ဒ​လူ​တို့​သည်​လည်း၊ လာ၍ ရန်​သူ​တို့​သည် နေ​ရာ​အ​ရပ်​ရပ်​တို့​က၊ သင်​တို့​ကို တိုက်​လာ​ကြ​လိမ့်​မည်​ဟု ငါ​တို့​အား အ​ထပ်​ထပ်​ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 4:12
7 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​သည် ဦးရီး​၏​အိမ်​၌ အနှစ်​နှစ်ဆယ်​နေ​၍ ဦးရီး​၏​သမီး​နှစ်​ယောက်​အတွက် တစ်ဆယ့်​လေး​နှစ်​၊ ဦးရီး​၏​သိုးဆိတ်​တို့​အတွက် ခြောက်​နှစ် အစေခံ​ခဲ့​ပါ​သည်​။ ဦးရီး​သည် အကျွန်ုပ်​၏​လုပ်အားခ​ကို ဆယ်​ကြိမ်​ပြောင်းလဲ​ခဲ့​ပါ​သည်​။


သို့သော် သင်​တို့​၏​ဖခင်​သည် ငါ့​ကို​လှည့်စား​၍ ငါ​၏​လုပ်အားခ​ကို ဆယ်​ကြိမ်​တိုင်တိုင်​ပြောင်းလဲ​ခဲ့​ပြီ​။ သို့ရာတွင် ငါ့​ကို​ထိခိုက်နစ်နာ​စေရန် ဘုရားသခင်​သည် သူ့​ကို​ခွင့်​ပေး​တော်​မ​မူ​။


ရန်သူ​တို့​က​လည်း “​သူ​တို့​မ​သိ​လိုက်​ချိန်​မှာ သူ​တို့​ထဲ​သို့​ဝင်​၍ သူ​တို့​ကို​သတ်ပစ်​မည်​။ သူ​တို့​အလုပ်​ကို ရပ်တန့်​စေ​မည်​”​ဟု ဆို​ကြ​၏​။


ထို့ကြောင့် ငါ​သည် မြို့ရိုး​အနောက်ဘက် မြေနိမ့်ပိုင်း​ကွင်းပြင်​တွင် မျိုးနွယ်စု​အလိုက် ဓား​၊ လှံ​၊ လေး​တို့​နှင့်တကွ အစောင့်ချ​ထား​၏​။


ငါ့​ကို ဆယ်​ကြိမ်​တိုင်တိုင် ပုတ်ခတ်ပြောဆို​ကြ​ပြီ​။ ငါ့​ကို စော်ကားပြောဆို​ကြ​ပြီ​။ သင်​တို့​မ​ရှက်​ကြ​သလော​။


ရှင်ဘုရင်​မေးမြန်း​သမျှ​သော​ဉာဏ်စမ်း​မေးခွန်း​တို့​ကို ဖြေကြား​ရာ​တွင် သူ​တို့​သည် တစ်နိုင်ငံလုံး​ရှိ​နတ်ဝိဇ္ဇာဆရာ​များ​၊ ဂမ္ဘီရဆရာ​များ​ထက် ဆယ်​ဆ​မက သာ​သည်​ကို ရှင်ဘုရင်​တွေ့​ရ​၏​။


အီဂျစ်​ပြည်​၌​လည်းကောင်း​၊ တောကန္တာရ​၌​လည်းကောင်း ငါ​ပြ​ခဲ့​သော​နိမိတ်လက္ခဏာ​များ​နှင့် ငါ​၏​ဘုန်းအသရေ​ကို လူ​အပေါင်း​တို့​သည် တွေ့မြင်​လျက်​နှင့် ငါ့​ကို​ဆယ်​ကြိမ်​တိုင်အောင်​အကဲစမ်း​၍ ငါ့​စကား​ကို နား​မ​ထောင်​ကြ​သောကြောင့်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ