Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 19:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ငါ​သွား​မည့်​လမ်း​ကို ပိတ်​ထား​တော်မူ​သဖြင့် ငါ​ဖြတ်​မ​သွား​နိုင်​။ ငါ​လျှောက်​မည့်​လမ်း​ကို​လည်း အမှောင်​ချထား​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ငါမသွားနိုင်အောင် ငါ့ရှေ့မှာအဆီးအကာပြု၍၊ ငါသွားရာလမ်း၌ မှောင်မိုက်ကိုထားတော်မူပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ငါ လျှောက် သွား၍ မ ပေါက် ရန်၊ လမ်း မ လမ်း ကြား များ ကို ပိတ် ဆီး လျက်၊ မှောင် ကျ စေ တော် မူ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ငါ​မ​သွား​နိုင်​အောင် ငါ့​ရှေ့​မှာ​အ​ဆီး​အ​ကာ​ပြု၍၊ ငါ​သွား​ရာ​လမ်း၌ မှောင်​မိုက်​ကို​ထား​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 19:8
16 ပူးပေါင်းရင်းမြစ်များ  

ငါ့​မျက်နှာ​ကို အမှောင်ထုကြီး ဖုံးလွှမ်း​နေ​၍ ငါ့​ရှေ့​တွင် အမှောင်ထု​ကာ​နေ​သော်လည်း ငါ​နှုတ်ဆိတ်​နေ​မည်​မ​ဟုတ်​ပါ​။


လမ်း​ပျောက်​နေ​သူ​၊ ဘုရားသခင်​ဆီးတားပိတ်ဆို့​ထား​သော​သူ​ကို အဘယ်ကြောင့် အလင်း​ပေး​သနည်း​။


အကောင်း​ကို စောင့်မျှော်​သောအခါ အဆိုး​များ​သာ ရောက်လာ​၏​။ အလင်း​ကို မျှော်လင့်​သောအခါ အမှောင်​သာ ရောက်လာ​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​၏​အသိမိတ်ဆွေ​များ​ကို အကျွန်ုပ်​နှင့်​ဝေးကွာ​စေ​တော်မူ​ပါ​ပြီ​။ အကျွန်ုပ်​ကို သူ​တို့​အတွက် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်စေ​တော်မူ​ပါ​ပြီ​။ အကျွန်ုပ်​သည် ပိတ်​မိ​နေ​သဖြင့် မ​ထွက်​နိုင်​ပါ​။


ဆိုးယုတ်​သော​သူ​တို့​၏​လမ်း​သည် မှောင်မိုက်​ကဲ့သို့​ဖြစ်၍ သူ​တို့​သည် မည်သည့်​အရာ​နှင့်​ခလုတ်တိုက်​မိ​သည်​ကို မ​သိ​ကြ​။


သင်​တို့​တွင် မည်သူ​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့​သနည်း​။ မည်သူ​သည် ကိုယ်တော့်​အစေအပါး​၏​စကား​ကို နားထောင်​သနည်း​။ မည်သူ​သည် အလင်း​မ​ရှိ​ဘဲ အမှောင်ထု​ထဲ၌ သွားလာ​သနည်း​။ သူ​သည် ထာဝရဘုရား​၏​နာမ​တော်​၌ ယုံကြည်ကိုးစား​ပါစေ​။ ဘုရားသခင်​၌ ကိုးစား​ပါစေ​။


ထို့ကြောင့် တရားမျှတမှု​သည် ငါ​တို့​နှင့်​ဝေး​၏​။ ဖြောင့်မတ်​ခြင်း​သည် ငါ​တို့​ကို​မ​မီ​။ ငါ​တို့​သည် အလင်း​ကို​စောင့်မျှော်​သော်လည်း အမှောင်​သာ​တွေ့​၏​။ တောက်ပ​သော​အလင်း​ကို​စောင့်မျှော်​သော်လည်း မှောင်မိုက်​ထဲ၌​သာ လျှောက်​ရ​၏​။


ကိုယ်တော်​သည် မှောင်မိုက်​ကို​ဖြစ်စေ​သဖြင့် သင်​တို့​သည် မှောင်မည်း​သော​တောင်​ပေါ်တွင် ခလုတ်​မ​တိုက်မိ​မီ​၊ သင်​တို့​သည် အလင်း​ကို​စောင့်မျှော်​လျက်​နေ​စဉ် ကိုယ်တော်​သည် ထို​အလင်း​ကို မှုန်မှိုင်း​စေ​၍ အမှောင်ထု​မ​ဖြစ်စေ​မီ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​လော့​။


“​သူ​တို့​သွား​သော​လမ်း​သည် မှောင်မိုက်​၍ ချော်​သော​လမ်း​ဖြစ်​မည်​။ သူ​တို့​သည် ထို​လမ်း​တွင် တွန်းထိုး​ခံရ​၍ လဲကျ​ကြ​လိမ့်မည်​။ စစ်ကြောစီရင်​ချိန်​ရောက်​လျှင် သူ​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ငါ့​ကို ဝန်းရံ​တိုက်ခိုက်​တော်မူ​ပြီ​။ ခါးသီးမှု​၊ ခက်ခဲမှု​ဖြင့် ဝိုင်းထား​တော်မူ​ပြီ​။


ငါ​မ​ထွက်သွား​နိုင်​အောင် ကြေးနီ​ကြိုး​ဖြင့်​ချုပ်နှောင်​၍ ပိတ်လှောင်​ထား​ပြီ​။


ငါ​သွား​သော​လမ်း​ကို ကျောက်နံရံ​ဖြင့် ပိတ်​ထား​ပြီး လမ်းခရီး​ကို ကွေ့ကောက်​စေ​တော်မူ​ပြီ​။


ထို့ကြောင့် သူ​သွား​မည့်​လမ်း​ကို ဆူးပင်​များ​နှင့် ငါ​ကာ​ထား​မည်​။ သူ​သွား​မည့်​လမ်း​ကို ရှာ​မ​တွေ့​အောင် တံတိုင်း​ကာ​ထား​မည်​။


သူ့​အား ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​တို့​ကို​ပေး​သော​သူ​မှာ ငါ​ဖြစ်ကြောင်း​၊ ဗာလ​ဘုရား​ကို​ပူဇော်​သော​ရွှေ​ငွေ​တို့​ကို တိုးပွား​စေ​သူ​မှာ ငါ​ဖြစ်ကြောင်း သူ​မ​သိ​။


တစ်ဖန် ယေရှု​သည် လူ​တို့​အား​မြွက်ဆို​တော်မူ​၍“ငါ​သည် ဤ​လောက​၏​အလင်း​ဖြစ်​၏။ ငါ့​နောက်​သို့​လိုက်​သော​သူ​သည် မည်သည့်​အခါ​မျှ မှောင်မိုက်​၌​သွားလာ​ခြင်း​မ​ရှိ​ဘဲ အသက်​၏​အလင်း​ကို​ရရှိ​မည်”​ဟု မိန့်​တော်မူ​၏။


ထိုအခါ သူ​တို့​သည် ထာဝရဘုရား​ထံ​အော်ဟစ်​တောင်းလျှောက်​ကြ​သဖြင့် ငါ​သည် သင်​တို့​နှင့်​အီဂျစ်​လူမျိုး​တို့​ကြား​၌ အမှောင်ထု ခြား​စေ​၏​။ အီဂျစ်​လူမျိုး​တို့​ကို ပင်လယ်ရေ​လွှမ်းမိုး​သွား​စေ​၏​။ အီဂျစ်​လူမျိုး​တို့​အား ငါ ဒဏ်ခတ်​ခဲ့​သည်​ကို သင်တို့ကိုယ်တိုင်​မျက်စိ​ဖြင့်​မြင်​ခဲ့​ကြ​၏​။ ထို့နောက်မှ သင်​တို့​သည် တောကန္တာရ​၌ ကာလ​ကြာမြင့်​စွာ​နေထိုင်​ကြ​ရ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ