သားရဲကိုက်သတ်သောအကောင်ကိုလည်း ဦးရီးထံသို့မယူဆောင်လာဘဲ ၎င်းအတွက် အကျွန်ုပ်ကသာ အနစ်နာခံခဲ့ပါသည်။ နေ့အချိန်အခိုးခံရသည်ဖြစ်စေ၊ ညအချိန်အခိုးခံရသည်ဖြစ်စေ ဦးရီးသည် အကျွန်ုပ်ထံတွင် အစားတောင်းခဲ့ပါသည်။
ကမ္ဘာဦး 31:40 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် နေ့မှာ အပူဒဏ်၊ ညမှာ အအေးဒဏ်ကိုခံရပြီး အိပ်ရေးလည်း ပျက်ခဲ့ရပါသည်။ Common Language Bible ကျွန်ုပ်သည်နေ့အချိန်၌နေပူဒဏ်ကိုလည်း ကောင်း၊ ညအချိန်၌အအေးဒဏ်ကိုလည်းကောင်း အကြိမ်ကြိမ်ခံခဲ့ရပါသည်။ အအိပ်လည်း ပျက်ခဲ့ရပါသည်။- Garrad Bible နေ့၌ ကား နေ ပူ၊ ညဉ့်၌ ကား နှင်း ခဲ ကြောင့် ကျွန် တော် နွမ်း ရိ၍ အ အိပ် လည်း ပျက် ရ၏။ Judson Bible နေ့အချိန်၌လည်း နေပူကိုလည်းကောင်း၊ ညအချိန်၌လည်းနှင်းခဲကိုလည်းကောင်း ခံရပြီ။ အအိပ်ပျက်ခြင်းကိုလည်းခံရပြီ။ |
သားရဲကိုက်သတ်သောအကောင်ကိုလည်း ဦးရီးထံသို့မယူဆောင်လာဘဲ ၎င်းအတွက် အကျွန်ုပ်ကသာ အနစ်နာခံခဲ့ပါသည်။ နေ့အချိန်အခိုးခံရသည်ဖြစ်စေ၊ ညအချိန်အခိုးခံရသည်ဖြစ်စေ ဦးရီးသည် အကျွန်ုပ်ထံတွင် အစားတောင်းခဲ့ပါသည်။
အကျွန်ုပ်သည် ဦးရီး၏အိမ်၌ အနှစ်နှစ်ဆယ်နေ၍ ဦးရီး၏သမီးနှစ်ယောက်အတွက် တစ်ဆယ့်လေးနှစ်၊ ဦးရီး၏သိုးဆိတ်တို့အတွက် ခြောက်နှစ် အစေခံခဲ့ပါသည်။ ဦးရီးသည် အကျွန်ုပ်၏လုပ်အားခကို ဆယ်ကြိမ်ပြောင်းလဲခဲ့ပါသည်။
မောရှေသည် မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော၏သိုးဆိတ်တို့ကို ထိန်းကျောင်းနေစဉ် သူသည် သိုးဆိတ်တို့ကို တောကန္တာရအနောက်ဘက်သို့နှင်သွားရာ ဟောရပ် ဟုခေါ်သောဘုရားသခင်၏တောင်သို့ ရောက်လေ၏။
မိမိ၏ကုန်ပစ္စည်းသည် အကျိုးအမြတ်ရှိကြောင်းကို သိမြင်တတ်၏။ သူ၏မီးခွက်သည် ညအချိန်၌ မငြိမ်းတတ်။
ယာကုပ်သည် အာရံပြည်သို့ ထွက်ပြေးလေပြီ။ အစ္စရေးသည် မယားရရန်အတွက် အစေခံလေပြီ။ မယားရရန်အတွက် သိုးထိန်းလေပြီ။
မြေကြီးနှင့် တောင်များအပေါ်၌လည်းကောင်း၊ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ မြေ၌ ပေါက်သောအပင်များ၊ လူနှင့်တိရစ္ဆာန်များနှင့် ပင်ပန်းခက်ခဲစွာလုပ်ဆောင်ထားသောအရာအားလုံးအပေါ်၌လည်းကောင်း မိုးခေါင်ခြင်းဘေးကျရောက်စေလေပြီ”ဟု မိန့်ဆို၏။
ထိုအရပ်ဒေသတွင် သိုးထိန်းများရှိကြ၍ သူတို့သည်ကွင်းပြင်၌နေလျက် မိမိတို့၏သိုးအုပ်ကို ညအခါစောင့်နေကြ၏။
မီးမြွေနှင့်ကင်းမြီးကောက်ပေါများသောအရပ်၊ ရေမရှိဘဲ ခြောက်သွေ့သောအရပ်၊ ကြောက်မက်ဖွယ်ကောင်းသော တောကန္တာရကြီး၌ သင့်ကိုပို့ဆောင်တော်မူသောအရှင်၊ သင့်အတွက် ရေကို မီးခတ်ကျောက်ထဲမှထွက်စေတော်မူသောအရှင်၊
ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့အားဟောပြောခဲ့သည့် သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏အသက်ရှင်နေထိုင်မှုမှထွက်ပေါ်လာသည့် အကျိုးတရားကိုကြည့်ရှုဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို အတုယူကြလော့။