Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 31:39 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

39 သားရဲ​ကိုက်သတ်​သော​အကောင်​ကို​လည်း ဦးရီး​ထံသို့​မ​ယူဆောင်​လာ​ဘဲ ၎င်း​အတွက် အကျွန်ုပ်​ကသာ အနစ်နာခံ​ခဲ့​ပါ​သည်​။ နေ့အချိန်​အခိုး​ခံရ​သည်​ဖြစ်စေ​၊ ညအချိန်​အခိုး​ခံရ​သည်​ဖြစ်စေ ဦးရီး​သည် အကျွန်ုပ်​ထံတွင် အစား​တောင်း​ခဲ့​ပါ​သည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

39 သိုး​တစ်​ကောင်​ကို​တော​သား​ရဲ​က​ကိုက်​သတ် လျှင် ကျွန်ုပ်​သာ​လျှင်​အ​မြဲ​အ​စား​ထိုး​ပေး ပါ​သည်။ သိုး​သေ​ရ​ခြင်း​မှာ​ကျွန်ုပ်​၏​တာ​ဝန် မ​ရှိ​ကြောင်း​သက်​သေ​ထူ​ရန်​ထို​အ​သေ​ကောင် ကို​သင့်​ထံ​သို့​မ​ယူ​ဆောင်​ခဲ့​ပါ။ နေ့​အ​ချိန် ၌​ဖြစ်​စေ၊ ည​အချိန်​၌​ဖြစ်​စေ​တိ​ရစ္ဆာန်​အ​ခိုး ခံ​ရ​လျှင်​သင်​သည်​ကျွန်ုပ်​အား​ထို​တိ​ရစ္ဆာန် အ​တွက်​အ​စား​ပေး​လျော်​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

39 သား ရဲ ကိုက် သေ အ ကောင် ကို ဦး ရီး ထံ ကျွန် တော် မ ယူ မ ဆောင်၊ ကိုယ် တိုင် ရှုံး ခံ ရ၏။ နေ့ ညဉ့် မ ဟူ ခိုး ရာ ပါ အ ကောင် အ တွက် ကျွန် တော့် ထံ ဦး ရီး အ စား တောင်း လေ့ ရှိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

39 သား​ရဲ​ကိုက်​သတ်​သော အ​ကောင်​ကို သင့်​ထံ​သို့​ကျွန်ုပ်​မ​ဆောင်​ခဲ့၊ ကိုယ်​အ​ရှုံး​ခံ​ရ၏။ နေ့​မှာ​ခိုး​သည်​ဖြစ်​စေ၊ ည​မှာ​ခိုး​သည်​ဖြစ်​စေ၊ သင်​သည် ကျွန်ုပ်​တွင် အ​စား​တောင်း​လေ့​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 31:39
9 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​သည် ဦးရီး​နှင့်အတူ အနှစ်​နှစ်ဆယ်​နေ​ခဲ့​ပါ​သည်​။ ဦးရီး​၏​သိုးမ​၊ ဆိတ်မ​တို့​သည် သား​မ​လျှော​။ ဦးရီး​၏​သိုးဆိတ်​တို့​ထဲမှ သိုးထီး​၊ ဆိတ်ထီး​တို့​ကို အကျွန်ုပ်​မ​စား​။


အကျွန်ုပ်​သည် နေ့​မှာ အပူဒဏ်​၊ ည​မှာ အအေးဒဏ်​ကို​ခံရ​ပြီး အိပ်ရေး​လည်း ပျက်​ခဲ့​ရ​ပါ​သည်​။


သင်​တို့​သည် ငါ့​အဖို့ သန့်ရှင်း​သော​သူ​များ​ဖြစ်​ရ​မည်​။ ကွင်းပြင်​၌ သားရဲ​ကိုက်သတ်​သော​အကောင်​၏​အသား​ကို သင်​တို့ မ​စား​ရ​။ ခွေး​ကို ပစ်ပေး​ရ​မည်​။


နွား​၊ မြည်း​၊ သိုး​၊ အဝတ်အထည်​အစရှိ​သည့် ပျောက်သွား​သော​အရာ​တစ်စုံတစ်ခု​နှင့်ပတ်သက်​သည့် ပြစ်မှု​အမျိုးမျိုး​တို့​၌ ‘​ဤ​အရာ​ကား မိမိ​ဥစ္စာ​ဖြစ်​၏​’​ဟူ၍ အငြင်းပွား​သော​သူ​နှစ်​ဦး​၏​အမှု​ကို ဘုရားသခင်​ထံ လျှောက်တင်​ရ​မည်​။ အပြစ်ရှိ​သည်​ဟု ဘုရားသခင်​က ဖော်ပြ​သော​သူ​သည် မိမိ​အိမ်နီးချင်း​အား နှစ်ဆ​အလျော်ပေး​ရ​မည်​။


အလိုလို​သေ​သော​အကောင်​၊ သို့မဟုတ် သားရဲ​ကိုက်သတ်​သော​အကောင်​ကို စား​ခြင်း​ဖြင့် ကိုယ့်ကိုယ်ကိုယ်​မ​ညစ်ညူး​စေ​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။


ထို​အရပ်​ဒေသ​တွင် သိုးထိန်း​များ​ရှိ​ကြ​၍ သူ​တို့​သည်​ကွင်းပြင်​၌​နေ​လျက် မိမိ​တို့​၏​သိုးအုပ်​ကို ည​အခါ​စောင့်​နေ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ