Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 31:40 - Common Language Bible

40 ကျွန်ုပ်​သည်​နေ့​အ​ချိန်​၌​နေ​ပူ​ဒဏ်​ကို​လည်း ကောင်း၊ ည​အ​ချိန်​၌​အ​အေး​ဒဏ်​ကို​လည်း​ကောင်း အ​ကြိမ်​ကြိမ်​ခံ​ခဲ့​ရ​ပါ​သည်။ အ​အိပ်​လည်း ပျက်​ခဲ့​ရ​ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

40 နေ့၌ ကား နေ ပူ၊ ညဉ့်၌ ကား နှင်း ခဲ ကြောင့် ကျွန် တော် နွမ်း ရိ၍ အ အိပ် လည်း ပျက် ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

40 နေ့​အ​ချိန်၌​လည်း နေ​ပူ​ကို​လည်း​ကောင်း၊ ည​အ​ချိန်၌​လည်း​နှင်း​ခဲ​ကို​လည်း​ကောင်း ခံ​ရ​ပြီ။ အ​အိပ်​ပျက်​ခြင်း​ကို​လည်း​ခံ​ရ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

40 အကျွန်ုပ်​သည် နေ့​မှာ အပူဒဏ်​၊ ည​မှာ အအေးဒဏ်​ကို​ခံရ​ပြီး အိပ်ရေး​လည်း ပျက်​ခဲ့​ရ​ပါ​သည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 31:40
13 ပူးပေါင်းရင်းမြစ်များ  

သိုး​တစ်​ကောင်​ကို​တော​သား​ရဲ​က​ကိုက်​သတ် လျှင် ကျွန်ုပ်​သာ​လျှင်​အ​မြဲ​အ​စား​ထိုး​ပေး ပါ​သည်။ သိုး​သေ​ရ​ခြင်း​မှာ​ကျွန်ုပ်​၏​တာ​ဝန် မ​ရှိ​ကြောင်း​သက်​သေ​ထူ​ရန်​ထို​အ​သေ​ကောင် ကို​သင့်​ထံ​သို့​မ​ယူ​ဆောင်​ခဲ့​ပါ။ နေ့​အ​ချိန် ၌​ဖြစ်​စေ၊ ည​အချိန်​၌​ဖြစ်​စေ​တိ​ရစ္ဆာန်​အ​ခိုး ခံ​ရ​လျှင်​သင်​သည်​ကျွန်ုပ်​အား​ထို​တိ​ရစ္ဆာန် အ​တွက်​အ​စား​ပေး​လျော်​စေ​၏။-


သင်​နှင့်​နှစ်​ပေါင်း​နှစ်​ဆယ်​ထို​ဒုက္ခ​ကို​ခံ​ခဲ့​ရ​ပြီ။ သင်​၏​သမီး​နှစ်​ယောက်​အ​တွက်​တစ်​ဆယ့်​လေး​နှစ် အ​လုပ်​လုပ်​ပေး​ခဲ့​ပါ​သည်။ ထို​နောက်​ခြောက်​နှစ် မျှ​သင်​၏​တိ​ရစ္ဆာန်​တို့​ကို​ထိန်း​ကျောင်း​ခဲ့​ရ​ပါ သည်။ ထို​ကဲ့​သို့​ဆောင်​ရွက်​ပေး​သည့်​တိုင်​အောင် သင်​သည်​ကျွန်ုပ်​၏​အ​ခ​ကို​ဆယ်​ကြိမ်​မျှ​ပြောင်း လဲ​ခဲ့​ပါ​သည်။-


မော​ရှေ​သည်​သူ​၏​ယောက္ခ​မ မိ​ဒျန်​ယဇ်​ပု​ရော ဟိတ်​ယေ​သ​ရော​၏​သိုး​ဆိတ်​များ​ကို​ထိန်း ကျောင်း​လျက်​ရှိ​စဉ်၊ တော​ကန္တာ​ရ​ကို​ဖြတ်​၍ သိုး​ဆိတ်​များ​ကို​မောင်း​နှင်​လာ​ရာ၊ ဟော​ရပ် ဟု​ခေါ်​သော​ဘု​ရား​သ​ခင်​၏​တောင်​သို့​ရောက် ရှိ​လာ​လေ​၏။-


မိမိလုပ်သောဥစ္စာကောင်းသည်ကို ရိပ်မိ၍၊ သူ၏မီး ခွက်သည် တညလုံးမသေတတ်။


ငါ​တို့​၏​ဘိုး​ဘေး​ဖြစ်​သော​ယာ​ကုပ်​သည် အာ​ရံ​ပြည်​သို့​ထွက်​ပြေး​၍ မ​ယား​ရ​ရန် လူ​တစ်​ဦး​ထံ​၌​သိုး​ကျောင်း​ရ​၏။-


ငါ​သည်​ဤ​ပြည်​ကို​ခြောက်​သွေ့​၍​နေ​စေ​ခဲ့ ၏။ ဤ​ပြည်​ရှိ​တောင်​ကုန်း​များ၊ လယ်​ယာ​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​သံ​လွင်​ခြံ​များ​ပေါ် ၌​လည်း​ကောင်း၊ မြေ​ကြီး​က​ထွက်​သည့်​သီး​နှံ မှန်​သ​မျှ​ပေါ်​၌​လည်း​ကောင်း၊ လူ​နှင့်​တိရစ္ဆာန် များ​ပေါ်​၌​လည်း​ကောင်း၊ သင်​တို့​ကြိုး​စား စိုက်​ပျိုး​သည့်​သီး​နှံ​မှန်​သ​မျှ​အ​ပေါ်​၌ လည်း​ကောင်း​မိုး​ကို​ခေါင်​စေ​ခဲ့​၏'' ဟု​မိန့် တော်​မူ​ပါ​၏။


ထို​အ​ရပ်​ဒေ​သ​တွင်​သိုး​ထိန်း​အ​ချို့​ရှိ​၏။ သူ တို့​သည်​ည​အ​ခါ​ကွင်း​ပြင်​များ​တွင်​သိုး​များ ကို​စောင့်​လျက်​နေ​ကြ​၏။-


ကိုယ်​တော်​သည်​သင်​တို့​အား​မြွေ​ဆိုး​နှင့်​ကင်း​မီး ကောက်​ပေါ​၍ ကျယ်​ဝန်း​ကြောက်​မက်​ဖွယ်​ကောင်း သော​တော​ကန္တာ​ရ​ကို​ဖြတ်​သန်း​ပို့​ဆောင်​တော် မူ​ခဲ့​၏။ ခြောက်​သွေ့​၍​ရေ​မ​ရှိ​သော​အ​ရပ်​တွင် ကိုယ်​တော်​သည်​ကျောက်​ဆောင်​မှ​ရေ​ကို​ထွက်​စေ တော်​မူ​၏။-


သင်​တို့​အား​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို ဟော​ပြော​ခဲ့​သော​သင်​တို့​၏​ခေါင်း​ဆောင်​များ ကို​သ​တိ​ရ​ကြ​လော့။ သူ​တို့​အ​ဘယ်​သို့​ပြု မူ​နေ​ထိုင်​ခဲ့​သည်၊ အ​ဘယ်​သို့​သေ​လွန်​သွား ကြ​သည်​ကို​ဆင်​ခြင်​စဉ်း​စား​ကြ​ပြီး​နောက် သူ​တို့​ယုံ​ကြည်​ခြင်း​ကို​အ​တု​ယူ​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ