သူသည် ထိုအရပ်၏အမည်ကို ဗေသလ ဟုခေါ်၏။ ယခင်က ထိုမြို့၏အမည်မှာ လုဇဖြစ်၏။
ထိုအရပ်ကိုဗေသလဟုနာမည်မှည့်ခေါ်လေ သည်။ (ယခင်ကထိုမြို့ကိုလုဇဟုခေါ်တွင်၏။)-
ထို အ ရပ် ကို ဗေ သ လ အ မည် ဖြင့် မှည့် လေ ၏။ မြို့ အ မည် ဟောင်း ကား လု ဇ တည်း။
ထိုအရပ်ကိုလည်း၊ ဗေသလအမည်ဖြင့်မှည့်လေ၏။ ထိုမြို့၏ အမည်ဟောင်းကား၊ ဥလံလုဇဟူသတည်း။
ထို့နောက် သူသည် ထိုအရပ်မှ ဗေသလမြို့အရှေ့ဘက်ရှိ တောင်ပေါ်ဒေသသို့ရွှေ့ပြောင်း၍ တဲကိုဆောက်လေ၏။ ထိုအရပ်၏အနောက်ဘက်တွင် ဗေသလမြို့၊ အရှေ့ဘက်တွင်အာဣမြို့ရှိ၏။ သူသည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ ထာဝရဘုရား၏နာမတော်ကို ခေါ်ဆိုပတ္ထနာပြု၏။
တစ်နေရာသို့ရောက်သောအခါ နေဝင်သွားသောကြောင့် ထိုနေရာတွင် ညအိပ်နားလေ၏။ သူသည် ထိုနေရာမှကျောက်ကိုယူပြီးလျှင် ခေါင်းအုံးလုပ်၍ ထိုအရပ်၌ပင်အိပ်လေ၏။
ငါသည် ဗေသလအရပ်၏ဘုရားဖြစ်၏။ ထိုအရပ်၌ သင်သည် ကျောက်တိုင်ကိုဘိသိက်သွန်း၍ ငါ့အားကတိသစ္စာပြုခဲ့၏။ ယခုထ၍ ဤပြည်မှထွက်ခွာပြီး သင့်မွေးရပ်မြေသို့ ပြန်သွားလော့’ဟူ၍ မိန့်တော်မူ၏”ဟု သူတို့အား ဆိုလေ၏။
ထို့နောက် ဘုရားသခင်က ယာကုပ်အား “ထလော့။ ဗေသလအရပ်သို့သွား၍ ထိုအရပ်၌ နေထိုင်လော့။ သင်၏အစ်ကိုဧသောထံမှ သင်ထွက်ပြေးစဉ်က သင့်အား ကိုယ်ထင်ရှားပြသောဘုရားသခင်အဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်လော့”ဟု မိန့်တော်မူ၏။
ယာကုပ်သည် မိမိအားဘုရားသခင်မိန့်မြွက်တော်မူသောအရပ်၌ ကျောက်တိုင်တစ်တိုင်ကို စိုက်ထူလေ၏။ သူသည် ၎င်းအပေါ်၌ သွန်းလောင်းရာပူဇော်သက္ကာကိုသွန်းလောင်း၍ ဆီကိုလည်းလောင်း၏။
ယာကုပ်သည် မိမိအားဘုရားသခင်မိန့်မြွက်တော်မူသောအရပ်၏အမည်ကို ဗေသလ ဟုခေါ်၏။
ယာကုပ်သည် သူနှင့်အတူရှိသောလူအပေါင်းတို့နှင့်တကွ ခါနာန်ပြည်ရှိ လုဇမြို့တည်းဟူသော ဗေသလအရပ်သို့ရောက်လာ၏။
သူသည် ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍ ထိုအရပ်ကို ဧလဗေသလ ဟုခေါ်၏။ အကြောင်းမူကား သူသည် မိမိအစ်ကိုထံမှထွက်ပြေးစဉ်က ထိုအရပ်၌ ဘုရားသခင်ထင်ရှားတော်မူ၏။
ထို့နောက် ယာကုပ်က ယောသပ်အား “အနန္တတန်ခိုးရှင်ဘုရားသခင်သည် ခါနာန်ပြည်၊ လုဇမြို့၌ ငါ့အား ကိုယ်ထင်ရှားပြတော်မူ၍ ငါ့ကိုကောင်းချီးပေးလျက်
ထို့နောက် ထိုနွားသငယ်ရုပ်တို့ကို ဗေသလမြို့တွင်တစ်ကောင်၊ ဒန်မြို့တွင်တစ်ကောင် တည်ထား၏။
ဧလိယက ဧလိရှဲအား “ယခု ဤမြို့၌နေခဲ့လော့။ ထာဝရဘုရားက ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူ၏”ဟု ဆိုလျှင် ဧလိရှဲက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့သည် ဗေသလမြို့သို့ ဆင်းသွားကြ၏။
အဘိယမင်းကြီးသည် ယေရောဗောင်မင်းကြီးကို လိုက်လံတိုက်ခိုက်ပြီး ဗေသလမြို့နှင့်ဝန်းကျင်ရှိရွာများ၊ ယေရှနမြို့နှင့်ဝန်းကျင်ရှိရွာများ၊ ဧဖရုန်မြို့နှင့်ဝန်းကျင်ရှိရွာများကို သိမ်းယူလေ၏။
အို အစ္စရေး၊ သင်သည် ပြည့်တန်ဆာလုပ်ရာတွင် ယုဒအပေါ် အပြစ်မသက်ရောက်စေနှင့်။ ဂိလဂါလမြို့သို့ မသွားနှင့်။ ဗေသဝင်မြို့သို့ တက်မသွားနှင့်။ ‘ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ’ဟု မကျိန်ဆိုနှင့်။
ဗေသလမြို့မှ လုဇမြို့သို့ရောက်၏။ ထိုမှ အာခိလူမျိုးတို့၏နယ်မြေ အတရုတ်မြို့ကိုဖြတ်ပြီး
တစ်ဖန် ထိုနယ်နိမိတ်သည် ဗေသလ ခေါ် လုဇမြို့သို့ရောက်၍ တောင်ဘက်ရှိလုဇတောင်စောင်းတစ်လျှောက်သို့ ဆက်သွား၏။ ထိုမှ နယ်နိမိတ်သည် အောက်ဗေသောရုန်မြို့၏တောင်ဘက် တောင်တန်းပေါ်ရှိ အတရုတ်အဒ္ဒါမြို့သို့ ဆင်းသွား၏။
ယောရှုသည် စစ်သည်ငါးထောင်ခန့်ကိုခေါ်၍ အာဣမြို့အနောက်ဘက်၊ ဗေသလမြို့နှင့် အာဣမြို့အကြား၌ ကင်းပုန်းချထား၏။
အစ္စရေးအမျိုးသား လူအပေါင်းတို့သည်လည်း ဗေသလမြို့သို့ တက်သွားပြီး ထာဝရဘုရားရှေ့တော်တွင် ထိုင်၍ငိုကြွေးကြ၏။ ထိုနေ့ နေဝင်သည်အထိ အစာရှောင်လျက် ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်များကို ပူဇော်ကြ၏။
ထိုမှ ဆက်သွားလျှင် တာဗော်တောင် ဝက်သစ်ချတောသို့ ရောက်မည်။ ထိုနေရာတွင် ဘုရားသခင်ထံ ယဇ်ပူဇော်ရန် ဗေသလမြို့သို့သွားသော လူသုံးယောက်နှင့် သင်ဆုံတွေ့လိမ့်မည်။ တစ်ယောက်သည် ဆိတ်သငယ်သုံးကောင်ကို ယူဆောင်လာ၍ နောက်တစ်ယောက်သည် မုန့်သုံးလုံးကိုလည်းကောင်း၊ နောက်တစ်ယောက်သည် စပျစ်ဝိုင်ဘူးကိုလည်းကောင်း ယူဆောင်လာလိမ့်မည်။
သူသည် နှစ်စဉ် ဗေသလမြို့၊ ဂိလဂါလမြို့၊ မိဇပါမြို့များသို့ လှည့်လည်သွားလာပြီး ထိုမြို့များရှိ အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်၏။