အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ကမ္ဘာ​ဦး 25:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အာဗြဟံ​သား​ဣဇက်​၏​အတ္ထုပ္ပတ္တိ​ကား ဤသို့​ဖြစ်​၏​။ အာဗြဟံ​သည် သား​ဣဇက်​ကို​ရ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

အာ​ဗြ​ဟံ​သား​ဣ​ဇာက်​၏​အတ္ထု​ပ္ပတ္တိ​ကို​ဖော်​ပြ ပေ​အံ့။-

အခန်းကိုကြည့်ပါ။

Garrad Bible

အာ ဗြ ဟံ့ သား ဣ ဇာက်၏ အ တ္တု ပ္ပ တ္တိ ဟူ မူ ကား၊ အာ ဗြ ဟံ သည် သား ဣ ဇာက် ကို ရ လေ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

အာ​ဗြ​ဟံ​သား​ဣ​ဇာက်၏​အ​ဆက်​အ​နွယ်​ဟူ​မူ​ကား၊ အာ​ဗြ​ဟံ​သား​ကား ဣ​ဇာက်​တည်း။

အခန်းကိုကြည့်ပါ။



ကမ္ဘာ​ဦး 25:19
8 ပူးပေါင်းရင်းမြစ်များ  

အာဗြဟံ​သည်​လည်း မွေးဖွား​လာ​သော​သား​ဖြစ်​သည့် မိမိ​အတွက်​စာရာ​မွေးဖွား​ပေး​သော​သား​၏​အမည်​ကို ဣဇက် ဟု​မှည့်ခေါ်​လေ​၏​။


ဣဇက်​သည် ပါဒန်အာရံ​ပြည်​မှ အာရံ​လူမျိုး​ဗေသွေလ​၏​သမီး​၊ လာဗန်​၏​ညီမ ရေဗက္ကာ​ကို မိမိ​မယား​အဖြစ်​ယူ​သောအခါ အသက်​လေးဆယ်​ရှိ​၏​။


အာဗြဟံ​၏​သား​များ​မှာ ဣဇက်​၊ ဣရှမေလ တို့​ဖြစ်​ကြ​၏​။


အာဗြဟံ​၏​မယားငယ် ကေတုရ​မွေးဖွား​သော​သား​များ​မှာ ဇိမရံ​၊ ယုတ်ရှန်​၊ မေဒန်​၊ မိဒျန်​၊ ဣရှဗက်​၊ ရှုအာ​တို့ ဖြစ်​ကြ​၏​။ ယုတ်ရှန်​သား​များ​မှာ ရှေဘ​နှင့် ဒေဒန် တို့​ဖြစ်​ကြ​၏​။


အာဗြဟံ​သည် သား​ဣဇက်​ကို ရ​၏​။ ဣဇက်​၏​သား​များ​မှာ ဧသော​နှင့် အစ္စရေး တို့​ဖြစ်​ကြ​၏​။


အာဗြဟံ​သည် သား​ဣဇက်​ကို​ရ​၏။ ဣဇက်​သည် သား​ယာကုပ်​ကို​ရ​၏။ ယာကုပ်​သည် သား​ယုဒ​နှင့်​သူ​၏​ညီအစ်ကို​များ​ကို​ရ​၏။


ယုဒ​သည် ယာကုပ်​၏​သား၊ ယာကုပ်​သည် ဣဇက်​၏​သား၊ ဣဇက်​သည် အာဗြဟံ​၏​သား၊ အာဗြဟံ​သည် တေရ​၏​သား၊ တေရ​သည် နာခေါ်​၏​သား၊


ဘုရားသခင်​သည် အရေဖျား​လှီး​ခြင်း​နှင့်ဆိုင်သော​ပဋိညာဉ်​ကို​လည်း အာဗြဟံ​အား​ပေး​တော်မူ​သဖြင့် သူ​သည် သား​ဣဇက်​ကို​ရ​သောအခါ ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ့​အား အရေဖျား​လှီး​ခြင်း​ပေး​ခဲ့​၏။ ဣဇက်​သည် သား​ယာကုပ်​ကို​လည်းကောင်း​၊ ယာကုပ်​သည် တစ်ဆယ့်နှစ်​ပါး​သော​မျိုးနွယ်စု​ဖခင်​တို့​ကို​လည်းကောင်း ရ​လေ​၏။