သို့သော် လောတသည် သူတို့ကို မရမကဖိတ်ခေါ်သောကြောင့် သူတို့သည် သူနှင့်အတူလိုက်လာ၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတသည် သူတို့အတွက် စားသောက်ပွဲပြင်ဆင်၍ တဆေးမဲ့မုန့်ကိုဖုတ်လေ၏။ သူတို့သည်လည်း စားကြ၏။
ဧည့်သည်နှစ်ဦးတို့သည်လောတအဖန်တလဲလဲခေါ်ဖိတ်ခြင်းကြောင့် သူ၏အိမ်သို့လိုက်လာကြ၏။ လောတသည်သူ၏အစေခံတို့အားမုန့်ဖုတ်စေ၍ စားဖွယ်ကောင်းများကိုပြင်ဆင်စေ၏။ ထို့နောက်ဧည့်သည်တို့သည်သုံးဆောင်ကြ၏။
လော တ ပင့် ခေါ် လှ သော ကြောင့် သူ့ ဘက် သို့ လှည့် ၍ အိမ် သို့၀င် ကြ သော် သူ တို့ ကို ကျွေး မွေး ရန် လော တ ပြင် ဆင် လျက် မုန့် ကို ပေါင်း ပြီး မှ သူ တို့ သုံး ဆောင် ရ ကြ ၏။
ကျပ်ကျပ်သွေးဆောင်သောကြောင့် တစ်ဖန်လောတနေရာသို့လှည့်၍၊ သူ၏အိမ်သို့ဝင်ကြ၏။ လောတလည်း၊ သူတို့အဖို့ပွဲလုပ်၍၊ တဆေးမပါသောမုန့်ကိုပေါင်းပြီးမှ၊ သူတို့သည်စားကြ၏။
“အကျွန်ုပ်၏သခင်တို့၊ သခင်တို့၏အစေအပါးအိမ်သို့လိုက်ခဲ့၍ ညအိပ်နားကြပါ။ သခင်တို့၏ခြေကိုလည်းဆေးနိုင်ပါသည်။ စောစောထပြီးမှလည်း ခရီးဆက်နိုင်ပါသည်”ဟု ဆိုလေ၏။ သူတို့ကလည်း “မလိုက်တော့ပါ။ ငါတို့သည် ဤကွင်းပြင်၌ ညအိပ်နားမည်”ဟု ဆိုကြ၏။
ကလေးသည် ကြီးလာ၍ နို့ပြတ်လေ၏။ ဣဇက်နို့ပြတ်သောနေ့၌ အာဗြဟံသည် ကြီးကျယ်ခမ်းနားသောစားသောက်ပွဲကျင်းပလေ၏။
လာဗန်က “ထာဝရဘုရားကောင်းချီးပေးတော်မူသောသူ၊ ဝင်လာပါ။ အဘယ်ကြောင့် အပြင်၌ရပ်နေသနည်း။ အကျွန်ုပ်သည် အိမ်ကိုလည်းကောင်း၊ ကုလားအုတ်တို့အတွက် နေရာကိုလည်းကောင်း ပြင်ဆင်ထားပါပြီ”ဟု ဆို၏။
ထိုအခါ ဣဇက်သည် သူတို့အတွက် စားသောက်ပွဲတည်ခင်း၍ သူတို့သည် စားသောက်ကြ၏။
တစ်နေ့တွင် ဧလိရှဲသည် ရှုနင်မြို့သို့သွားရာ ထိုမြို့ရှိထင်ပေါ်သောအမျိုးသမီးတစ်ဦးက သူ့အား ဧည့်ခံကျွေးမွေးရန် ခေါ်ဖိတ်လေ၏။ နောင်တွင်လည်း ဧလိရှဲသည် ထိုမြို့သို့ရောက်လျှင် ထိုအမျိုးသမီးအိမ်သို့ဝင်၍ ရပ်နားစားသောက်လေ့ရှိ၏။
ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုစားရမည်။ ပထမနေ့၌ပင် တဆေးကို သင်တို့၏အိမ်များမှ ဖယ်ရှားရမည်။ အကြောင်းမူကား ပထမနေ့မှစ၍ သတ္တမနေ့တိုင်အောင် တဆေးပါသောမုန့်ကိုစားသောသူတိုင်း အစ္စရေးလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
အီဂျစ်ပြည်မှနှင်ထုတ်ခံရစဉ်က သူတို့သည်အချိန်မရသဖြင့် မိမိတို့အတွက်စားနပ်ရိက္ခာကိုပင် မပြင်ဆင်နိုင်ကြ။ ထို့ကြောင့် အီဂျစ်ပြည်မှယူဆောင်လာသည့် တဆေးမဖောက်ထားသော မုန့်နှစ်ဖြင့် တဆေးမဲ့မုန့်ပြားကိုသာ ဖုတ်စားကြရ၏။
သင်တို့အား ငါဆိုမည်။ ထိုသူသည် မိမိမိတ်ဆွေဖြစ်သည်ကိုထောက်၍ မည်သည့်အရာကိုမျှ ထ၍မပေးသော်လည်း အားမလျှော့ဘဲတောင်းဆိုသည်ကိုထောက်၍ လိုသမျှကို ထ၍ပေးလိမ့်မည်။
သခင်ကလည်း ‘ခရီးသွားလမ်းမများနှင့် တောလမ်းကြားများသို့သွား၍ ငါ့အိမ်ပြည့်အောင် လူတို့ကို မရမကခေါ်ခဲ့လော့။
လေဝိသည် မိမိ၏အိမ်၌ ကိုယ်တော်အတွက် ဧည့်ခံပွဲကြီးကိုကျင်းပလေရာ အခွန်ကောက်ခံသူအစုအဝေးနှင့်အခြားသောသူများစွာတို့သည် သူတို့နှင့်အတူထိုင်၍ စားသောက်နေကြ၏။
လူတို့သည် ထိုအရပ်၌ ကိုယ်တော်အတွက် ညစာကိုပြင်ဆင်ကြပြီး မာသသည် ဧည့်ဝတ်ပြုနေ၏။ ကိုယ်တော်နှင့်အတူ စားပွဲ၌ထိုင်နေသူများထဲတွင် လာဇရုလည်းပါ၏။
ထို့ကြောင့် ငါတို့သည် တဆေးဟောင်းတည်းဟူသော ဆိုးညစ်ခြင်းနှင့်မလိုတမာဖြစ်ခြင်းတို့၏တဆေးပါသောမုန့်အားဖြင့်မဟုတ်ဘဲ ဖြူစင်ခြင်းနှင့်သမ္မာတရားတည်းဟူသော တဆေးမဲ့မုန့်အားဖြင့် ပွဲတော်ကိုကျင်းပကြကုန်စို့။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုလွှမ်းမိုးလျက်ရှိ၏။ ငါတို့သည် ဤသို့ယူဆကြ၏။ တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက် အသေခံသည်ဖြစ်၍ လူအပေါင်းတို့သည် သေဆုံးခဲ့ကြပြီ။
ဧည့်ဝတ်ပြုခြင်းကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား အချို့တို့သည် ထိုဝတ်ကိုပြုခြင်းအားဖြင့် ကောင်းကင်တမန်များကို အမှတ်မထင်ဧည့်ခံခဲ့ကြ၏။
ဂိဒေါင်လည်း သွား၍ ဆိတ်သငယ်တစ်ကောင်နှင့် မုန့်ညက်တစ်ဧဖာဖြင့်လုပ်သော တဆေးမဲ့မုန့်ကို ပြင်ဆင်၏။ အသားကို တောင်းထဲထည့်၍ အသားပြုတ်ရည်ကို အိုးထဲထည့်ကာ သပိတ်ပင်အောက်ရှိ ကိုယ်တော့်ထံ ယူလာ၍ ဆက်သ၏။
ထိုမိန်းမသည် အိမ်၌ရှိသောဆူဖြိုးသည့်နွားသငယ်ကို ချက်ချင်းသတ်၏။ မုန့်ညက်ကိုလည်း ယူ၍နယ်ပြီးလျှင် တဆေးမဲ့မုန့်ကို ဖုတ်လေ၏။