ကမ္ဘာဦး 19:3 - Common Language Bible3 ဧည့်သည်နှစ်ဦးတို့သည်လောတအဖန်တလဲလဲခေါ်ဖိတ်ခြင်းကြောင့် သူ၏အိမ်သို့လိုက်လာကြ၏။ လောတသည်သူ၏အစေခံတို့အားမုန့်ဖုတ်စေ၍ စားဖွယ်ကောင်းများကိုပြင်ဆင်စေ၏။ ထို့နောက်ဧည့်သည်တို့သည်သုံးဆောင်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible3 လော တ ပင့် ခေါ် လှ သော ကြောင့် သူ့ ဘက် သို့ လှည့် ၍ အိမ် သို့၀င် ကြ သော် သူ တို့ ကို ကျွေး မွေး ရန် လော တ ပြင် ဆင် လျက် မုန့် ကို ပေါင်း ပြီး မှ သူ တို့ သုံး ဆောင် ရ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible3 ကျပ်ကျပ်သွေးဆောင်သောကြောင့် တစ်ဖန်လောတနေရာသို့လှည့်၍၊ သူ၏အိမ်သို့ဝင်ကြ၏။ လောတလည်း၊ သူတို့အဖို့ပွဲလုပ်၍၊ တဆေးမပါသောမုန့်ကိုပေါင်းပြီးမှ၊ သူတို့သည်စားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 သို့သော် လောတသည် သူတို့ကို မရမကဖိတ်ခေါ်သောကြောင့် သူတို့သည် သူနှင့်အတူလိုက်လာ၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတသည် သူတို့အတွက် စားသောက်ပွဲပြင်ဆင်၍ တဆေးမဲ့မုန့်ကိုဖုတ်လေ၏။ သူတို့သည်လည်း စားကြ၏။ အခန်းကိုကြည့်ပါ။ |
တစ်နေ့သ၌ဧလိရှဲသည်ရှုနင်မြို့သို့သွား၏။ ထိုမြို့တွင်ချမ်းသာကြွယ်ဝသောအမျိုးသမီး တစ်ဦးရှိ၏။ သူသည်ဧလိရှဲအားဖိတ်ခေါ်၍ ကျွေးမွေးဧည့်ခံ၏။ ထိုကြောင့်ထိုအချိန်မှ အစပြု၍ဧလိရှဲသည် ထိုမြို့သို့ရောက်သည့် အခါတိုင်းထိုအမျိုးသမီး၏အိမ်တွင်စား သောက်လေသည်။-
ထာဝရဘုရားက``သင်တို့သည်ခုနစ်ရက် ပတ်လုံးတဆေးပါသောမုန့်ကိုမစားရ။ တဆေးမဲ့မုန့်ကိုသာစားရမည်။ ပထမ နေ့တွင်သင်တို့၏အိမ်များမှတဆေးကို ဖယ်ရှားရမည်။ ထိုခုနစ်ရက်အတွင်း၌တစ် စုံတစ်ယောက်သောသူသည် တဆေးပါသော မုန့်ကိုစားမိလျှင်ထိုသူသည်ငါ၏လူမျိုး တော်မှအပယ်ခံရမည်။-
သို့ဖြစ်၍ဂိဒေါင်သည်မိမိအိမ်သို့ပြန်ပြီး လျှင် ဆိတ်ငယ်တစ်ကောင်ကိုချက်ပြုတ်၏။ တဆေးမဲ့မုန့်ညက်တစ်တင်းဖြင့်မုန့်ကို ပြင်ဆင်၏။ ထိုနောက်ဆိတ်သားကိုတောင်း နှင့်လည်းကောင်း၊ ဆိတ်ပြုတ်ရည်ကိုအိုးတစ် လုံး၌လည်းကောင်းထည့်၍ ကောင်းကင်တမန် ရှိရာသပိတ်ပင်အောက်သို့ယူဆောင်လာပြီး လျှင်သူ့အားဆက်လေသည်။-