ထာဝရဘုရားအတွက် ခက်ခဲလွန်းသောအမှုတစ်စုံတစ်ခုရှိသလော။ သတ်မှတ်ထားသောအချိန်တည်းဟူသော နောင်နှစ် ဤသို့သောအချိန်အခါ၌ ငါသည် သင့်ထံသို့ ပြန်လာမည်။ စာရာသည်လည်း သားတစ်ဦးကို ရရှိလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားမတတ်နိုင်သောအရာဟူ၍ရှိ ပါသလော။ ငါပြောခဲ့ပြီးသည့်အတိုင်းနောက် ကိုးလကြာလျှင် ငါပြန်လာဦးမည်။ ထိုအခါ စာရာသည်သားကိုရလိမ့်မည်'' ဟုအာဗြဟံ အားမိန့်တော်မူ၏။
ငါ ထာ ဝ ရ ဘု ရား မ တတ် နိုင် သော အ မှု တစ် စုံ တစ် ရာ ရှိ သ လော။ နောင် နှစ် ယ ခု အ ခါ သ မ ယ မိုး ဦး ကာ လ ရောက် လျှင် သင့် ထံ ငါ ပြန် လာ ဦး မည် ဖြစ်၍ စာ ရာ သည် သား ကို ရ လိမ့် မည် ဟု အာ ဗြ ဟံ အား ထာ၀ ရ ဘုရား မိန့် တော် မူ ၏။
ထာဝရဘုရားမတတ်နိုင်သောအမှု တစ်စုံတစ်ခုရှိသလော။ ချိန်းချက်သော ဖွားချိန်စေ့သောအခါ၊ သင့်ဆီသို့ငါပြန်လာ၍၊ စာရာသည် သားကိုရလိမ့်မည်ဟု ထာဝရဘုရားသည် အာဗြဟံအားမိန့်တော်မူ၏။
ငါသည် သူ့ကိုကောင်းချီးပေးမည်။ ထိုမျှမက သူ့အားဖြင့် သင့်အား သားကိုပေးမည်။ ငါသည် သူ့ကိုကောင်းချီးပေးသဖြင့် သူသည် လူမျိုးများ၏မိခင်ဖြစ်လာမည်။ သူ့အားဖြင့် လူမျိုးတကာတို့၏ရှင်ဘုရင်များပေါ်ထွန်းလာကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သို့သော် ငါသည် နောင်နှစ် သတ်မှတ်ထားသောဤအချိန်တွင် သင့်အတွက် စာရာမွေးဖွားမည့်ဣဇက်၌ ငါ၏ပဋိညာဉ်ကိုတည်စေမည်”ဟု မိန့်တော်မူ၏။
သူတို့ထဲမှ တစ်ယောက်က “နောင်နှစ် ဤသို့သောအချိန်အခါ၌ ငါသည် သင့်ထံသို့ မုချပြန်လာမည်။ သင်၏မယားစာရာသည်လည်း သားတစ်ဦးကိုရရှိလိမ့်မည်”ဟု ဆိုလေ၏။ စာရာသည် ထိုသူ၏နောက်ဘက်ရှိ တဲအဝင်ဝ၌ နားထောင်လျက်နေ၏။
ထိုအခါ ထာဝရဘုရားက အာဗြဟံအား “စာရာက ‘အသက်ကြီးသောငါသည် အမှန်ပင် သားဖွားနိုင်မည်လော’ဟု အဘယ်ကြောင့် ရယ်လျက်ဆိုရသနည်း။
စာရာသည် ကြောက်သဖြင့် “ကျွန်မ မရယ်ပါ”ဟု ငြင်းဆိုလေ၏။ ကိုယ်တော်ကလည်း “မဟုတ်ပါ။ သင်အမှန်ပင် ရယ်သည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် မိမိမိန့်တော်မူခဲ့သည့်အတိုင်း စာရာကိုအကြည့်အရှုကြွလာတော်မူ၏။ ထာဝရဘုရားသည် ကတိပေးတော်မူခဲ့သည့်အတိုင်း စာရာ၌ပြုတော်မူသဖြင့်
စာရာသည် ကိုယ်ဝန်ဆောင်၍ အာဗြဟံအားဘုရားသခင်ကတိပေးတော်မူသောအချိန်၌ အသက်ကြီးသောအာဗြဟံအတွက် သားတစ်ယောက်ကို မွေးဖွားလေ၏။
ထိုအခါ ဧလိရှဲက သူ့အား “နောက်နှစ် ဤအချိန်တွင် သင်သည် သားကို ချီပွေ့ရလိမ့်မည်”ဟု ဆိုလျှင် သူက “မဖြစ်နိုင်ပါ အကျွန်ုပ်၏သခင်။ အို ဘုရားသခင်၏လူ၊ အရှင့်အစေအပါးကို မလှည့်စားပါနှင့်”ဟု ပြန်လျှောက်၏။
ဘုရားသခင်သည် တန်ခိုးကြီးတော်မူသော်လည်း မည်သူ့ကိုမျှ မထီမဲ့မြင်ပြုတော်မမူ။ စိတ်ဓာတ်ခွန်အားလည်း ကြီးမားတော်မူ၏။
“ကိုယ်တော်သည် အရာခပ်သိမ်းကိုတတ်နိုင်တော်မူ၍ ကိုယ်တော်၏အကြံအစည်ကို မည်သူမျှ မဆီးတားနိုင်ကြောင်းကို အကျွန်ုပ်သိပါ၏။
အို ထာဝရဘုရား၊ ပြန်ကြွလာတော်မူပါ။ မည်မျှကြာပါမည်နည်း။ ကိုယ်တော်၏အစေအပါးအပေါ် သနားကရုဏာထားတော်မူပါ။
ထာဝရဘုရားသည် စိုးစံတော်မူ၍ ဘုန်းတန်ခိုးတော်ကို ဆင်မြန်းတော်မူ၏။ ထာဝရဘုရားသည် ထိုသို့ဆင်မြန်း၍ မိမိကိုယ်ကိုအစွမ်းသတ္တိနှင့်ပတ်စည်းတော်မူ၏။ ကမ္ဘာလောကသည်လည်း မတုန်လှုပ်နိုင်အောင် တည်မြဲလျက်ရှိ၏။
အကြောင်းမူကား ထာဝရဘုရားသည် ကြီးမြတ်တော်မူသောဘုရားသခင်ဖြစ်တော်မူ၏။ ဘုရားရှိသမျှတို့ထက်ကြီးမြတ်တော်မူသော ရှင်ဘုရင်ဖြစ်တော်မူ၏။
ငါလာသောအခါ အဘယ်ကြောင့် လူတစ်ယောက်မျှမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် ထူးသောသူမရှိသနည်း။ ငါ့လက်သည် မရွေးနုတ်နိုင်လောက်အောင် တိုလွန်းသလော။ ငါ၌ ကယ်တင်နိုင်သောတန်ခိုးမရှိသလော။ ငါဆုံးမသဖြင့် ပင်လယ်သည် ခန်းခြောက်၏။ ငါသည် မြစ်တို့ကို တောကန္တာရဖြစ်စေ၍ ငါးတို့သည် ရေမရှိသောကြောင့် အပုပ်နံ့ထွက်ကြ၏။ ရေငတ်၍သေကြ၏။
‘အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမားသောတန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်လျက် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ကိုယ်တော်အတွက် ခက်ခဲလွန်းသောအမှုတစ်စုံတစ်ခုမျှမရှိပေ။
“ကြည့်ရှုလော့။ ငါသည် သတ္တဝါအပေါင်းတို့ကိုဖန်ဆင်းသော ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါ့အတွက် ခက်ခဲလွန်းသောအရာရှိမည်လော။
ဒံယေလရှိရာတွင်းဝနားသို့ရောက်လာသောအခါ ဝမ်းနည်းသောအသံဖြင့် ရှင်ဘုရင်က “အသက်ရှင်တော်မူသောဘုရားသခင်၏ကျွန် ဒံယေလ၊ သင် အမြဲကိုးကွယ်သောသင်၏ဘုရားသခင်သည် သင့်ကို ခြင်္သေ့တို့၏ဘေးမှ ကယ်တင်ပြီလော”ဟု ဒံယေလအား မေးလေ၏။
ကိုယ်တော်နှင့်တူသောဘုရားရှိပါသလော။ ကိုယ်တော်သည် အပြစ်လွှတ်တော်မူသောဘုရား၊ ကြွင်းကျန်သောအမွေတော်တို့ကျူးလွန်သောအပြစ်ကို ခွင့်လွှတ်တော်မူသောဘုရား၊ အမျက်တော်ကိုသိုမထား မေတ္တာကရုဏာအစဉ်ပြတော်မူသောဘုရား ဖြစ်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ထိုကာလတွင် ထိုအမှုသည် ကြွင်းကျန်သော ဤလူမျိုးတော်တို့အဖို့ အံ့ဩဖွယ်ရာဖြစ်လျှင်လည်း ငါ့အဖို့မူကား အံ့ဩဖွယ်ရာဖြစ်လိမ့်မည်လော’ဟု မိန့်တော်မူ၏။
ထိုအခါ ထာဝရဘုရားက မောရှေအား “ငါထာဝရဘုရား၏လက်သည် တိုသလော။ ငါ၏စကားတည်သည်၊ မတည်သည်ကို ယခု သင်သိမြင်ရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ ယေရှုသည် ချက်ချင်းလက်တော်ကိုဆန့်၍ သူ့ကိုကိုင်ဆွဲကာ“ယုံကြည်ခြင်းအားနည်းသောသူ၊ အဘယ်ကြောင့် သံသယဖြစ်သနည်း”ဟု မိန့်တော်မူ၏။
သို့သော် ယေရှုသည် သူတို့ကိုစူးစိုက်ကြည့်လျက်“ဤအရာသည် လူတို့အတွက် မဖြစ်နိုင်သော်လည်း ဘုရားသခင်အတွက် အရာခပ်သိမ်းသည် ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။
‘ငါတို့တွင် အဖအာဗြဟံရှိသည်’ဟူ၍ သင်တို့စိတ်ထဲ၌ပြောဆိုရန်ပင် မစဉ်းစားကြနှင့်။ သင်တို့အား ငါဆိုသည်ကား ဘုရားသခင်သည် အာဗြဟံအတွက်သားသမီးများကို ဤကျောက်ခဲတို့ထဲမှ ပေါ်ထွန်းစေနိုင်သည်။
ယေရှုသည် သူတို့ကိုစူးစိုက်ကြည့်လျက်“ဤအရာသည် လူတို့အတွက်မဖြစ်နိုင်သော်လည်း ဘုရားသခင်အတွက်မူကား ထိုသို့မဟုတ်။ အကြောင်းမှာ ဘုရားသခင်အတွက် အရာခပ်သိမ်းသည်ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။
ကောင်းကင်တမန်က “ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်၏ဆုတောင်းသံကို ဘုရားသခင်နားညောင်းတော်မူပြီ။ သင်၏ဇနီးအဲလစ်ဇဘက်သည် သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ယောဟန်ဟုမှည့်ခေါ်ရမည်။
ဇာခရိကလည်း “အကျွန်ုပ်သည် အိုမင်းသူဖြစ်ပြီး အကျွန်ုပ်၏ဇနီးသည်လည်း အသက်ကြီးရင့်နေပါသဖြင့် ဤသို့ဖြစ်မည်ကို မည်သို့သိနိုင်ပါမည်နည်း”ဟု ကောင်းကင်တမန်အား ပြန်ပြောလေ၏။
ဘုရားသခင်အတွက် မဖြစ်နိုင်သောအရာတစ်စုံတစ်ခုမျှမရှိ”ဟု ပြန်၍မြွက်ဆိုလေ၏။
ယေရှုသည်ကြားလျှင်“မစိုးရိမ်နှင့်။ ယုံကြည်ခြင်းသာရှိလော့။ သို့ပြုလျှင် သူငယ်မသည် အကောင်းပကတိဖြစ်လိမ့်မည်”ဟု ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံအား မိန့်တော်မူ၏။
ဘုရားသခင်သည် ကတိပေးတော်မူသောအရာကို ဆောင်ရွက်နိုင်စွမ်းလည်းရှိသည်ဟု အပြည့်အဝယုံကြည်လေ၏။
ငါတို့ထဲ၌ သက်ဝင်လှုပ်ရှားနေသောတန်ခိုးတော်အားဖြင့် ငါတို့တောင်းလျှောက်သောအရာ၊ သို့မဟုတ် ဆင်ခြင်သောအရာအားလုံးတို့ထက် သာလွန်ထူးခြားစွာပြုနိုင်သောအရှင်၌
သင်၏ဘုရားသခင်ထာဝရဘုရားသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောသင့်ကို ပြန်လာစေ၍ သင့်ကို သနားစုံမက်တော်မူမည်။ သင်၏ဘုရားသခင်ထာဝရဘုရား သင့်ကို ကွဲလွင့်စေတော်မူရာအရပ်ရပ်ရှိ လူမျိုးတကာတို့ထံမှ ပြန်၍စုစည်းစေတော်မူမည်။
သူတို့ကို မထိတ်လန့်ကြနှင့်။ အကြောင်းမူကား ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသော သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။
ထိုသခင်သည် အရာခပ်သိမ်းတို့ကို မိမိအားနာခံစေနိုင်သောတန်ခိုးအားဖြင့် ငါတို့၏ဂုဏ်သေးသိမ်သောကိုယ်ခန္ဓာကို မိမိ၏ဘုန်းအသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာနှင့်တူညီစေရန် ပြောင်းလဲစေတော်မူလိမ့်မည်။
ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောအရှင်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။
ဘုရားသခင်သည် သေလွန်သောသူတို့ကိုပင် ထမြောက်စေနိုင်သည်ဟု သူသည်မှတ်ယူလျက် ထိုသို့ပူဇော်၏။ ပုံဥပမာအဖြစ်ဆိုရလျှင် သူသည် ထိုသားကို သေသောသူတို့ထဲမှ ပြန်ရခဲ့၏။
ထာဝရဘုရား၏ကောင်းကင်တမန်က ထိုအမျိုးသမီးအား ကိုယ်ထင်ရှားပြလျက် “သင်သည် မြုံသောကြောင့် သားသမီး မရခဲ့သော်လည်း ယခု ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားမည်။
ယောနသန်က လက်နက်ကိုင်လုလင်အား “လာပါ။ အရေဖျားမလှီးသောထိုသူတို့၏ကင်းတပ်သို့ ကူးသွားကြစို့။ ထာဝရဘုရား ငါတို့နှင့် ပါရှိကောင်းပါရှိတော်မူလိမ့်မည်။ ထာဝရဘုရားသည် မည်သည့်အမှု၌မဆို လူအနည်းငယ်နှင့်ဖြစ်စေ၊ လူအများနှင့်ဖြစ်စေ အတားအဆီးမရှိကယ်တင်ပေးနိုင်သည်”ဟု ဆို၏။