Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 8:50 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

50 ယေရှု​သည်​ကြား​လျှင်“မ​စိုးရိမ်​နှင့်။ ယုံကြည်​ခြင်း​သာ​ရှိ​လော့။ သို့ပြုလျှင် သူငယ်မ​သည် အကောင်း​ပကတိ​ဖြစ်​လိမ့်မည်”​ဟု ဝတ်ပြု​စည်းဝေးကျောင်း​တာဝန်ခံ​အား မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

50 ထို​စ​ကား​ကို​သ​ခင်​ယေ​ရှု​ကြား​တော်​မူ​လျှင် တ​ရား​ဇ​ရပ်​မှူး​အား ``မ​စိုး​ရိမ်​နှင့်။ သင့်​မှာ ယုံ​ကြည်​ခြင်း​သာ​ရှိ​စေ​လော့။ သူ​ငယ်​မ​သည် ကျန်း​မာ​လာ​ပေ​အံ့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

50 ယေ ရှု က မ ကြောက် လင့်၊ ယုံ ကြည် ခြင်း သာ ရှိ လော့၊ သူ ငယ် မ ကျန်း မာ လိမ့် မည် ဟု မိန့် တော် မူ ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

50 ယေ​ရှု​သည်​ကြား​လျှင်၊ မ​ကြောက်​ကြ​နှင့်။ ယုံ​ကြည်​ခြင်း​စိတ်​တစ်​ခု​သာ ရှိ​စေ​လော့။ ထို​သို့​ရှိ​လျှင် သူ​သည် ဘေး​နှင့် လွတ်​လိမ့်​မည်​ဟု တ​ရား​ဇ​ရပ်​မှူး​အား မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

50 ယေရှု​သည် ကြားတော်မူ​လျှင် “မစိုးရိမ်နှင့်။ ယုံကြည်ခြင်း​သာ ရှိစေလော့။ သူ​သည် ကျန်းမာ​လိမ့်မည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

50 ယေ​ရှု​သည်​ကြား​လျှင်၊ မ​ကြောက်​ကြ​နှင့်။ ယုံ​ကြည်​ခြင်း​စိတ်​တစ်​ခု​သာ ရှိ​စေ​လော့။ ထို​သို့​ရှိ​လျှင် သူ​သည် ဘေး​နှင့် လွတ်​လိမ့်​မည်​ဟု တ​ရား​ဇ​ရပ်​မှူး​အား မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 8:50
10 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​တွင် မည်သူ​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့​သနည်း​။ မည်သူ​သည် ကိုယ်တော့်​အစေအပါး​၏​စကား​ကို နားထောင်​သနည်း​။ မည်သူ​သည် အလင်း​မ​ရှိ​ဘဲ အမှောင်ထု​ထဲ၌ သွားလာ​သနည်း​။ သူ​သည် ထာဝရဘုရား​၏​နာမ​တော်​၌ ယုံကြည်ကိုးစား​ပါစေ​။ ဘုရားသခင်​၌ ကိုးစား​ပါစေ​။


သို့သော် ယေရှု​သည် ထို​စကား​ကို​ဂရုမပြု​ဘဲ ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​အား“မ​စိုးရိမ်​နှင့်။ ယုံကြည်​ခြင်း​သာ​ရှိ​လော့”​ဟု မိန့်​တော်မူ​၏။


ယေရှု​က​လည်း“တတ်နိုင်​လျှင်​ဟု​ဆို​ရ​သလော။ ယုံကြည်​သော​သူ​အတွက် အရာ​ခပ်သိမ်း​သည် ဖြစ်နိုင်​၏”​ဟု မိန့်​တော်မူ​၏။


ကိုယ်တော်​က​လည်း“သမီး၊ သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကျန်းမာ​စေ​ပြီ။ ငြိမ်းချမ်း​စွာ​သွား​လော့”​ဟု သူ့​အား မိန့်​တော်မူ​၏။


ထို့နောက် အိမ်​သို့​ရောက်​သောအခါ ကိုယ်တော်​သည် ပေတရု၊ ယာကုပ်၊ ယောဟန်​နှင့် သူငယ်မ​၏​မိခင်​ဖခင်​တို့​မှတစ်ပါး မည်သူ့​ကို​မျှ မိမိ​နှင့်အတူ အိမ်​ထဲသို့​ဝင်​ခွင့်ပြု​တော်​မ​မူ။


ယေရှု​က​လည်း“ငါ​သည် ရှင်ပြန်​ထမြောက်​ခြင်း​ဖြစ်​၏။ အသက်​လည်း​ဖြစ်​၏။ ငါ့​ကို​ယုံကြည်​သော​သူ​သည် သေ​ခဲ့​လျှင်​ပင် အသက်ရှင်​လိမ့်မည်။


ယေရှု​က​လည်း“သင်​ယုံကြည်​လျှင် ဘုရားသခင်​၏​ဘုန်း​တော်​ကို​မြင်​ရ​လိမ့်မည်​ဟူ၍ သင့်​အား ငါ​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော”​ဟု မိန့်​တော်မူ​၏။


“ငါ​သည် သင့်​ကို များစွာ​သော​လူမျိုး​တို့​၏​ဖခင်​ဖြစ်​စေ​ပြီ”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း အာဗြဟံ​သည် မိမိ​ယုံကြည်​သော​ဘုရားသခင်​တည်းဟူသော သေလွန်​သော​သူ​တို့​ကို​အသက်ရှင်​စေ​၍ ဖြစ်တည်​ခြင်း​မ​ရှိ​သည့်​အရာ​များ​ကို​ဖြစ်ပေါ်​လာ​စေရန် အမိန့်​ပေး​နိုင်​သော​ဘုရားသခင်​ရှေ့​တော်​၌ ငါ​တို့​အားလုံး​၏​ဖခင်​ဖြစ်​၏။


ဘုရားသခင်​၏​ကတိ​တော်​အပေါ်၌ ယုံမှား​သံသယ​မ​ရှိ​ဘဲ ယုံကြည်​ခြင်း​အားကြီး​လျက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကာ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ