အာဗြံသည် မိမိဆွေမျိုးသားချင်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြောင်း ကြားသောအခါ မိမိအိမ်၌မွေးဖွားသောသူဖြစ်ကြသည့် မိမိလေ့ကျင့်ထားသောလူ သုံးရာတစ်ဆယ့်ရှစ်ယောက်ကိုခေါ်၍ ဒန်မြို့တိုင်အောင် လိုက်လေ၏။
ကမ္ဘာဦး 17:13 - မြန်မာ့စံမီသမ္မာကျမ်း သင်၏အိမ်၌မွေးဖွားသောသူဖြစ်စေ၊ သင်၏ငွေဖြင့်ဝယ်ထားသောသူဖြစ်စေ အရေဖျားလှီးခြင်းကို မုချခံရမည်။ ဤသို့အားဖြင့် ငါ၏ပဋိညာဉ်သည် ထာဝရပဋိညာဉ်အဖြစ် သင်တို့၏အသားတွင်တည်လိမ့်မည်။ Common Language Bible ယောကျာ်းတိုင်းအရေဖျားလှီးခြင်းမင်္ဂလာခံ ရမည်။ ထိုသို့ပြုလုပ်ခြင်းသည် သင်နှင့်ငါပြု သောပဋိညာဉ်ထာဝစဉ်တည်ကြောင်း ကိုယ် ကာယ၌ထင်ရှားသည့်လက္ခဏာအမှတ် အသားဖြစ်လိမ့်မည်။- Garrad Bible ထို မင်္ဂ လာ ကို အိမ် ပေါက် သား၊ ငွေ၀ယ် သား တို့ ခံ ကြ ရ မည်။ သင် တို့ အ သား ၌ တည် သော ငါ့ ပ ဋိ ညာဉ် သည် ထာ၀ ရ ပ ဋိ ညာဉ် ဖြစ် လိမ့် မည်။ Judson Bible ကိုယ်အိမ်၌ဖွားသောသူ၊ ကိုယ်ငွေနှင့်ဝယ်သောသူသည်၊ အရေဖျားလှီးမင်္ဂလာကိုခံရမည်။ ငါ့ပဋိညာဉ်လည်း သင်တို့၏အသား၌ ထာဝရပဋိညာဉ်ဖြစ်လိမ့်မည်။ |
အာဗြံသည် မိမိဆွေမျိုးသားချင်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြောင်း ကြားသောအခါ မိမိအိမ်၌မွေးဖွားသောသူဖြစ်ကြသည့် မိမိလေ့ကျင့်ထားသောလူ သုံးရာတစ်ဆယ့်ရှစ်ယောက်ကိုခေါ်၍ ဒန်မြို့တိုင်အောင် လိုက်လေ၏။
တစ်ဖန် အာဗြံက “ကိုယ်တော်သည် အကျွန်ုပ်အား မျိုးဆက်ကိုပေးတော်မမူသဖြင့် အကျွန်ုပ်၏ကျွန်သပေါက်သည် အကျွန်ုပ်၏အမွေခံဖြစ်ရပါလိမ့်မည်”ဟု လျှောက်လေ၏။
ငါသည် သင်မှစ၍ နောင်လာမည့် သင့်သားစဉ်မြေးဆက်၏ဘုရားသခင်ဖြစ်မည့်အကြောင်း ငါ၏ပဋိညာဉ်ကို ငါနှင့်သင်ကြား၌လည်းကောင်း၊ နောင်လာမည့် သင့်သားစဉ်မြေးဆက်ကြား၌လည်းကောင်း တည်စေ၍ သူတို့၏မျိုးဆက်အစဉ်အဆက်တို့၌ ထာဝရပဋိညာဉ်ဖြစ်စေမည်။
လာကြ။ သူ့ကို ဣရှမေလလူမျိုးတို့ထံ ရောင်းလိုက်ကြစို့။ သူသည် ငါတို့၏ညီ၊ ငါတို့၏သွေးသားဖြစ်သောကြောင့် သူ့ကို ကိုယ်ထိလက်ရောက်မပြုမိစေနှင့်”ဟု ဆို၏။ ညီအစ်ကိုတို့သည်လည်း သူ့ကိုနာခံကြ၏။
အီဂျစ်ပြည်သို့ရောက်လျှင် မိဒျန်လူမျိုးတို့က ယောသပ်ကို ဖာရောမင်းကြီး၏မှူးမတ်ဖြစ်သည့် ကိုယ်ရံတော်မှူးပေါတိဖာထံ ရောင်းလိုက်ကြ၏။
ယောသပ်သည် အီဂျစ်ပြည်သို့ခေါ်ဆောင်သွားခြင်းခံရ၏။ ထိုပြည်သို့ရောက်သောအခါ အီဂျစ်အမျိုးသား၊ ဖာရောမင်းကြီး၏မှူးမတ်၊ ကိုယ်ရံတော်မှူး ပေါတိဖာသည် ယောသပ်ကိုဣရှမေလလူမျိုးတို့လက်မှ ဝယ်ယူလိုက်၏။
မိုးတိမ်၌ သက်တံပေါ်လာသောအခါ ထိုသက်တံကိုငါကြည့်၍ ဘုရားသခင်နှင့် မြေကြီးပေါ်ရှိ သတ္တဝါအမျိုးမျိုးတည်းဟူသော သက်ရှိသတ္တဝါအပေါင်းတို့ကြား၌ ငါပြုသော ထာဝရပဋိညာဉ်ကို ငါအောက်မေ့မည်”ဟု မိန့်တော်မူ၏။
စင်စစ် ငါတို့နှင့် ငါတို့ညီအစ်ကိုတို့သည် တစ်သွေးတစ်သားတည်းဖြစ်၏။ ငါတို့သားသမီးသည် သူတို့သားသမီး ဖြစ်၏။ သို့ရာတွင် ကိုယ့်သားသမီးများကို အတင်းအကျပ်ကျွန်ခံစေရတော့မည်။ ငါတို့သမီးအချို့ပင် ကျွန်ခံနေရပြီ။ ငါတို့လယ်မြေနှင့်စပျစ်ခြံများ အခြားသူလက်သို့ ရောက်သွားပြီဖြစ်၍ ယခုမူ ငါတို့ မည်သို့မျှမတတ်နိုင်”ဟု ဆိုကြ၏။
သူတို့အား “လူမျိုးခြားတို့ထံ အရောင်းစားခံလိုက်ရသော ငါတို့အမျိုးသားချင်းဂျူးလူမျိုးတို့ကို ငါတို့ မဖြစ်မနေပြန်ဝယ်ယူခဲ့ပြီးမှ သင်တို့သည် ကိုယ့်အမျိုးသားချင်းကို ပြန်ရောင်းစားပါပြီတကား။ ငါတို့ထံ ပြန်ရောင်းစားကြပါပြီတကား”ဟု ဆိုသောအခါ သူတို့သည် ဘာမျှပြန်မပြောဘဲ ဆိတ်ဆိတ်နေကြ၏။
သို့သော် ငွေဖြင့်ဝယ်ထားသောမည်သည့်ကျွန်ယောက်ျားမဆို အရေဖျားလှီးခြင်းကိုခံပြီးလျှင် စားနိုင်၏။
မည်သူမဆို လူကိုခိုးယူပြီး ရောင်းစားလိုက်သည်ဖြစ်စေ၊ လက်ဝယ်တွေ့ရှိသည်ဖြစ်စေ မုချအသတ်ခံရမည်။
ဟေဗြဲလူမျိုးကျွန်တစ်ယောက်ကိုဝယ်လျှင် သူသည် ခြောက်နှစ်အစေခံ၍ ခုနစ်နှစ်မြောက်၌ အဖိုးအခမပေးဘဲ လွတ်လပ်သောသူအဖြစ် ထွက်သွားခွင့်ရှိ၏။
ထိုသူ၌ သခင်ပေးစားသောမယားရှိ၍ သူ့အတွက် သားသမီးများကိုမွေးဖွားပေးလျှင် ထိုမယားနှင့်သားသမီးများကို သခင်ပိုင်သည်ဖြစ်၍ ထိုသူသည် တစ်ယောက်တည်းထွက်သွားရမည်။
သို့သော် ယဇ်ပုရောဟိတ်သည် မိမိငွေဖြင့် တစ်စုံတစ်ယောက်ကို ဝယ်ထားလျှင် ထိုသူသည် စားခွင့်ရှိ၏။ သူ၏အိမ်၌ မွေးဖွားသောသူတို့သည်လည်း သူ၏အစားအစာကို စားခွင့်ရှိ၏။
သို့သော် ထိုသူ၌ အကြွေးဆပ်စရာမရှိသောကြောင့် သူကိုယ်တိုင်မှစ၍ သားမယားနှင့် သူပိုင်ဆိုင်သောအရာအားလုံးတို့ကိုရောင်း၍ အကြွေးဆပ်ရန် သူ့သခင်သည် အမိန့်ချလေ၏။