သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။
ကမ္ဘာဦး 15:2 - မြန်မာ့စံမီသမ္မာကျမ်း အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားသမီးမထွန်းကားဘဲနေရသဖြင့် ဒမတ်စကပ်မြို့သားဧလျေဇာသည် အကျွန်ုပ်၏အိမ်ကိုအမွေဆက်ခံသူဖြစ်ရပါ၏။ သို့ဖြစ်၍ အကျွန်ုပ်အား မည်သည့်အရာကိုပေးတော်မူမည်နည်း”ဟု လျှောက်လေ၏။ Common Language Bible သို့ရာတွင်အာဗြံက``အရှင်ထာဝရဘုရား အကျွန်ုပ်တွင်သားမထွန်းကားသဖြင့် ကိုယ် တော်၏ဆုကိုအဘယ်သို့ခံစားရပါမည်နည်း။ ဒမာသက်မြို့သားဧလျာဇာသည်သာလျှင် အကျွန်ုပ်၏အမွေခံဖြစ်ပါ၏။- Garrad Bible အာ ဗြံ က အ ရှင် ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် သည် သား မ ရ ဘဲ လား ရ မည် ဖြစ် ပါ၍ ဒ မာ သက် ဧ လျေ ဇာ သည် အ မွေ စား ဖြစ် ခဲ့ သော် အ ကျွန်ုပ် အား အ ဘယ် ကျေး ဇူး ကို သ နား တော် မူ ပါ မည် နည်း ဟု လျောက် ဆို၏။ Judson Bible အာဗြံက၊ အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားမရှိဘဲသွားရပါ၏။ ဤဒမာသက်မြို့သား ဧလျာဇာသည် အကျွန်ုပ်၏ အမွေခံဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ်ကျေးဇူးကိုပြုတော်မူပါမည်နည်းဟု လျှောက်ဆို၏။ |
သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။
ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
တစ်ဖန် အာဗြံက “ကိုယ်တော်သည် အကျွန်ုပ်အား မျိုးဆက်ကိုပေးတော်မမူသဖြင့် အကျွန်ုပ်၏ကျွန်သပေါက်သည် အကျွန်ုပ်၏အမွေခံဖြစ်ရပါလိမ့်မည်”ဟု လျှောက်လေ၏။
ထို့နောက် အစေအပါးသည် မိမိသခင်၏ကုလားအုတ်များထဲမှ ကုလားအုတ်ဆယ်စီးကိုရွေးယူပြီးလျှင် မိမိသခင်ပိုင်ဆိုင်သည့်အဖိုးတန်ပစ္စည်းအမျိုးမျိုးတို့ကိုယူဆောင်လျက် ထ၍ ထွက်ခွာသွားရာ မက်ဆိုပိုတေးမီးယားပြည်ရှိ နာခေါ်နေသောမြို့သို့ရောက်လေ၏။
အာဗြဟံသည် မိမိပိုင်ဆိုင်သောအရာအားလုံးကိုအုပ်ထိန်းရသော၊ မိမိအိမ်တွင်အသက်အကြီးဆုံးဖြစ်သောအစေအပါးအား “သင်၏လက်ကို ငါ့ပေါင်အောက်၌ထားလော့။
ဣဇက်သည် မိမိမယားမြုံသောကြောင့် သူ့အတွက် ထာဝရဘုရားထံဆုတောင်း၏။ ထာဝရဘုရားသည် သူ၏ဆုတောင်းသံကိုနားညောင်းတော်မူ၍ သူ၏မယားရေဗက္ကာသည် ကိုယ်ဝန်ဆောင်လေ၏။
ဤအိမ်၌ အကျွန်ုပ်ထက်ကြီးမြတ်သောသူမရှိပါ။ သခင်မသည် အကျွန်ုပ်သခင်၏မယားဖြစ်သောကြောင့် အကျွန်ုပ်၏သခင်သည် သခင်မမှတစ်ပါး မည်သည့်အရာကိုမျှအကျွန်ုပ်အား မဟန့်တားပါ။ သို့ဖြစ်၍ အကျွန်ုပ်သည် ဤမျှလောက်ကြီးမားသောမကောင်းမှုကိုပြု၍ ဘုရားသခင်ကို ပြစ်မှားရပါမည်လော”ဟု ဆိုလေ၏။
ထို့နောက် ယောသပ်သည် မိမိ၏အိမ်ထိန်းအား “သူတို့အိတ်များထဲ၌ သူတို့သယ်နိုင်သမျှအစားအစာကို အပြည့်ဖြည့်လော့။ သူတို့အသီးသီး၏ငွေကိုလည်း သူတို့အိတ်ဝ၌ပြန်ထည့်ပေးလော့။
သားသမီးတို့သည် ထာဝရဘုရားပေးတော်မူသောအမွေဖြစ်ကြ၏။ ဖွားမြင်သောရင်သွေးသည် ဆုလာဘ်တော်ဖြစ်၏။
မျှော်မှန်းသောအရာကြန့်ကြာနေပါက စိတ်မသာမယာဖြစ်တတ်၏။ အလိုဆန္ဒပြည့်ဝခြင်းမူကား အသက်ပင်သဖွယ်ဖြစ်၏။
ပညာသတိရှိသောအစေအပါးသည် အရှက်ကွဲစေသောသားကိုအုပ်စိုး၍ ညီအစ်ကိုတို့နှင့်အတူ အမွေဝေစုကိုရရှိလိမ့်မည်။
ဒမတ်စကပ်မြို့နှင့်ဆိုင်သောဗျာဒိတ်တော်။ “ကြည့်ရှုလော့။ ဒမတ်စကပ်မြို့သည် မြို့အဖြစ်ရှိနေတော့မည်မဟုတ်။ ယိုယွင်းပျက်စီးရာအစုအပုံ ဖြစ်လိမ့်မည်။
သားသမီးတို့ထက်ပို၍မြတ်သော အမှတ်ရစရာနှင့်နာမည်ကို ငါ့အိမ်တော်အတွင်း၊ ငါ့တံတိုင်းတော်အတွင်း၌ ငါပေးမည်။ ပယ်ဖျက်၍မရသောထာဝရအမည်နာမကို သူတို့အား ငါပေးမည်။
ဒမတ်စကပ်မြို့နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဟာမတ်မြို့၊ အာပဒ်မြို့သည် မကောင်းသတင်းကိုကြားရသောကြောင့် အရှက်ကွဲလေပြီ၊ စိတ်အားလျော့လေပြီ၊ ပင်လယ်လှိုင်းကဲ့သို့ မငြိမ်မသက်ဖြစ်ပြီး စိုးရိမ်ပူပန်နေကြပြီ။
သို့သော် ဤပြည်၌ ခြေချစရာနေရာကိုမျှ အမွေအဖြစ်ပေးတော်မမူဘဲ သူကိုယ်တိုင်နှင့် သူ၏အမျိုးအနွယ်တို့အား ဤပြည်ကိုအပိုင်ပေးမည်ဟု သူ၌ကလေးတစ်ယောက်မျှမရှိမီ သူ့အား ကတိပေးတော်မူ၏။
သူ၏အစေအပါး ကောက်ရိတ်သမားခေါင်းဆောင်က “သူသည် နောမိနှင့်အတူ မောဘပြည်မှလိုက်လာသော မောဘအမျိုးသမီး ဖြစ်ပါ၏။
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်ကျွန်မ ခံရသောဆင်းရဲဒုက္ခကို အကယ်စင်စစ် ကြည့်တော်မူပါ။ ကိုယ်တော့်ကျွန်မကို မမေ့လျော့ဘဲ အောက်မေ့တော်မူပါ။ ကိုယ်တော့်ကျွန်မအား သားယောက်ျားကိုပေးသနားတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် သူ့ဘဝတစ်ခုလုံးကို ထာဝရဘုရားထံ ဆက်ကပ်အပ်နှံပါမည်။ သူ့ဆံပင်ကိုလည်း မရိတ်ပါ”ဟု ကတိသစ္စာပြုဆုတောင်းလေ၏။