ထို့နောက် အစ္စရေးက ယောသပ်အား “ငါသေရတော့မည်။ သို့သော်လည်း ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူ၍ သင်တို့ဘိုးဘေးတို့၏ပြည်သို့ သင်တို့ကိုပြန်လည်ပို့ဆောင်တော်မူလိမ့်မည်။
ကမ္ဘာဦး 15:14 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူတို့ကို ကျွန်ပြုမည့်လူမျိုးကို ငါစစ်ကြောစီရင်မည်။ ထို့နောက်မှ သူတို့သည် များစွာသောဥစ္စာနှင့်တကွ ထွက်လာကြလိမ့်မည်။ Common Language Bible သို့သော်လည်းသူတို့အားကျွန်စေစားသော နိုင်ငံသားတို့ကိုငါဒဏ်စီရင်မည်။ ထိုပြည် မှထွက်ခွာရသောအခါသူတို့သည်ပစ္စည်း ဥစ္စာများစွာပါလျက်ထွက်သွားလိမ့်မည်။- Garrad Bible ကျွန် စေ စား သော လူ မျိုး ကို၊ ငါ ဒဏ် စီ ရင် ပြီး နောက် များ စွာ သော ဥ စ္စာ ပ စ္စည်း နှင့် ထွက် လွတ် ရ ကြ လိမ့် မည်။ Judson Bible သူတို့ကိုစေခိုင်းသောလူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ၊ သူတို့သည် များစွာသောဥစ္စာနှင့် ထွက်ကြလိမ့်မည်။ |
ထို့နောက် အစ္စရေးက ယောသပ်အား “ငါသေရတော့မည်။ သို့သော်လည်း ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူ၍ သင်တို့ဘိုးဘေးတို့၏ပြည်သို့ သင်တို့ကိုပြန်လည်ပို့ဆောင်တော်မူလိမ့်မည်။
ယောသပ်က သူ၏ညီအစ်ကိုတို့အား “အကျွန်ုပ်သေရတော့မည်။ သို့သော် ဘုရားသခင်သည် သင်တို့ထံသို့ အမှန်ပင်အကြည့်အရှုကြွလာ၍ သင်တို့ကို ဤပြည်မှ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုခဲ့သည့်ပြည်သို့ ပို့ဆောင်တော်မူမည်”ဟု ဆိုလေ၏။
အကြောင်းမူကား ကိုယ်တော်သည် မိမိအစေအပါးအာဗြဟံအား ပေးထားသည့် သန့်ရှင်းသောကတိတော်ကို သတိရတော်မူ၏။
အကြောင်းမူကား ထာဝရဘုရားသည် မိမိ၏လူမျိုးတော်ကိုစစ်ကြောစီရင်၍ မိမိ၏အစေအပါးတို့အပေါ် သနားကရုဏာထားတော်မူ၏။
အို အီဂျစ်ပြည်၊ ကိုယ်တော်သည် နိမိတ်လက္ခဏာများနှင့်တန်ခိုးလက္ခဏာတို့ကို သင်၏အလယ်၊ ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းအပေါင်းတို့အပေါ် ကျရောက်စေတော်မူ၏။
အကျွန်ုပ်သည် ကိုယ်တော့်ကို၊ ကိုယ်တော့်ကိုသာ ပြစ်မှား၍ ကိုယ်တော်၏မျက်မှောက်တော်၌ မကောင်းသောအမှုကို ပြုမိပါပြီ။ သို့ဖြစ်၍ ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ဖြောင့်မတ်ပါ၏။ ကိုယ်တော်တရားစီရင်တော်မူသောအခါ သန့်ရှင်းစင်ကြယ်ပါ၏။
ညသန်းခေါင်အချိန်တွင် ထာဝရဘုရားသည် ရာဇပလ္လင်ပေါ်၌စိုးစံသော ဖာရောမင်းကြီး၏သားဦးမှစ၍ မြေအောက်အကျဉ်းခန်း၌ရှိသော အကျဉ်းသား၏သားဦးတိုင်အောင် အီဂျစ်ပြည်ရှိသားဦးအားလုံးတို့နှင့် တိရစ္ဆာန်၏သားဦးအားလုံးတို့ကို ဒဏ်ခတ်တော်မူ၏။
ထို့ကြောင့် သင့်ကို ဖာရောမင်းကြီးထံသို့ ငါစေလွှတ်၏။ သင်သွား၍ ငါ၏လူမျိုးတော် အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လော့”ဟု မိန့်တော်မူ၏။
ဘုရားသခင်က ‘သူတို့ကျွန်ခံရသောလူမျိုးကို ငါစီရင်မည်။ ထို့နောက် သူတို့သည် ထွက်ခွာလာ၍ ဤနေရာ၌ ငါ့ကိုဝတ်ပြုကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ယနေ့မြင်ရသည့်အတိုင်း ထာဝရဘုရားသည် သင်တို့ကို မိမိ၏အမွေခံလူမျိုးတော်အဖြစ် ခေါ်ယူ၍ အီဂျစ်ပြည် သံမီးပြင်းဖိုထဲမှ ထုတ်ဆောင်တော်မူခဲ့၏။
ထိုအချိန်၌ ထာဝရဘုရားသည် ငါတို့၏မျက်မှောက်တွင် နိမိတ်လက္ခဏာများ၊ ကြီးမား၍ ကြောက်စရာကောင်းသော အံ့ဩဖွယ်အမှုများကို အီဂျစ်ပြည်အပေါ်၊ ဖာရောမင်းကြီးနှင့်သူ၏နန်းတော်သူနန်းတော်သားအပေါင်းတို့အပေါ် ကျရောက်စေတော်မူခဲ့၏။
အကြောင်းမူကား အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တကွ ဘိုးဘေးတို့ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ထုတ်ဆောင်ပေးခဲ့သောအရှင်၊ အကျွန်ုပ်တို့ မျက်စိရှေ့တွင်ပင် ကြီးမားသောနိမိတ်လက္ခဏာများကို ပြတော်မူသောအရှင်၊ လူမျိုးခြားတို့အကြား ဖြတ်ကျော်လာရသောလမ်းခရီးတစ်လျှောက်လုံးတွင် အကျွန်ုပ်တို့ကို စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။
ယာကုပ်သည် အီဂျစ်ပြည်သို့ ရောက်သွားပြီးနောက် သင်တို့၏ဘိုးဘေးတို့သည် ထာဝရဘုရားထံ အော်ဟစ်ကြ၏။ ထိုအခါ ထာဝရဘုရားသည် မောရှေနှင့်အာရုန်ကို စေလွှတ်တော်မူ၍ သူတို့သည် သင်တို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ဤအရပ်တွင် နေထိုင်စေ၏။