ဆာလံ 135:9 - မြန်မာ့စံမီသမ္မာကျမ်း9 အို အီဂျစ်ပြည်၊ ကိုယ်တော်သည် နိမိတ်လက္ခဏာများနှင့်တန်ခိုးလက္ခဏာတို့ကို သင်၏အလယ်၊ ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းအပေါင်းတို့အပေါ် ကျရောက်စေတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible9 ထိုပြည်တွင်ဖာရောဘုရင်နှင့် သူ၏အမှုထမ်းအပေါင်းတို့ကိုဒဏ်ခတ်တော် မူရန် ကိုယ်တော်သည်ထူးဆန်းသောနိမိတ်လက္ခဏာ များနှင့် အံ့သြဖွယ်အမှုတို့ကိုပြုတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible9 အို အိ ဂျစ် ပြည်၊ သင့် အထဲ တွင် ဖာ ရော မင်း မှ စ၍၊ ကျေး ကျွန် အ ပေါင်း တို့ အ ပေါ် သို့ လ က္ခ ဏာ သက် သေ နှင့် အံ့ ဖွယ် ရာ များ ကို စေ လွှတ် တော် မူ ခဲ့ ၏။ အခန်းကိုကြည့်ပါ။Judson Bible9 အို အဲဂုတ္တုပြည်၊ သင်၏အထဲမှာ ဖာရောမင်းမှစ၍၊ သူ၏ကျွန်အပေါင်းတို့၏အပေါ်သို့ လက္ခဏာသက်သေ၊ အံ့ဖွယ်သောအမှုတို့ကို စေလွှတ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဖာရောမင်းကြီးအပါအဝင် သူ၏အစေအပါးအပေါင်းတို့နှင့် ပြည်သူပြည်သားအပေါင်းတို့ကို ဆန့်ကျင်၍ နိမိတ်လက္ခဏာများ၊ အံ့ဖွယ်အမှုများကို ကိုယ်တော်ပြတော်မူပါ၏။ အကြောင်းမူကား သူတို့သည် ဘိုးဘေးတို့အား ဖိနှိပ်ညှဉ်းဆဲကြသည်ကို ကိုယ်တော်သိတော်မူ၍ ကိုယ်တော်သည် နာမတော်ကို ယနေ့တိုင် ထင်ရှားစေတော်မူပြီ။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် ပြုတော်မူသောအမှုအပေါင်းတို့ကဲ့သို့ မည်သည့်ဘုရားတစ်ပါးပါးက စုံစမ်းမှုပြုလျက်၊ နိမိတ်လက္ခဏာပြလျက်၊ အံ့ဖွယ်အမှုပြုလျက်၊ စစ်တိုက်လျက်၊ အားကြီးသောလက်နှင့် လက်ရုံးကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက် မိမိအဖို့ လူမျိုးတစ်မျိုးကို အခြားလူမျိုးတစ်မျိုးမျိုးထဲမှ သွား၍ထုတ်ဆောင်ရန် ကြိုးပမ်းဖူးသလော။