သို့သော် ဘုရားသခင်၏လူက ရှင်ဘုရင်အား “အကျွန်ုပ်အား နန်းတော်တစ်ဝက်ပေးလျှင်ပင် အကျွန်ုပ်မလိုက်နိုင်ပါ။ ဤအရပ်၌ အစာကိုလည်း မစား၊ ရေကိုလည်း မသောက်ပါ။
ကမ္ဘာဦး 14:23 - မြန်မာ့စံမီသမ္မာကျမ်း ‘ငါသည် အာဗြံကိုချမ်းသာကြွယ်ဝစေပြီ’ဟု မင်းကြီးဆိုစရာမရှိစေရန် မင်းကြီးပိုင်ဆိုင်သောအရာအားလုံးထဲမှ အပ်ချည်တစ်မျှင်၊ သည်းကြိုးတစ်ချောင်းကိုမျှ အကျွန်ုပ်မယူပါ။ |
သို့သော် ဘုရားသခင်၏လူက ရှင်ဘုရင်အား “အကျွန်ုပ်အား နန်းတော်တစ်ဝက်ပေးလျှင်ပင် အကျွန်ုပ်မလိုက်နိုင်ပါ။ ဤအရပ်၌ အစာကိုလည်း မစား၊ ရေကိုလည်း မသောက်ပါ။
ဧလိရှဲက “ငါကိုးကွယ်သောထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်လက်ဆောင်ကို ငါလက်မခံ”ဟု ဆို၏။ လက်ဆောင်ကိုလက်ခံရန် နေမန်တိုက်တွန်းသော်လည်း သူငြင်းဆို၏။
ဘုရားသခင်၏လူဧလိရှဲ၏ငယ်သား ဂေဟာဇိက “ငါ့သခင်သည် ဤဆီးရီးယားလူမျိုးနေမန် ယူဆောင်လာသောလက်ဆောင်တို့ကို မယူဘဲ လက်လွှတ်လိုက်ပြီ။ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ ငါသည် သူ့နောက်သို့ပြေးလိုက်ပြီး သူ့ထံမှတစ်စုံတစ်ခုကိုတောင်းယူမည်”ဟု တွေး၏။
ထိုအရှင်သည် ငါ့နောက်တွင်ကြွလာသောအရှင်ဖြစ်၏။ ထိုအရှင်၏ခြေနင်းတော်ကြိုးကိုဖြေပေးရန်ပင် ငါသည် မထိုက်တန်”ဟု ပြန်ပြော၏။
ယခု ငါသည် သင်တို့ထံသို့ တတိယအကြိမ်လာရန် အသင့်ရှိ၏။ သို့သော် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်မဟုတ်။ အကြောင်းမူကား ငါသည် သင်တို့၏ဥစ္စာများကို အလိုရှိသည်မဟုတ်။ သင်တို့ကိုသာ အလိုရှိ၏။ သားသမီးတို့သည် မိဘတို့အတွက် စုဆောင်းရသည်မဟုတ်ဘဲ မိဘတို့ကသာ သားသမီးတို့အတွက် စုဆောင်းရ၏။
အသက်ရှင်နေထိုင်မှုတွင် ငွေကိုတပ်မက်ခြင်းမရှိဘဲ မိမိ၌ရှိသောအရာနှင့် ရောင့်ရဲကြလော့။ အကြောင်းမူကား “ငါသည် မည်သည့်အခါမျှ သင့်ကိုစွန့်ခွာမည်မဟုတ်။ မည်သည့်အခါမျှ သင့်ကိုပစ်ပယ်မည်မဟုတ်”ဟု ကိုယ်တော်မိန့်တော်မူ၏။