၄ ရာ 5:16 - မြန်မာ့စံမီသမ္မာကျမ်း16 ဧလိရှဲက “ငါကိုးကွယ်သောထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်လက်ဆောင်ကို ငါလက်မခံ”ဟု ဆို၏။ လက်ဆောင်ကိုလက်ခံရန် နေမန်တိုက်တွန်းသော်လည်း သူငြင်းဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible16 ဧလိရှဲက``ငါသည်လက်ဆောင်ကိုလက်ခံမည် မဟုတ်ကြောင်း ငါကိုးကွယ်သည့်အသက်ရှင်တော် မူသောထာဝရဘုရားကိုတိုင်တည်ပြော၏'' ဟု ဆို၏။ နေမန်သည်ဧလိရှဲအားလက်ဆောင်ကိုလက်ခံ ပါရန် အကြိမ်ကြိမ်တိုက်တွန်းသော်လည်းဧလိရှဲ သည်လက်မခံဘဲနေ၏။- အခန်းကိုကြည့်ပါ။Garrad Bible16 ဧ လိ ရှဲ က၊ ငါ ခ စား လျက် နေ သော ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း မည် သည် ကို မျှ မ ခံ မ ယူ ဟု ဆို လျှင် ထပ် မံ တိုက် တွန်း သော် လည်း ငြင်း ပယ် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible16 ဧလိရှဲကလည်း၊ ငါကိုးကွယ်သော ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း မခံမယူရဟုဆိုလျှင်၊ ခံယူစေခြင်းငှာ တစ်ဖန် တိုက်တွန်းသော်လည်း ငြင်းပယ်လျက်နေ၏။ အခန်းကိုကြည့်ပါ။ |
ယခု ငါသည် သင်တို့ထံသို့ တတိယအကြိမ်လာရန် အသင့်ရှိ၏။ သို့သော် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်မဟုတ်။ အကြောင်းမူကား ငါသည် သင်တို့၏ဥစ္စာများကို အလိုရှိသည်မဟုတ်။ သင်တို့ကိုသာ အလိုရှိ၏။ သားသမီးတို့သည် မိဘတို့အတွက် စုဆောင်းရသည်မဟုတ်ဘဲ မိဘတို့ကသာ သားသမီးတို့အတွက် စုဆောင်းရ၏။