ဟေရှာယ 6:2 - Common Language Bible ကိုယ်တော်အားမီးလျှံထလျက်နေသောကောင်းကင်တမန်များသည် ခြံရံကာရပ်လျက်နေကြ၏။ သူတို့မှာအတောင်ခြောက်ခုစီရှိ၏။ သူတို့သည်အတောင်နှစ်ခုဖြင့်မိမိတို့မျက်နှာကိုလည်းကောင်း၊ အခြားနှစ်ခုဖြင့်ကိုယ်ခန္ဓာကိုလည်းကောင်းဖုံးအုပ်ထားကာကျန်အတောင်နှစ်ခုကိုမူပျံတက်ရာတွင်အသုံးပြုကြလေသည်။- Garrad Bible တ မန် စ ရာ ပ တို့ သည်၊ တစ် ပါး လျှင် အ တောင် သုံး စုံ ရှိ၍ တစ် စုံ ဖြင့် မျက် နှာ ကို ကွယ် ကာ လျက်၊ တစ် စုံ ဖြင့် ခြေ ကို ဖုံး အုပ် လျက်၊ တစ် စုံ ဖြင့် ပျံ ဝဲ လျက်၊ ရှေ့ တော် တွင် ခ စား ကြ ရာ၊ Judson Bible ကောင်းကင်တမန်သရပ်တို့သည် ပလ္လင်တော်တစ်ဖက်တစ်ချက်၌ ရပ်နေကြ၏။ သူတို့သည် အတောင်ခြောက်ခုစီရှိ၍၊ အတောင်နှစ်ခုဖြင့် မျက်နှာကိုဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ခြေတို့ကိုဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ပျံတတ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သရပ်တို့သည် ပလ္လင်တော်၏အထက်၌ရပ်နေကြ၏။ သူတို့တစ်ပါးစီ၌ တောင်ပံခြောက်ခုစီရှိ၍ တောင်ပံနှစ်ခုဖြင့် မျက်နှာကိုဖုံး၏။ တောင်ပံနှစ်ခုဖြင့် ခြေကိုဖုံး၏။ တောင်ပံနှစ်ခုဖြင့် ပျံသန်း၏။ |
ထိုအသံကိုကြားသောအခါ ဧလိယသည် မိမိ၏မျက်နှာကိုဝတ်လုံဖြင့်အုပ်၍ထွက်သွား ပြီးလျှင်ဂူဝတွင်ရပ်နေ၏။ ထိုအခါ``ဧလိယ၊ သင်သည်အဘယ်ကြောင့်ဤအရပ်သို့ရောက်ရှိ လာသနည်း'' ဟုမေးသံကိုကြားရ၏။
မိက္ခာကဆက်လက်၍အာဟပ်အား``ထာဝရ ဘုရားမိန့်တော်မူသောစကားကိုယခုနား ထောင်ပါလော့။ ထာဝရဘုရားသည်ကောင်းကင် ဘုံရှိပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော်မူ သည်ကိုလည်းကောင်း၊ ကိုယ်တော်၏အပါးတော် တွင်ကောင်းကင်တမန်များရပ်လျက်နေကြ သည်ကိုလည်းကောင်းငါမြင်၏။-
ထိုခေရုဗိမ်နှစ်ပါးတို့သည်အရပ်နှင့်သဏ္ဌာန် တူညီကြ၏။ ယင်းတို့တွင်အလျားခုနစ်ပေခွဲ ရှိသောအတောင်နှစ်ခုစီရှိသဖြင့် အတောင် ဖျားတစ်ခုမှအခြားတစ်ခုအထိတစ်ဆယ့် ငါးပေရှိလေသည်။-
ခေရုဗိမ်တို့ဖြန့်ထားသည့်အတောင်နှစ်ခုတို့ သည် နံရံများနှင့်ထိ၍နေကြစေရန်ခေရုဗိမ် နှစ်ပါးကိုယှဉ်၍ အလွန်သန့်ရှင်းရာဌာန၌ ထားရှိ၏။-
ခေရုဗိမ်တို့၏အတောင်များသည်ပဋိညာဉ် သေတ္တာအပေါ်သို့ဖြန့်လျက် သေတ္တာတော်နှင့် ထမ်းပိုးများကိုပါလွှမ်းမိုးထားလေသည်။-
ထိုနောက် ဣသရေလအမျိုးသားတို့ကဤပတ္ထနာကို ဆုတောင်းကြ၏။ ``အို ထာဝရဘုရားကိုယ်တော်သာလျှင် ထာဝရဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်သည်မိုးကောင်းကင်နှင့်ကောင်းကင် ကြယ်နက္ခတ်များကိုဖန်ဆင်းတော်မူပါ၏။ မြေကြီးနှင့်ပင်လယ်ကိုလည်းကောင်း မြေကြီးပေါ်နှင့်ပင်လယ်တွင်ရှိသောအရာများ ကိုလည်းကောင်းဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်သည်အရာခပ်သိမ်းကို အသက်ရှင်စေတော်မူပါ၏။ မိုးကောင်းကင်ကြယ်နက္ခတ်တို့သည် ကိုယ်တော်အားဦးညွှတ်ရှိခိုးကြပါ၏။
ဘုရားသခင်၏ သားတို့သည်ထာဝရဘုရားထံတော်၌ ခစားခြင်းငှါလာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍လာ၏။
ဘုရားသခင်သည် မိမိသန့်ရှင်းသူတို့ကိုပင် ယုံတော်မမူ။ ကောင်းကင်ဘုံသော်လည်းရှေ့တော်၌ မစင်ကြယ်။
အမှုတော်ထမ်းတို့ကို ယုံတော်မမူ။ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ၏။
တန်ခိုးစွမ်းရည်ကြီးမား၍ကိုယ်တော်၏ အမိန့်တော်များကိုလိုက်နာလျက် ကိုယ်တော်၏စကားကိုနားထောင်သော ကောင်းကင်တမန်တို့၊ ထာဝရဘုရားအားထောမနာပြုကြလော့။
ကိုယ်တော်ရှင်သည်လေတို့ကိုစေတမန်များ အဖြစ်ဖြင့်လည်းကောင်း၊ လျှပ်စစ်လျှပ်နွယ်တို့ကိုအစေခံများ အဖြစ်ဖြင့်လည်းကောင်းအသုံးပြုတော် မူပါ၏။
ကိုယ်တော်သည်ခေရုဗိမ် ကိုစီးလျက်၊ လေ၏အဟုန်ဖြင့်လျင်မြန်စွာကြွလာတော်မူ၏။
ကိုယ်တော်ရှင်သည်သန့်ရှင်းသူတို့၏ကောင်စီတွင် ရိုသေလေးမြတ်ခြင်းကိုခံရပါ၏။ သူတို့သည်ကိုယ်တော်ရှင်အားလွန်စွာ ကြောက်ရွံ့ရိုသေကြပါ၏။
ခေရုဗိမ်များ၏ဖြန့်ထားသောအတောင်များ သည် သေတ္တာအဖုံးကိုဖြန့်မိုးထားစေရမည်။ သူတို့သည်မျက်နှာချင်းဆိုင်၍သေတ္တာဖုံးကို ကြည့်နေစေရမည်။-
ငါသည်သင့်အဖ၏ဘုရား၊ အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဖြစ်သည်'' ဟုမိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကိုမကြည့်ဝံ့သဖြင့်၊ သူ၏ မျက်နှာကိုဖုံးအုပ်ထားလေ၏။
ခေရုဗိမ်များသည်မျက်နှာချင်းဆိုင်လျက် သူတို့၏အတောင်ပံများကိုဖြန့်၍သေတ္တာ တော်အဖုံးကိုအုပ်ထား၏။
ထိုအခါကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်မှမီးခဲတစ်ခဲကိုမီးညှပ်နှင့်ညှပ်၍ယူဆောင်ကာ ငါ့ထံသို့ပျံဆင်းလာ၏။-
ထိုသတ္တဝါတို့သည်တစ်ပါးနှင့်တစ်ပါးအတောင်ဖျားချင်းထိအောင် တောင်ပံနှစ်ခုစီဖြန့်၍ထားပြီးလျှင် အခြားတောင်ပံနှစ်ခုဖြင့်မိမိတို့ကိုယ်ကိုအုပ်ထားကြ၏။-
သူတို့ပျံသန်းကြသောအခါအတောင်ခတ်သည့်အသံကိုငါကြားရ၏။ ထိုအသံသည်ပင်လယ်မြည်ဟည်းသကဲ့သို့လည်းကောင်း၊ ကြီးမားသောစစ်သည်ဗိုလ်ခြေတို့၏အသံကဲ့သို့ကဲ့သို့လည်းကောင်း၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏အသံတော်ကဲ့သို့ဖြစ်၏။ သူတို့ရပ်နားကြသောအခါမိမိတို့၏အတောင်များကိုချထားကြ၏။-
ငါသည်မော်၍ကြည့်လိုက်သောအခါမြောက်အရပ်မှ လေမုန်တိုင်းတစ်ခုလာနေသည်ကိုမြင်ရ၏။ မိုးတိမ်တိုက်ကြီးတစ်ခုမှလျှပ်ပန်းလျှပ်နွယ်များထွက်လျက် ထိုမိုးတိမ်၏ပတ်လည်ရှိကောင်းကင်ပြင်သည်ဝင်းဝါတောက်ပလျက်နေ၏။ လျှပ်ပန်းလျှပ်နွယ်ထွက်ရာတွင်ကြေးဝါနှင့်တူသောအရာတစ်ခုသည်အရောင်လက်၍နေ၏။-
ထိုသတ္တဝါတို့သည်တစ်ပါးနှင့်တစ်ပါးထိအောင်တောင်ပံနှစ်ခုစီကိုဖြန့်လျက် ရှေ့တူရူသို့အသီးသီးမျက်နှာမူလျက်နေကြ၏။ သူတို့သည်မိမိတို့၏ကိုယ်ကိုမလှည့်ဘဲအစုလိုက်သွားလာကြ၏။
သတ္တဝါတို့လှုပ်ရှားသောအခါသူတို့အနီး ရှိဘီးတို့သည်လည်းလှုပ်ရှားကြ၏။ သူတို့ ပျံရန်အတောင်ကိုဖြန့်ကြသောအခါ ဘီး တို့သည်လည်းလိုက်၍သွားကြ၏။-
သူတို့တစ်ပါးစီတွင်မျက်နှာလေးခု၊ တောင်ပံ လေးဘက်နှင့်ထိုတောင်ပံများ၏အောက်တွင် လူ့လက်နှင့်တူသောလက်တစ်ဖက်စီရှိ၏။-
ထိုပလ္လင်တော်မှမြစ်သဖွယ်မီးရောင်ခြည်ထွက်လျက်နေ၏။ ထိုအရပ်တွင်ကိုယ်တော်၏အမှုတော်ကိုထမ်းဆောင်သူထောင်ပေါင်းများစွာရှိ၏။ ရှေ့တော်တွင်ရပ်လျက်ခစားနေသူလည်းသန်းပေါင်းများစွာရှိပေသည်။ တရားစီရင်တော်မူချိန်စတော့မည်ဖြစ်သဖြင့်စာစောင်များဖွင့်ထားလျက်ရှိ၏။
ယင်းသို့ငါဆုတောင်းပတ္ထနာပြုလျက်နေ စဉ် ယခင်ဗျာဒိတ်ရူပါရုံတွင်ငါတွေ့မြင် ခဲ့သူ၊ ဂါဗြေလသည်ငါရှိရာသို့ပျံဝဲ ဆင်းသက်လာ၏။ ထိုအချိန်ကားညဥ့်ဦး ယံယဇ်ပူဇော်ရာအချိန်ဖြစ်၏။-
ကောင်းကင်တမန်သည်မိမိ၏အစေအပါး ကောင်းကင်သားတို့အား``ဤသူဝတ်ဆင်ထား သည့်အဝတ်ညစ်တို့ကိုချွတ်ပစ်လော့'' ဟုဆို ပြီးလျှင်၊ ယောရှုအား``ငါသည်သင်၏အပြစ် ကိုဖယ်ရှားလိုက်ပြီးလျှင်သင်ဝတ်ဆင်ရန် အဝတ်သစ်များကိုပေးပါအံ့'' ဟုပြော လေသည်။
ထိုသို့မီးရှို့ပူဇော်နေချိန်၌ကိုးကွယ်ဝတ်ပြု သူလူအပေါင်းတို့သည် အပြင်မှာဆုတောင်း လျက်နေကြ၏။-
ကောင်းကင်တမန်များအကြောင်းကိုဖော်ပြရာ၌ ``ဘုရားသခင်သည်မိမိ၏ကောင်းကင်တမန် များကို လေကဲ့သို့ဖြစ်စေတော်မူ၏။ မိမိ၏အစေခံများကိုမီးလျှံကဲ့သို့ဖြစ်စေ တော်မူ၏'' ဟုမိန့်တော်မူ၏။-
ထိုနောက်ကောင်းကင်အလယ်တွင် ကောင်းကင် တမန်တစ်ပါးပျံဝဲလျက်နေသည်ကိုငါ မြင်ရ၏။ သူသည်တိုင်းနိုင်ငံအသီးသီးရှိ ဘာသာစကားအမျိုးမျိုးကိုပြောဆိုသူ လူအမျိုးအနွယ်ခပ်သိမ်းတို့အား ကြေညာ ရန်ထာဝရသတင်းကောင်းကိုယူဆောင် လာ၏။-
ထိုသတ္တဝါလေးပါးစလုံးတွင်အတောင်ခြောက်ခု စီရှိ၏။ သူတို့၏ကိုယ်အတွင်းအပြင်၌မျက်စိ များဖြင့်ပြည့်နှက်လျက်နေ၏။ သူတို့သည်နေ့ ရောညဥ့်ပါမနားဘဲ၊ ``ထာဝရအရှင်ဘုရားသခင်သည် မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ် သန့်ရှင်းတော်မူ၏။ ကိုယ်တော်သည်အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ကာလ အစဉ်ရှိနေတော်မူ၏။ ဟုမြွက်ဆိုကြ၏။-
ကောင်းကင်တမန်အပေါင်းတို့သည်ပလ္လင် တော်ကိုလည်းကောင်း၊ အကြီးအကဲများ နှင့်သက်ရှိသတ္တဝါလေးပါးတို့ကိုလည်း ကောင်းဝိုင်းရံလျက်ရပ်ကြ၏။ ထိုနောက်သူ တို့သည်ပလ္လင်တော်ရှေ့၌ပျပ်ဝပ်ကာဘုရား သခင်အားရှိခိုးကြ၏။-
ထိုနောက်ငါကြည့်လိုက်သောအခါကောင်းကင် အလယ်တွင် ပျံဝဲလျက်နေသောလင်းယုန်ငှက် တစ်ကောင်ကိုမြင်ရ၏။ ထိုငှက်က``အခြားကောင်း ကင်တမန်သုံးပါးမှုတ်ကြမည့်တံပိုးခရာသံ သုံးချက်ကြောင့်ကမ္ဘာမြေပေါ်ရှိသတ္တဝါတို့ သည်အမင်္ဂလာရှိကြလိမ့်မည်။ အမင်္ဂလာရှိကြ လိမ့်မည်။ အမင်္ဂလာရှိကြလိမ့်မည်'' ဟုအသံ ကျယ်စွာပြောဆိုနေသည်ကိုငါကြားရ၏။