ထွက်မြောက် 37:9 - Common Language Bible9 ခေရုဗိမ်များသည်မျက်နှာချင်းဆိုင်လျက် သူတို့၏အတောင်ပံများကိုဖြန့်၍သေတ္တာ တော်အဖုံးကိုအုပ်ထား၏။ အခန်းကိုကြည့်ပါ။Garrad Bible9 ထို ခေ ရု ဗ နှစ် ပါး တို့ သည် မျက် နှာ ချင်း ဆိုင် ပ လ္လင် တော် ကို ရှု ကြည့် ဟန်၊ အ တောင် ဖြင့် ပ လ္လင် တော် ကို ဖြန့် မိုး လျက် ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible9 ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကိုရှုလျက်၊ မိမိအတောင်ကိုဖြန့်၍ သေတ္တာဖုံးကိုမိုးလျက်ရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ခေရုဗိမ်တို့သည် အတောင်များကို အထက်သို့ဖြန့်လျက်၊ သူတို့၏အတောင်များဖြင့် ကရုဏာတော်ပလ္လင်ကိုအုပ်မိုးလျက်၊ တစ်ပါးနှင့်တစ်ပါးမျက်နှာချင်းဆိုင်လျက် ရှိ၏။ ခေရုဗိမ်တို့သည် ကရုဏာတော်ပလ္လင်ဘက်သို့ မျက်နှာမူ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်အားမီးလျှံထလျက်နေသောကောင်းကင်တမန်များသည် ခြံရံကာရပ်လျက်နေကြ၏။ သူတို့မှာအတောင်ခြောက်ခုစီရှိ၏။ သူတို့သည်အတောင်နှစ်ခုဖြင့်မိမိတို့မျက်နှာကိုလည်းကောင်း၊ အခြားနှစ်ခုဖြင့်ကိုယ်ခန္ဓာကိုလည်းကောင်းဖုံးအုပ်ထားကာကျန်အတောင်နှစ်ခုကိုမူပျံတက်ရာတွင်အသုံးပြုကြလေသည်။-
သို့ဖြစ်၍ငါတို့အားလုံးသည်မျက်နှာဖုံးမရှိ တော့ဘဲသခင်ဘုရား၏ဘုန်းအသရေတော်ကို ရောင်ပြန်ဟပ်လျက်ရှိကြ၏။ ဝိညာဉ်တော်တည်း ဟူသောသခင်ဘုရားမှလွှတ်သောထိုဘုန်း အသရေတော်သည် ငါတို့အားအစဉ်တစိုက် ဘုန်းအသရေတိုးပွားစေ၍ကိုယ်တော်၏ပုံ သဏ္ဌာန်တော်သို့ပြောင်းလဲစေလျက်ရှိ၏။
ထိုမျှမကငါ၏အရှင်ခရစ်တော်ယေရှုကိုသိကျွမ်း ရခြင်းသည်ထိုအရာများနှင့်အရာခပ်သိမ်းတို့ထက် တန်ခိုးရှိသည်ဖြစ်၍ ယင်းတို့ကိုငါ့အားရှုံးစေသည့် အရာများဟူ၍မှတ်ယူ၏။ ငါသည်ကိုယ်တော်အတွက် ခပ်သိမ်းသောအရာတို့ကိုစွန့်ပယ်ခဲ့၏။ ခရစ်တော်ကို အမြတ်ရနိုင်ရန်လည်းကောင်း၊ ကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်နိုင်ရန်လည်းကောင်းထိုအရာ များကိုအမှိုက်သရိုက်ကဲ့သို့ငါထင်မှတ်၏။ ငါသည် ပညတ်တရားကိုစောင့်ထိန်းခြင်းအားဖြင့်ဖြောင့်မတ် ခြင်းမရရှိပေ။ ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာလျှင်ဖြောင့်မတ်ခြင်းကိုရရှိ၏။ ထိုကဲ့သို့ သောဖြောင့်မတ်ခြင်းသည်ဘုရားသခင်ပေးသနား တော်မူသောဖြောင့်မတ်ခြင်းဖြစ်၍ယုံကြည်ခြင်း အပေါ်တွင်အခြေခံပေသည်။-
ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။ ကိုယ်တော်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူ ပြီ။ ဟုတ်မှန်တော်မူကြောင်းကိုဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ။ ကောင်းကင်တမန်များသည်ကိုယ်တော်ကို ရှုမြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းတော်ကို လူမျိုးတကာတို့အားကြေညာပြီ။ ကမ္ဘာပေါ်ရှိလူတို့သည်ယုံကြည်ကြပြီ။ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူပြီ။
ထိုသူတို့ယင်းအကြောင်းအရာများကိုဟော ပြောကြသည်မှာမိမိတို့အကျိုးအတွက် မဟုတ်။ သင်တို့အကျိုးအတွက်ဖြစ်ကြောင်း သင်တို့အားဘုရားသခင်ဖော်ပြတော်မူ ပေသည်။ သင်တို့ထံသတင်းကောင်းကိုယူ ဆောင်လာသူများသည်ထိုပရောဖက်တို့ ကြိုတင်ဟောပြောသည့်အကြောင်းအရာ များကို ကောင်းကင်ဘုံမှသန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးအားဖြင့်သင်တို့ အားဖော်ပြကြေညာသဖြင့်သင်တို့ကြား ရကြပြီ။ ထိုအရာများအကြောင်းကို ကောင်းကင်တမန်များပင်လျှင်သိရှိ နားလည်လိုကြပေသည်။