Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 6:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 သရပ်​တို့​သည် ပလ္လင်​တော်​၏​အထက်​၌​ရပ်​နေ​ကြ​၏​။ သူ​တို့​တစ်ပါးစီ​၌ တောင်ပံ​ခြောက်​ခု​စီ​ရှိ​၍ တောင်ပံ​နှစ်​ခု​ဖြင့် မျက်နှာ​ကို​ဖုံး​၏​။ တောင်ပံ​နှစ်​ခု​ဖြင့် ခြေ​ကို​ဖုံး​၏​။ တောင်ပံ​နှစ်​ခု​ဖြင့် ပျံသန်း​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ကိုယ်​တော်​အား​မီး​လျှံ​ထ​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​များ​သည် ခြံ​ရံ​ကာ​ရပ်​လျက်​နေ​ကြ​၏။ သူ​တို့​မှာ​အ​တောင်​ခြောက်​ခု​စီ​ရှိ​၏။ သူ​တို့​သည်​အ​တောင်​နှစ်​ခု​ဖြင့်​မိ​မိ​တို့​မျက်​နှာ​ကို​လည်း​ကောင်း၊ အ​ခြား​နှစ်​ခု​ဖြင့်​ကိုယ်​ခန္ဓာ​ကို​လည်း​ကောင်း​ဖုံး​အုပ်​ထား​ကာ​ကျန်​အ​တောင်​နှစ်​ခု​ကို​မူ​ပျံ​တက်​ရာ​တွင်​အ​သုံး​ပြု​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 တ မန် စ ရာ ပ တို့ သည်၊ တစ် ပါး လျှင် အ တောင် သုံး စုံ ရှိ၍ တစ် စုံ ဖြင့် မျက် နှာ ကို ကွယ် ကာ လျက်၊ တစ် စုံ ဖြင့် ခြေ ကို ဖုံး အုပ် လျက်၊ တစ် စုံ ဖြင့် ပျံ ဝဲ လျက်၊ ရှေ့ တော် တွင် ခ စား ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ကောင်း​ကင်​တ​မန်​သ​ရပ်​တို့​သည် ပ​လ္လင်​တော်​တစ်​ဖက်​တစ်​ချက်၌ ရပ်​နေ​ကြ၏။ သူ​တို့​သည် အ​တောင်​ခြောက်​ခု​စီ​ရှိ၍၊ အ​တောင်​နှစ်​ခု​ဖြင့် မျက်​နှာ​ကို​ဖုံး​လျက်၊ အ​တောင်​နှစ်​ခု​ဖြင့် ခြေ​တို့​ကို​ဖုံး​လျက်၊ အ​တောင်​နှစ်​ခု​ဖြင့် ပျံ​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 6:2
34 ပူးပေါင်းရင်းမြစ်များ  

အာဗြံ​သည် ပျပ်ဝပ်​လျက်​နေ​၏​။ ဘုရားသခင်​က


ဧလိယ​သည် ထို​အသံ​ကို​ကြား​လျှင် မိမိ​မျက်နှာ​ကို ဝတ်လုံ​နှင့်​အုပ်​ပြီး တောင်ထိပ်​လိုဏ်ဂူ​ဝ​တွင် ထွက်​ရပ်​နေ​၏​။ ထိုအခါ အသံ​တော်​က “​ဧလိယ​၊ ဤ​နေရာ​တွင် ဘာလုပ်​နေ​သနည်း​”​ဟု သူ့​အား မေး​၏​။


မိက္ခာယ​က​လည်း “​သို့ဖြစ်၍ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ပါ​လော့​။ ထာဝရဘုရား​သည် မိမိ​ပလ္လင်​ပေါ်တွင်​စံမြန်း​လျက် ကောင်းကင်​ဗိုလ်ခြေ​အပေါင်း​တို့​သည် ကိုယ်တော်​၏​လက်ဝဲ​ဘက်​၊ လက်ယာ​ဘက်​တို့​၌ ရပ်​၍​ခစား​နေ​ကြ​သည်​ကို အကျွန်ုပ်​မြင်​ပါ​၏​။


ထို​ခေရုဗိမ်​တစ်ပါး​၏​အတောင်ပံ​သည် တစ်ဖက်​လျှင် ငါး​တောင်​ရှိ​ပြီး တောင်ပံ​တစ်ဖက်​ထိပ်​မှ​အခြား​တစ်ဖက်​ထိပ်​အထိ ဆယ်​တောင်​ရှိ​၏​။


ထို​ခေရုဗိမ်​တို့​ကို အိမ်​တော်​အတွင်းခန်း​တွင် ထားရှိ​၏​။ ခေရုဗိမ်​၏​အတောင်ပံ​တို့​သည် ဖြန့်​လျက်​နေ​၍ တစ်ပါး​၏​အတောင်ပံ​သည် နံရံ​တစ်ဖက်​ကို​ထိ​၍ အခြား​တစ်ပါး​၏​အတောင်ပံ​သည် နံရံ​အခြား​တစ်ဖက်​ကို​ထိ​နေ​၏​။ ကျန်​တောင်ပံ​နှစ်​ခု​မှာ အခန်း​အလယ်​တွင် အချင်းချင်း​ထိစပ်​လျက်​ရှိ​၏​။


ခေရုဗိမ်​တို့​၏​အတောင်​များ​သည် သေတ္တာ​တော်​နေရာ​အထက်​တွင် ဖြန့်​ထား​လျက်​ရှိ​သဖြင့် ထို​ခေရုဗိမ်​တို့​၏​အတောင်​များ​သည် သေတ္တာ​တော်​နှင့် ထမ်းပိုး​တော်​တို့​အပေါ် အုပ်မိုး​ထား​၏​။


ကိုယ်တော်​တစ်ပါးတည်း​သာလျှင် ထာဝရဘုရား​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် မိုးကောင်းကင်​၊ အမြင့်ဆုံးသောကောင်းကင်​နှင့်​ကောင်းကင်တန်ဆာ​အားလုံး​၊ မြေကြီး​နှင့်​မြေကြီး​တန်ဆာ​အားလုံး​၊ ပင်လယ်​နှင့်​ပင်လယ်တန်ဆာ​အားလုံး​ကို ဖန်ဆင်း​တော်မူ​၍ ထို​အရာ​အားလုံး​ကို​လည်း အသက်ရှင်​စေ​တော်မူ​၏​။ ကောင်းကင်​ဗိုလ်ခြေ​တို့​သည် ကိုယ်တော်​ကို​ရှိခိုးကိုးကွယ်​ကြ​ပါ​၏​။


တစ်နေ့တွင် ဘုရား​သား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ ဝင်ရောက်ခစား​သောအခါ စာတန်​သည်​လည်း သူ​တို့​နှင့်အတူ​ရောက်လာ​၏​။


ကိုယ်တော်​သည် မိမိ​၏​သန့်ရှင်း​သူ​တို့​ကို​ပင် ယုံကြည်​သည်​မ​ဟုတ်​။ ကောင်းကင်​သည်​ပင် ကိုယ်တော့်​ရှေ့​တွင် စင်ကြယ်​သည်​မ​ဟုတ်​။


မိမိ​အစေအပါး​တို့​ကို အယုံအကြည်​ရှိ​တော်​မ​မူ​၊ မိမိ​ကောင်းကင်တမန်​တို့​ကို​ပင် အပြစ်ရှိ​သည်​ဟု စီရင်​တော်မူ​လျှင်


ကိုယ်တော်​၏​အမိန့်​တော်​အတိုင်း​လုပ်ဆောင်​၍ အမိန့်​တော်​သံ​ကို​နာခံ​ကြ​သည့် တန်ခိုး​ခွန်အားကြီး​သော ကိုယ်တော်​၏​ကောင်းကင်တမန်​တို့​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။


မိမိ​၏​ကောင်းကင်တမန်​တို့​ကို လေ​ကဲ့သို့​လည်းကောင်း​၊ မိမိ​၏​အမှု​ကို​ထမ်းဆောင်​သော​သူ​တို့​အား လောင်ကျွမ်း​သော​မီး​ကဲ့သို့​လည်းကောင်း ဖြစ်​စေ​တော်မူ​၏​။


ကိုယ်တော်​သည် ခေရုဗိမ်​ကို​စီး​၍ ပျံသန်း​တော်မူ​၏​။ လေ​အတောင်ပံ​များ​အားဖြင့် ထိုးဆင်း​တော်မူ​၏​။


ဘုရားသခင်​သည် သန့်ရှင်း​သော​သူ​တို့​၏ အစည်းအဝေး​တွင် အလွန်​ကြောက်ရွံ့ရိုသေ​ခြင်း​ကို ခံရ​သော​အရှင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​ပတ်လည်​၌​ရှိ​သော​သူ​အပေါင်း​တို့​ထက် အံ့ဩ​ဖွယ်​ဖြစ်​တော်မူ​၏​။


ခေရုဗိမ်​တို့​သည် အတောင်​များ​ကို အထက်​သို့​ဖြန့်​လျက်​၊ သူ​တို့​၏​အတောင်​များ​ဖြင့် ကရုဏာ​တော်​ပလ္လင်​ကို​အုပ်မိုး​လျက်​၊ တစ်ပါး​နှင့်​တစ်ပါး​မျက်နှာချင်းဆိုင်​လျက် ရှိ​ရ​မည်​။ ခေရုဗိမ်​တို့​သည် ကရုဏာ​တော်​ပလ္လင်​ဘက်​သို့ မျက်နှာမူ​ရ​မည်​။


တစ်ဖန် ဘုရားသခင်​က “​ငါ​သည် သင့်​ဖခင်​၏​ဘုရား​၊ အာဗြဟံ​၏​ဘုရား​၊ ဣဇက်​၏​ဘုရား​၊ ယာကုပ်​၏​ဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​သည် ဘုရားသခင်​ကို​မကြည့်ဝံ့​သဖြင့် မိမိ​မျက်နှာ​ကို ဖုံးကွယ်​ထား​လေ​၏​။


ခေရုဗိမ်​တို့​သည် အတောင်​များ​ကို အထက်​သို့​ဖြန့်​လျက်​၊ သူ​တို့​၏​အတောင်​များ​ဖြင့် ကရုဏာ​တော်​ပလ္လင်​ကို​အုပ်မိုး​လျက်​၊ တစ်ပါး​နှင့်​တစ်ပါး​မျက်နှာချင်းဆိုင်​လျက် ရှိ​၏​။ ခေရုဗိမ်​တို့​သည် ကရုဏာ​တော်​ပလ္လင်​ဘက်​သို့ မျက်နှာမူ​၏​။


ထို့နောက် သရပ်​တို့​ထဲမှ​တစ်​ပါး​သည် ငါ့​ထံသို့​ပျံသန်း​လာ​၏​။ လက်​ထဲ၌ မီးညှပ်​ဖြင့် ယဇ်ပလ္လင်​ပေါ်​မှ​ယူ​သော မီးခဲ​တစ်​ခဲ​ပါလာ​၏​။


မျက်နှာ​ပုံစံ​များ ရှိ​၏​။ အတောင်ပံ​များ​သည်​လည်း တစ်စုံ​မှာ အထက်​သို့​ဖြန့်​၍ တစ်ပါး​နှင့်​တစ်ပါး အတောင်​ချင်း​ထိ​ထား​၏​။ ကျန်​တောင်ပံ​တစ်စုံ​မှာ ကိုယ်​ကို​ဖုံးအုပ်​ထား​၏​။


သူ​တို့​သွား​သောအခါ ရေလှိုင်းပုတ်သံ​ကြီး​ကဲ့သို့​၊ အနန္တတန်ခိုးရှင်​၏​အသံ​ကဲ့သို့ သူ​တို့​၏​တောင်ပံခတ်သံ​ကို ငါ​ကြား​ရ​၏​။ သူ​တို့​သွား​သော​အသံ​သည် စစ်ချီ​သံ​ကဲ့သို့ ဖြစ်​၏​။ သူ​တို့​ရပ်​နေ​သောအခါ အတောင်ပံ​များ​ကို ချ​ထား​၏​။


ငါ​ကြည့်​လိုက်​သော် မြောက်ဘက်​အရပ်​မှ လေပြင်းမုန်တိုင်း လာ​နေ​သည်​ကို မြင်​ရ​၏​။ ထို​လေပြင်းမုန်တိုင်း​တွင် မီးတောက်မီးလျှံ​ဖြင့်​လင်းလက်​နေ​သော တိမ်တိုက်ကြီး​ပါလာ​၍ တိမ်တိုက်ကြီး​ပတ်ပတ်လည်​တွင် ထွန်းလင်း​တောက်ပ​လျက်​ရှိ​၏​။ မီးတောက်မီးလျှံ​အလယ်​တွင် အရောင်တောက်​နေ​သော ကြေးဝါ​ကဲ့သို့သော​အရာ​တစ်​ခု​လည်း​ပါ​၏​။


တစ်ပါးစီ​၌ မျက်နှာ​လေး​ခု​၊ တောင်ပံ​လေး​ခု ပါရှိ​၏​။


အတောင်ပံ​တို့​သည် တစ်​ခု​နှင့်​တစ်​ခု ထိစပ်​လျက်​ရှိ​၏​။ ထို​သတ္တဝါ​လေး​ပါး​တို့​သည် သွား​သောအခါ​တွင်​လည်း ဟိုဘက်​သည်ဘက်​မ​လှည့်​ဘဲ မျက်နှာမူ​ရာ​သို့သာ တည့်တည့်​သွား​တတ်​၏​။


ထိုသို့ ခေရုဗိမ်​တို့ သွား​သောအခါ ဘီး​တို့​သည်​လည်း သူ​တို့​၏​ဘေး​မှ လိုက်​ကြ​၏​။ ခေရုဗိမ်​တို့​အတောင်ပံ​ဖြန့်​၍ မြေ​မှ​ကြွ​သောအခါ ဘီး​တို့​သည်​လည်း ထက်ကြပ်မကွာ​လိုက်​ကြ​၏​။


တစ်ပါးစီ​တွင် မျက်နှာ​လေး​ခု​၊ တောင်ပံ​လေး​ခု​ရှိ​၍ တောင်ပံ​များ​အောက်​တွင် လူ​လက်​နှင့်​တူ​သော​လက်​ရှိ​၏​။


မီး​မြစ်​တစ်​စင်း​သည် ရှေ့​တော်​မှ စီး​ထွက်​၏​။ အထောင်ထောင်​သော​လူ​တို့​သည် အမှု​တော်​ကို ထမ်း​ကြ​၏​။ အသောင်းသောင်း​သော​လူ​တို့​သည် ရှေ့​တော်​တွင် ရပ်​လျက်​နေ​၏​။ တရားစီရင်​ချိန်​ကျရောက်​သဖြင့် စာအုပ်​များ​ကို ဖွင့်​ထား​၏​။


ထိုသို့ ငါ​မြွက်ဆို​ဆုတောင်း​နေ​စဉ် ယခင် ဗျာဒိတ်နိမိတ်​တွင် ငါ​တွေ့မြင်​ခဲ့​ရ​သော ဂါဗြေလ​သည် အလျင်အမြန်​ပျံသန်း​လာ​၍ ညနေ​ပူဇော်သက္ကာ​အချိန်​တွင် ငါ့​ထံ​ရောက်လာ​၏​။


ကောင်းကင်တမန်​က​လည်း သူ့​ရှေ့​တွင်​ရပ်​နေ​သော​သူ​တို့​အား “​ညစ်ပေ​နေ​သော​သူ့​အဝတ်​များ​ကို ချွတ်ပစ်​ပါ​”​ဟု ဆို​ပြီးလျှင် ယောရှု​အား “​ကြည့်​ပါ​။ သင့်​အပြစ်​တို့​ကို သင့်​ထံမှ ငါ​ဖယ်ရှား​ပစ်​ပြီ​။ ခန့်ညားထည်ဝါ​သော​အဝတ်​ကို​လည်း ဝတ်ဆင်​ပေး​မည်​”​ဟု မိန့်ဆို​၏​။


ထိုသို့ နံ့သာပေါင်း​မီးရှို့​ပူဇော်​သည့်​အချိန်​တွင် လူ​အစုအဝေး​အပေါင်း​တို့​သည် အပြင်​၌​ဆုတောင်း​နေ​ကြ​၏။


ကောင်းကင်​တမန်​များ​နှင့်​ပတ်သက်၍ “ကိုယ်တော်​သည် မိမိ​၏​ကောင်းကင်​တမန်​တို့​ကို လေ​ကဲ့သို့​လည်းကောင်း၊ မိမိ​၏​အမှု​ကို​ထမ်းဆောင်​သူ​တို့​အား မီးလျှံ​ကဲ့သို့​လည်းကောင်း ဖြစ်​စေ​တော်မူ​၏”​ဟု မိန့်​တော်မူ​၏။


ထို့နောက် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ကောင်းကင်​အလယ်​၌​ပျံသန်း​နေ​သည်​ကို ငါ​မြင်​ရ​၏။ သူ​သည် ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​ကြ​သူ​များ​တည်းဟူသော တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သော လူမျိုး​အသီးသီး​တို့​အား ဟောပြော​ရန် ထာဝရ​တည်​သည့်​ကောင်းမြတ်​သော​သတင်း​ကို​ယူဆောင်​လာ​၏။


ထို​သတ္တဝါ​လေး​ပါး​အသီးသီး​တို့​တွင် တောင်ပံ​ခြောက်​ခု​စီ​ရှိ​၍ ပတ်ပတ်လည်​နှင့်​အတွင်း​ဘက်​၌ မျက်စိ​များ​ဖြင့်​ပြည့်​လျက်​ရှိ​ကြ​၏။ သူ​တို့​သည် နေ့​ရော​ည​ပါ ရပ်နား​ခြင်း​မ​ရှိ​ဘဲ “ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​လျက် နောင်​အခါ​ကြွလာ​မည့် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​သည် သန့်ရှင်း​တော်မူ​၏။ သန့်ရှင်း​တော်မူ​၏။ သန့်ရှင်း​တော်မူ​၏”​ဟု ကြွေးကြော်​နေ​ကြ​၏။


ကောင်းကင်​တမန်​အပေါင်း​တို့​သည် ပလ္လင်​တော်၊ သက်ကြီးဝါကြီး​တို့​နှင့် သတ္တဝါ​လေး​ပါး​တို့​၏​ပတ်လည်​၌ ရပ်​နေ​ကြ​၏။ သူတို့​သည်​လည်း ပလ္လင်​တော်​ရှေ့​၌​ပျပ်ဝပ်​လျက် ဘုရားသခင်​ကို​ရှိခိုး​ကာ


ထို့နောက် ငါ​ကြည့်​လျှင် ကောင်းကင်​အလယ်​တွင် ပျံသန်း​နေ​သော​လင်းယုန်​တစ်​ကောင်​က “ကောင်းကင်​တမန်​သုံး​ပါး​တို့​မှုတ်​တော့မည့် ကျန်​ရှိ​သော​တံပိုးခရာ​တို့​၏​အသံ​ကြောင့် ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​သော​သူ​တို့​သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိ​ကြ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ဆို​သည်​ကို ငါ​ကြား​ရ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ