ဟေရှာယ 6:3 - Common Language Bible3 သူတို့သည် ``အနန္တတန်ခိုးရှင်ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်တော်မူ၏။ သန့်ရှင်းမြင့်မြတ်တော်မူ၏။ သန့်ရှင်းမြင့်မြတ်တော်မူ၏။ ကမ္ဘာမြေကြီးသည်ကိုယ်တော်၏ဘုန်းအသရေတော်ဖြင့်ပြည့်လျက်ရှိပါ၏။'' ဟုအချင်းချင်းကြွေးကြော်၍နေကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible3 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ သန့် ရှင်း၊ သန့် ရှင်း၊ သန့် ရှင်း တော် မူ၏။ မြေ တစ် ပြင် လုံး သည် ဘုန်း အာနု ဘော် တော် နှင့် ပြည့် လျက် ရှိ သည် ဟု၊ သံ တိုင် သံ ပေါက် ကြွေး ကြော် ကြ ကုန် ၏။ အခန်းကိုကြည့်ပါ။Judson Bible3 သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ မြေကြီးလုံးသည် ဘုန်းတော်နှင့် ပြည့်လေ၏ဟု တစ်ပါးကိုတစ်ပါး ကြွေးကြော်၍ မြွက်ဆိုကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ထို့နောက် သူတို့က “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ ကမ္ဘာမြေတစ်ခွင်လုံးသည် ကိုယ်တော်၏ဘုန်းအသရေနှင့်ပြည့်လျက်နေတော်မူ၏”ဟု တစ်ပါးကိုတစ်ပါး ကြွေးကြော်မြွက်ဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
သူတို့က၊ ``ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ ဣသရေလအမျိုးသားတို့အတွက် ထားရှိတော်မူသောမေတ္တာတော်သည် ထာဝစဉ်တည်ပါ၏'' ဟူသောသီချင်းကိုထပ်ကာထပ်ကာသီဆို၍ ထာဝရဘုရားအားထောမနာပြုကြ၏။ ဗိမာန်တော်အုတ်မြစ်ကိုချပြီးဖြစ်သဖြင့် လူ အပေါင်းတို့သည်ထာဝရဘုရား၏ဂုဏ် တော်ကိုဟစ်အော်ချီးမွမ်းကြကုန်၏။-
ငါတို့သည်သူတော်ကောင်းတရားကျင့်သူ ဣသရေလအမျိုးသားတို့အား ကမ္ဘာရပ်စွန်း ရပ်ဖျားများမှချီးကူးကြသည့်သီချင်း သံများကိုကြားရကြလိမ့်မည်။ သို့ရာတွင်ငါသည်မျှော်လင့်ရာမဲ့ဖြစ်လျက် လုံးပါးပါး၍နေပါသည်တကား။ သစ္စာမဲ့ သူတို့သည်ဆက်လက်၍သစ္စာဖောက်လျက် ဆိုးရွားသည်ထက်ဆိုးရွား၍လာကြ၏။-
ကိုယ်တော်သည်သင်တို့အားအဘယ်သို့သော အရာကိုမျှော်လင့်ကြစေရန်ခေါ်ယူတော် မူသည်ကိုလည်းကောင်း၊ ကိုယ်တော်၏လူစု တော်အားကတိထားတော်မူသောအံ့သြ ဖွယ်ရာကောင်းချီးမင်္ဂလာများမှာ အဘယ် မျှများပြားသည်ကိုလည်းကောင်း၊ ယုံကြည် သူငါတို့အတွင်း၌လုပ်ဆောင်လျက်ရှိ သောတန်ခိုးတော်သည်အဘယ်မျှကြီး မားသည်ကိုလည်းကောင်း သင်တို့သိမြင် ကြစေရန်သင်တို့၏ဉာဏ်မျက်စိကိုပွင့် လင်းစေတော်မူပါမည့်အကြောင်း ငါသည် ဆုတောင်းပတ္ထနာပြု၏။ ငါတို့အတွင်း ၌လုပ်ဆောင်လျက်ရှိသည့်တန်ခိုးတော် ကား၊-
သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည်၊ သင်၏ခင်ပွန်းပမာသင့်အားကြည့်ရှုစောင့်ရှောက် တော်မူလိမ့်မည်။ ထိုအရှင်၏နာမတော်ကား၊အနန္တတန်ခိုးရှင် ထာဝရဘုရားပင်ဖြစ်သတည်း။ ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ်သော ဘုရားသခင်သည်သင့်ကိုကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာလောကကို အစိုးရတော်မူပါသည်တကား။