ယေဇကျေလ 1:4 - Common Language Bible4 ငါသည်မော်၍ကြည့်လိုက်သောအခါမြောက်အရပ်မှ လေမုန်တိုင်းတစ်ခုလာနေသည်ကိုမြင်ရ၏။ မိုးတိမ်တိုက်ကြီးတစ်ခုမှလျှပ်ပန်းလျှပ်နွယ်များထွက်လျက် ထိုမိုးတိမ်၏ပတ်လည်ရှိကောင်းကင်ပြင်သည်ဝင်းဝါတောက်ပလျက်နေ၏။ လျှပ်ပန်းလျှပ်နွယ်ထွက်ရာတွင်ကြေးဝါနှင့်တူသောအရာတစ်ခုသည်အရောင်လက်၍နေ၏။- အခန်းကိုကြည့်ပါ။Garrad Bible4 ငါ ရှု မြင် ရာ၊ မြောက် မျက် နှာ မှ ကျ သော မိုး သက် မုန် တိုင်း နှင့် တ ကွ၊ လောင် မီး ပြက် လျက်၊ ပတ် ဝန်း ကျင် တောက် ပ လျက်၊ မီး ထဲ မှ ပ ယင်း ရောင် ထွန်း လျက် ရှိ သော မိုး သား ကြီး ကို လည်း ကောင်း၊ အခန်းကိုကြည့်ပါ။Judson Bible4 ငါကြည့်ရှု၍၊ ပြင်းစွာသောလေ၊ ကြီးစွာသော မိုးတိမ်၊ ထွန်းလင်းသော မီးစက်သည် မြောက်မျက်နှာမှ ပေါ်လာ၏။ မီးစက်ထဲက ဟရှမေလရွှေရောင် ထွက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ငါကြည့်လိုက်သော် မြောက်ဘက်အရပ်မှ လေပြင်းမုန်တိုင်း လာနေသည်ကို မြင်ရ၏။ ထိုလေပြင်းမုန်တိုင်းတွင် မီးတောက်မီးလျှံဖြင့်လင်းလက်နေသော တိမ်တိုက်ကြီးပါလာ၍ တိမ်တိုက်ကြီးပတ်ပတ်လည်တွင် ထွန်းလင်းတောက်ပလျက်ရှိ၏။ မီးတောက်မီးလျှံအလယ်တွင် အရောင်တောက်နေသော ကြေးဝါကဲ့သို့သောအရာတစ်ခုလည်းပါ၏။ အခန်းကိုကြည့်ပါ။ |
`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
ဗင်္ယာမိန်ပြည်သားတို့၊ ဘေးမဲ့လုံခြုံရာသို့ပြေး ကြလော့။ ယေရုရှလင်မြို့မှထွက်သွားကြလော့။ တေကောရွာ၌တံပိုးခရာကိုမှုတ်ကြလော့။ ဗေသက္ကရင်ရွာတွင်အချက်ပြမီးရှူးတိုင်ကို မြှောက်တင်ကြလော့။ ဘေးအန္တရာယ်နှင့်ပျက်စီး ခြင်းသည်မြောက်အရပ်မှရောက်ရှိလာတော့ မည်။-
ဤဗျာဒိတ်တော်သည်အီဂျစ်ပြည်နှင့် သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ထာဝရဘုရားသည်မိုးတိမ်ကိုစီး၍ အီဂျစ် ပြည်သို့လျင်မြန်စွာကြွလာတော်မူလေပြီ။ အီဂျစ်ပြည်ရှိရုပ်တုဆင်းတုများသည် ကိုယ် တော်၏ရှေ့တော်၌ကြောက်လန့်တုန်လှုပ်ကြ ကုန်၏။ အီဂျစ်ပြည်သူတို့သည်လည်းသူရဲ ဘောကြောင်၍သွားကုန်၏။-
ထိုအခါထာဝရဘုရားကသူ့အား``ဂူပြင် သို့ထွက်၍တောင်ထိပ်ပေါ်၌ငါ၏အရှေ့မျက် မှောက်တွင်ရပ်နေလော့'' ဟုမိန့်တော်မူ၏။ ထို့ နောက်ထာဝရဘုရားသည်သူ၏အနီးမှ ဖြတ်ကြွတော်မူ၍ လေပြင်းမုန်တိုင်းကိုတိုက် ခတ်စေတော်မူ၏။ သို့ဖြစ်၍တောင်များသည် ပြိုကွဲကြလျက်ကျောက်တို့သည်လည်းကြေ မွသွားလေသည်။ သို့ရာတွင်ထာဝရဘုရား သည်ထိုလေမုန်တိုင်းထဲ၌ရှိတော်မမူ။ လေ အတိုက်ရပ်သောအခါမြေငလျင်လှုပ်လေ ၏။ သို့ရာတွင်ထိုမြေငလျင်ထဲ၌လည်း ထာဝရဘုရားရှိတော်မမူ။-