ဒံယေလ 9:21 - Common Language Bible21 ယင်းသို့ငါဆုတောင်းပတ္ထနာပြုလျက်နေ စဉ် ယခင်ဗျာဒိတ်ရူပါရုံတွင်ငါတွေ့မြင် ခဲ့သူ၊ ဂါဗြေလသည်ငါရှိရာသို့ပျံဝဲ ဆင်းသက်လာ၏။ ထိုအချိန်ကားညဥ့်ဦး ယံယဇ်ပူဇော်ရာအချိန်ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible21 ဆု တောင်း ပ ဌ နာ ပြု စဉ် တွင် ငါ အ လွန် ပင် ပန်း လျက် ယ ခင် ရူ ပါ ရုံ တွင် မြင် ဖူး သူ ဂါ ဗြေ လ သည် ည ဦး ယံ ပူ ဇော် ချိန် ခန့် တွင် ငါ့ ကို တို့၍ ပြော ဆို သည် မှာ၊ အခန်းကိုကြည့်ပါ။Judson Bible21 ဆုတောင်းသောအမှုမပြီးမီ မြွက်ဆိုစဉ်တွင် ယခင်ဗျာဒိတ် ရူပါရုံ၌ထင်ရှားသောသူ၊ ဂါဗြေလသည် လျင်မြန်စွာပျံ၍ လာသဖြင့် ညဥ့်ဦးယံပူဇော်ချိန်၌ ငါရှိရာသို့ ရောက်၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 ထိုသို့ ငါမြွက်ဆိုဆုတောင်းနေစဉ် ယခင် ဗျာဒိတ်နိမိတ်တွင် ငါတွေ့မြင်ခဲ့ရသော ဂါဗြေလသည် အလျင်အမြန်ပျံသန်းလာ၍ ညနေပူဇော်သက္ကာအချိန်တွင် ငါ့ထံရောက်လာ၏။ အခန်းကိုကြည့်ပါ။ |
ညဥ့်ဦးယံယဇ်ပူဇော်ချိန်ရောက်သောအခါ ပရောဖက်ဧလိယသည်ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်၍``အို အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ ၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် သည်ဣသရေလအမျိုးသားတို့၏ဘုရား ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ် သည်ကိုယ်တော်၏အစေခံဖြစ်၍ဤအမှု အရာအလုံးစုံကို ကိုယ်တော်၏အမိန့်တော် အရပြုကြောင်းကိုလည်းကောင်းယနေ့သိ ကြပါစေသော။-
ကိုယ်တော်အားမီးလျှံထလျက်နေသောကောင်းကင်တမန်များသည် ခြံရံကာရပ်လျက်နေကြ၏။ သူတို့မှာအတောင်ခြောက်ခုစီရှိ၏။ သူတို့သည်အတောင်နှစ်ခုဖြင့်မိမိတို့မျက်နှာကိုလည်းကောင်း၊ အခြားနှစ်ခုဖြင့်ကိုယ်ခန္ဓာကိုလည်းကောင်းဖုံးအုပ်ထားကာကျန်အတောင်နှစ်ခုကိုမူပျံတက်ရာတွင်အသုံးပြုကြလေသည်။-