ဇာခရိ 3:4 - Common Language Bible4 ကောင်းကင်တမန်သည်မိမိ၏အစေအပါး ကောင်းကင်သားတို့အား``ဤသူဝတ်ဆင်ထား သည့်အဝတ်ညစ်တို့ကိုချွတ်ပစ်လော့'' ဟုဆို ပြီးလျှင်၊ ယောရှုအား``ငါသည်သင်၏အပြစ် ကိုဖယ်ရှားလိုက်ပြီးလျှင်သင်ဝတ်ဆင်ရန် အဝတ်သစ်များကိုပေးပါအံ့'' ဟုပြော လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible4 ရှေ့ တော် တွင် ခ စား သူ တို့ အား၊ ညစ် ပေ သော သင်္ကန်း ကို ချွတ် ကြ လော့ ဟု မိန့် တော် မူ ပြီး လျှင်၊ ယော ရှု အား လည်း၊ ငါ သည် သင့် ဒု စ ရိုက် ကို ပ လပ် စေ လျက်၊ တင့် တယ် သော သင်္ကန်း နှင့် ခြုံ လွမ်း မည် ဟူ၍ လည်း ကောင်း၊ စင် ကြယ် သော ဗောင်း ကို ဆောင်း စေ ဟူ၍ လည်း ကောင်း၊ မိန့် တော် မူ သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible4 ကောင်းကင်တမန်က၊ ညစ်ညူးသောအဝတ်ကို ချွတ်ပယ်ကြလော့ဟု မိမိရှေ့မှာ ရပ်နေသော အခြားသူတို့အား ဆို၏။ ယောရှုအားလည်း၊ သင့်အပြစ်ကို ငါဖြေရှင်းပြီ။ တင့်တယ်သော အဝတ်ကို ဝတ်စေမည်ဟု ဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ကောင်းကင်တမန်ကလည်း သူ့ရှေ့တွင်ရပ်နေသောသူတို့အား “ညစ်ပေနေသောသူ့အဝတ်များကို ချွတ်ပစ်ပါ”ဟု ဆိုပြီးလျှင် ယောရှုအား “ကြည့်ပါ။ သင့်အပြစ်တို့ကို သင့်ထံမှ ငါဖယ်ရှားပစ်ပြီ။ ခန့်ညားထည်ဝါသောအဝတ်ကိုလည်း ဝတ်ဆင်ပေးမည်”ဟု မိန့်ဆို၏။ အခန်းကိုကြည့်ပါ။ |
ဇိအုန်မြို့တွင်ပူဆွေးဝမ်းနည်းနေသူတို့အား ပူဆွေးခြင်းအစား ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ဝမ်းနည်းခြင်းအစားထောမနာသီချင်း ကိုလည်းကောင်း ပေးရန်ကိုယ်တော်သည်ငါ့အားစေလွှတ်တော်မူပြီ။ သူတို့သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထင်ရှားစေရန် ကိုယ်တော်တိုင်စိုက်တော်မူသောဖြောင့်မတ်ခြင်း တည်းဟူသော ဝက်သစ်ချပင်များသဖွယ်စိုပြေဖွံ့ဖြိုးကြလိမ့်မည်။
ယဇ်ပုရောဟိတ်များသည်ဗိမာန်တော်ထဲ သို့ရောက်ရှိကြပြီးနောက်တံတိုင်းအပြင် ဝင်းသို့ပြန်၍ထွက်လိုကြသောအခါ မိမိ တို့ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက် နေစဉ်ဝတ်ဆင်ထားသောသန့်ရှင်းမြင့်မြတ် သည့်အဝတ်တို့ကို ဤအခန်းများတွင်ချွတ် ထားခဲ့ရကြ၏။ သူတို့သည်လူတို့စုဝေး ရာအရပ်သို့ထွက်ခွာ၍မသွားမီအဝတ် များကိုလဲရကြလေသည်။
အို ထာဝရဘုရား၊ ကိုယ်တော်နှင့်နှိုင်းယှဉ် အပ်သောအခြားဘုရားမရှိပါ။ ကိုယ်တော် သည်အသက်ရှင်ကျန်ရစ်သော ကိုယ်တော်၏ လူမျိုးတော်၏ပုန်ကန်သည့်အပြစ်များကို လွှတ်တော်မူပါ၏။ ကိုယ်တော်သည်အစဉ် အမြဲအမျက်ထွက်တော်မမူပါ။ ကိုယ်တော် သည်အကျွန်ုပ်တို့အားမေတ္တာကရုဏာထား တော်မူပါ၏။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``အကယ် ၍သင်သည်ငါ၏ပညတ်တော်တို့ကိုလိုက်နာ ၍ သင့်အားငါပေးအပ်သည့်တာဝန်ဝတ္တရား များကိုဆောင်ရွက်မည်ဆိုပါမူ ငါ၏ဗိမာန် တော်နှင့်ဗိမာန်တော်တံတိုင်းတို့ကိုဆက်လက် စောင့်ထိန်းကြည့်ရှုခွင့်ရလိမ့်မည်။ ငါသည်လည်း မိမိ၏ရှေ့တော်တွင်ရှိသည့်ကောင်းကင်တမန် တို့၏ဆုတောင်းပတ္ထနာများကိုကြားတော် မူသည့်နည်းတူသင်၏ဆုတောင်းပတ္ထနာကို လည်းကြားတော်မူမည်။-
ယခင်ကသင်တို့တွင်အချို့သောသူတို့သည် ထိုသို့ဆိုးယုတ်သူများဖြစ်ခဲ့သော်လည်း အပြစ်မှဆေးကြောသုတ်သင်ခြင်းကိုခံ ကြရပြီ။ ဘုရားသခင်အားဆက်ကပ်သူ များဖြစ်ကြပြီ။ အရှင်ယေရှုခရစ်အား ဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း သင်တို့ သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိကြပြီ။