အာဗြံကိုအပြင်သို့ခေါ်ဆောင်လျက်``မိုးကောင်း ကင်ကိုမော်ကြည့်၍ကြယ်များကိုရေတွက်လော့။ သင်၏အမျိုးအနွယ်တို့သည်ထိုမျှလောက်များ ပြားကြလိမ့်မည်'' ဟုမိန့်တော်မူသည်။
ဟေဗြဲ 11:12 - Common Language Bible အာဗြဟံသည်သူသေနှင့်မထူးခြား သော်လည်း သူတစ်ယောက်မှပေါက်ဖွားလာ သောသားမြေးများမှာကောင်းကင်ကြယ် များကဲ့သို့လည်းကောင်း၊ မရေမတွက်နိုင် သောပင်လယ်ကမ်းခြေသဲလုံးများကဲ့သို့ လည်းကောင်းများပြားသတည်း။ Garrad Bible သေ သော ကိုယ် ရှိ သူ မှ ကောင်း ကင် ကြယ် လုံး ရေ ကဲ့ သို့လည်း ကောင်း၊ မ ရေ မ တွက် နိုင် သော သ မု ဒ္ဒ ရာ ကမ်း ခြေ ရှိ သဲ လုံး ကဲ့ သို့လည်း ကောင်း၊ အ များ အ ပြား ပေါက် ပွား ကြ ၏။ Judson Bible သို့ဖြစ်၍၊ ထိုအမှုအရာ၌ လူသေနှင့်တူသော သူတစ်ယောက်သည်၊ အရေအတွက်အားဖြင့် ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာကမ်းနား၌ မရေတွက်နိုင်သော သဲလုံးကဲ့သို့လည်းကောင်း၊ များစွာသောသူတို့၏အဘ ဖြစ်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ကောင်းကင်ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေမှ မရေတွက်နိုင်သောသဲပွင့်များကဲ့သို့လည်းကောင်း များစွာသောသူတို့သည် သေသူကဲ့သို့ဖြစ်နေသောလူတစ်ဦးထံမှ ပေါက်ဖွားလာကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ဖြင့် မြောက်မြားစွာသောကောင်းကင်ကြယ်များနှင့် မရေမတွက်နိုင်သော ပင်လယ်ကမ်းခြေရှိ သဲပွင့်များသဖွယ် မြောက်မြားစွာသောသူတို့သည် သေလူကဲ့သို့ ဖြစ်နေသော လူတစ်ဦးထံမှ ဆင်းသက်လာကြ၏။ |
အာဗြံကိုအပြင်သို့ခေါ်ဆောင်လျက်``မိုးကောင်း ကင်ကိုမော်ကြည့်၍ကြယ်များကိုရေတွက်လော့။ သင်၏အမျိုးအနွယ်တို့သည်ထိုမျှလောက်များ ပြားကြလိမ့်မည်'' ဟုမိန့်တော်မူသည်။
သင်၏အဆက်အနွယ်ကိုမိုးကောင်းကင်ရှိ ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေ ရှိသဲပွင့်များကဲ့သို့လည်းကောင်းများပြား စေမည်။ သင်၏အဆက်အနွယ်တို့သည်သူတို့ ၏ရန်သူများကိုတိုက်ခိုက်အောင်မြင်လိမ့် မည်။-
သင်၏အဆက်အနွယ်တို့ကိုကောင်းကင်ကြယ် ကဲ့သို့များပြားစေ၍ သူတို့အားဤဒေသ အားလုံးကိုပေးမည်။ သင်၏အဆက်အနွယ် တို့အားငါကောင်းချီးပေးသည့်နည်းတူ ကမ္ဘာ ပေါ်ရှိလူမျိုးအပေါင်းတို့ကလည်းငါ့ထံ မှကောင်းချီးကိုတောင်းလျှောက်ကြလိမ့် မည်။-
ကိုယ်တော်က`သင့်ကိုကြီးပွားစေမည်။ သင်၏ အဆက်အနွယ်များကိုပင်လယ်ကမ်းခြေရှိ သဲပွင့်များကဲ့သို့ မရေမတွက်နိုင်အောင်များ ပြားစေမည်' ဟူသောကတိတော်ကိုသတိရ တော်မူပါ'' ဟုတောင်းလျှောက်လေသည်။
အရှင့်အားအကျွန်ုပ်အကြံပေးလိုသည်မှာ သမုဒ္ဒရာသဲလုံးနှင့်အမျှများပြားသော ဣသရေလအမျိုးသားအပေါင်းကိုနိုင်ငံ တစ်စွန်းမှတစ်စွန်းတိုင်ခေါ်ယူစေရန်ဖြစ် ပါ၏။ ထိုနောက်သူတို့အားအရှင်ကိုယ်တိုင် ခေါင်းဆောင်၍စစ်ပွဲသို့ဝင်တော်မူပါ။-
ယုဒနှင့်ဣသရေလပြည်သူပြည်သားတို့သည် သမုဒ္ဒရာကမ်းခြေသဲလုံးနှင့်အမျှများပြား ကြ၏။ သူတို့သည်ရွှင်လန်းစွာစားသောက် နေထိုင်ကြ၏။-
ထာဝရဘုရားက ဣသရေလပြည်သားတို့ အား ကောင်းကင်ကြယ်များကဲ့သို့များပြား စေတော်မူမည်ဟုကတိတော်ရှိသဖြင့် ဒါဝိဒ်မင်းသည်အသက်နှစ်ဆယ်အောက်ရှိ သူတို့အားသန်းခေါင်စာရင်းကောက်ယူ တော်မမူ။-
ကိုယ်တော်သည်သူတို့အား ကောင်းကင်ကြယ်များကဲ့သို့များပြားသည့် သားသမီးများကိုပေးသနားတော်မူပါ၏။ ထိုနောက်သူတို့ဘိုးဘေးများအား ကိုယ်တော်ကတိထားတော်မူသောပြည်တော်ကို သိမ်းပိုက်စေကာထိုပြည်တွင်နေထိုင်စေတော် မူပါ၏။
ကိုယ်တော်၏ကျွန်အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ကိုအောက်မေ့သတိရတော်မူ ပါ။ ကိုယ်တော်သည်သူတို့၏အဆက်အနွယ် တို့ကိုမိုးကောင်းကင်ကြယ်များကဲ့သို့ ပွား များစေမည်ဖြစ်ကြောင်းနှင့်ကိုယ်တော်ရှင် ကတိထားတော်မူသော ထိုပြည်အားလုံး ကိုသူတို့၏အဆက်အနွယ်တို့အား ထာဝစဉ်ပိုင်ဆိုင်ရန်ပေးမည်ဖြစ်ကြောင်း ကိုသတိရတော်မူပါ။-''
ယခုအခါ၌ဣသရေလအမျိုးသားတို့ သည် သမုဒ္ဒရာသဲလုံးနှင့်အမျှများသော် လည်း အချို့သာလျှင်အထံတော်သို့ပြန် လာကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ အားသုတ်သင်ဖျက်ဆီးပစ်ရန် စီမံထားပြီး ဖြစ်ပေသည်။ သူတို့သည်လည်းယင်းသို့သုတ် သင်ဖျက်ဆီးခြင်းကိုလုံးဝခံထိုက်ကြ သတည်း။-
သင်တို့၏သားမြေးများသည်သဲလုံးနှင့်အမျှ များပြားကြလျက်၊ ငါသည်လည်းသူတို့အားအဘယ်အခါ၌မျှ ပျက်ပြုန်းစေခွင့်ပြုလိမ့်မည်မဟုတ်။
ငါသည်မိုးကောင်းကင်ကြယ်တာရာများနှင့် ပင်လယ်ကမ်းခြေသဲလုံးများကဲ့သို့ရေတွက် ၍မရနိုင်အောင် ငါ၏အစေခံဒါဝိဒ်၏သား မြေးများနှင့်ငါ၏အမှုတော်ဆောင်လေဝိ အနွယ်ဝင်ယဇ်ပုရောဟိတ်တို့၏အရေ အတွက်ကိုတိုးပွားများပြားစေမည်'' ဟုမိန့်တော်မူ၏။
ဣသရေလပြည်သားတို့သည်ပင်လယ်ထဲမှ သဲပွင့်များကဲ့သို့ မရေမတွက်မတိုင်းမတာ နိုင်လောက်အောင်များပြားကြလိမ့်မည်။ ယခု အခါ၌ဘုရားသခင်ကသူတို့အား``သင် တို့သည်ငါ၏လူစုမဟုတ်'' ဟုမိန့်တော်မူ သော်လည်းနောင်တစ်နေ့တွင်``သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ သားသမီးများဖြစ်ကြ၏'' ဟုမိန့်တော် မူလိမ့်မည်။-
``သူတို့၏တပ်များသည်အပြင်းအထန်ရှေ့သို့ချီတက်လျက်တိုက်ခိုက်အောင်မြင်ကြကုန်၏။ သူတို့ဖမ်းဆီးရမိသည့်သုံ့ပန်းများမှာသဲလုံးနှင့်အမျှများပေသည်။-
ဣသရေလလူမျိုးနှင့်ပတ်သက်၍ဟေရှာယ က ``ဣသရေလအမျိုးသားတို့သည်ပင်လယ် ကမ်းခြေရှိသဲလုံးနှင့်အမျှများပြားစေကာ မူ သူတို့အထဲမှလူနည်းစုသာလျှင်ကယ်တင် ခြင်းကိုခံရကြလိမ့်မည်။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိုးကောင်းကင်ရှိကြယ်များနှင့်အမျှသင်တို့ ကိုများပြားစေတော်မူပြီ။-
သင်တို့သည်မိုးကောင်းကင်ရှိကြယ်များ ကဲ့သို့ အရေအတွက်များပြားကြသော် လည်း ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ကိုမနာခံသောကြောင့် လူ နည်းစုမျှလောက်သာအသက်ရှင်၍ကြွင်း ကျန်လိမ့်မည်။-
သူတို့သည်ပင်လယ်ကမ်းခြေရှိသဲပွင့် များတမျှများပြားသော စစ်သူရဲတို့ နှင့်ချီတက်လာကြလေသည်။ သူတို့တွင် မြင်းနှင့်စစ်ရထားအမြောက်အမြား ပါရှိသည်။-
ဂေါဂနှင့်မာဂေါဂဟုခေါ်သောကမ္ဘာအရပ်လေး မျက်နှာရှိလူမျိုးအပေါင်းတို့အား မှောက်မှား လမ်းလွဲစေလျက်စစ်တိုက်ရန်စုဝေးစေလိမ့်မည်။ သူတို့သည်အရေအတွက်အားဖြင့် သမုဒ္ဒရာ သဲလုံးနှင့်အမျှများသတည်း။-
မိဒျန်အမျိုးသား၊ အာမလက်အမျိုးသား၊ သဲကန္တာရနေလူမျိုးတို့သည်ကျိုင်းကောင် အုပ်ကြီးသဖွယ်ချိုင့်၌အိပ်နေကြ၏။ သူ တို့၏ကုလားအုတ်များသည်သမုဒ္ဒရာ ကမ်းခြေရှိသဲလုံးနှင့်အမျှများသတည်း။
ရှမွေလက``ငါ၌လုံးဝအပြစ်မရှိကြောင်း သင်တို့တွေ့ရှိချက်ကိုထာဝရဘုရား သက်သေဖြစ်တော်မူ၏။ ကိုယ်တော်ဘိသိက် ပေးတော်မူသောဘုရင်သည်လည်းသက်သေ ဖြစ်တော်မူ၏'' ဟုဆိုလျှင်၊ လူတို့က``မှန်ပါ၏။ ထာဝရဘုရားသည် အကျွန်ုပ်တို့၏သက်သေဖြစ်တော်မူပါ သည်'' ဟုဆိုကြ၏။