Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 11:11 - Common Language Bible

11 အာ​ဗြ​ဟံ​သည်​အို​မင်း​လေ​ပြီ။ စာ​ရာ​သည် လည်း​သား​သ​မီး​မွေး​ဖွား​နိုင်​သော​အ​ရွယ် လွန်​လေ​ပြီ။ သို့​ရာ​တွင်​အာ​ဗြ​ဟံ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဖ​ခင်​ဖြစ်​လာ​၏။ ဘု​ရား​သ​ခင်​သည်​က​တိ​ထား​တော်​မူ​သည် အ​တိုင်း​သစ္စာ​တည်​တော်​မူ​သည်​ဟု​ယုံ ကြည်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ယုံ ကြည် ခြင်း အား ဖြင့် စာ ရာ့ ကိုယ် တိုင် ပင် က တိ ထား ခဲ့ သော အ ရှင့် သ စ္စာ တည် တော် မူ ကြောင်း မှတ် ယူ လျက် အ ရွယ် လွန် ပြီး နောက် သ န္ဓေ ယူ နိုင် ခွင့် တန် ခိုး ကို ရ သည် ဖြစ် ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 သူ၏​ခင်​ပွန်း​စာ​ရာ​သည်​လည်း အ​ရွယ်​လွန်​သော​အ​ခါ၊ ပ​ဋိ​သ​န္ဓေ​ယူ​နိုင်​သော အ​ခွင့်​တန်​ခိုး​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ခံ​ရ​လေ၏။ အ​ကြောင်း​မူ​ကား၊ က​တိ​ထား​တော်​မူ​သော​သူ​သည် သ​စ္စာ​ရှိ​သည်​ဟု စိတ်​စွဲ​လမ်း​ခြင်း​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထိုနည်းတူ အမြုံ​ဖြစ်​သော​စာရာ​သည်​လည်း အသက်အရွယ်​လွန်​ပြီး​သောအခါ ယုံကြည်​ခြင်း​အားဖြင့် ပဋိသန္ဓေ​တည်​နိုင်​သော​အစွမ်း​ကို​ရရှိ​၏။ အကြောင်းမူကား ကတိ​ပေး​တော်မူ​သော​အရှင်​သည် သစ္စာရှိ​သည်​ဟု​မှတ်ယူ​သောကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 မြုံသော​စာရာ​သည် အသက်​အရွယ်​လွန်​သော်လည်း ယုံကြည်ခြင်း​ဖြင့် ကိုယ်ဝန်ဆောင်နိုင်ခွင့်​ကို ရရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကတိထားတော်မူသော​အရှင်​မှာ သစ္စာ​ရှိသည်​ဟု သူ​မှတ်ယူ​သောကြောင့် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 11:11
10 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​နောင်​တစ်​နှစ်​ဤ​အ​ချိန်​လောက်​၌ အ​မျိုး သ​မီး​သည်​သား​ယောကျာ်း​ကို​ဖွား​မြင်​လေ​သည်။


သင့်​ဆွေ​မျိုး​ဖြစ်​သော​ဧ​လိ​ရှ​ဗက်​သည်​လည်း အို​မင်း​ခါ​မှ သား​ရ​တ​နာ​ကို​ကိုယ်​ဝန်​ဆောင် လျက်​ရှိ​၏။ အ​မြုံ​မ​ဟု​အ​ခေါ်​ခံ​ရ​သူ​သည် ကိုယ်​ဝန်​ဆောင်​၍​ဆ​ဋ္ဌ​မ​လ​သို့​ရောက်​လေ​ပြီ။-


တစ်​နည်း​ကား​သာ​မန်​အား​ဖြင့်​မွေး​ဖွား​သော အာ​ဗြ​ဟံ​၏​သား​မြေး​များ​သည် ဘု​ရား​သ​ခင် ၏​သား​သ​မီး​များ​မ​ဟုတ်။ ကိုယ်​တော်​က​တိ​တော် အ​တိုင်း​မွေး​ဖွား​လာ​သူ​များ​ကို​သာ​လျှင် အာ​ဗြ​ဟံ​၏​သား​မြေး​အ​စစ်​အ​မှန်​များ ဟု​ခေါ်​နိုင်​ပေ​သည်။-


ကျွန်​မ​နှင့်​ရ​သော​သား​သည်​သာ​မန်​သ​ဘာ​ဝ အ​တိုင်း​မွေး​ဖွား​လာ​သူ​ဖြစ်​၏။ လွတ်​လပ်​သော မိန်း​မ​နှင့်​ရ​သော​သား​မူ​ကား​ဘု​ရား​သ​ခင် ၏​က​တိ​တော်​အ​ရ​မွေး​ဖွား​လာ​သူ​တည်း။-


ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​ကို စိတ်​ချ​ယုံ​ကြည်​နိုင်​သည်​ဖြစ်​၍ မိ​မိ​တို့​ဝန်​ခံ သော​မျှော်​လင့်​ခြင်း​ကို​စွဲ​မြဲ​စွာ​ဆုပ်​ကိုင်​ထား ကြ​ကုန်​အံ့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ