``ထိုသိုး၏ရင်ပုံသားကိုယူ၍ အထူးပူ ဇော်သကာအဖြစ်ငါ့အားဆက်သရမည်။ ဤရင်ပုံသားသည်သင့်အတွက်ဖြစ်သည်။
ဝတ်ပြု 7:31 - Common Language Bible ယဇ်ပုရောဟိတ်သည်အဆီကိုယဇ်ပလ္လင်ပေါ် တွင် မီးရှို့ပူဇော်ရမည်။ သို့ရာတွင်ရင်ပုံသား သည် ယဇ်ပုရောဟိတ်များစားသုံးရန်အတွက် ဖြစ်သည်။- Garrad Bible ပ ရော ဟိတ် သည် ပ လ္လင် တော် ပေါ် မှာ ဆီ ဥ ကို မီး ဖြင့် ပူ ဇော် ရ မည်။ ရင် ထူး ကား၊ အာ ရုန် နှင့် သား စဉ် မြေး ဆက် တို့ ပိုင် ရာ ဖြစ် သ တည်း။ Judson Bible ယဇ်ပုရောဟိတ်သည်၊ ဆီဥကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့၍၊ ရင်ပတ်ကို အာရုန်နှင့်သူ၏သားတို့သည် ယူရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည် အဆီကို ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ရင်ပုံသည် အာရုန်နှင့်သူ၏သားတို့အတွက်ဖြစ်၏။ |
``ထိုသိုး၏ရင်ပုံသားကိုယူ၍ အထူးပူ ဇော်သကာအဖြစ်ငါ့အားဆက်သရမည်။ ဤရင်ပုံသားသည်သင့်အတွက်ဖြစ်သည်။
တာဝန်ကျယဇ်ပုရောဟိတ်သည်ယင်းတို့ ကိုယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။
ယဇ်ပုရောဟိတ်သည်ယင်းတို့ကိုယဇ်ပလ္လင် ပေါ်တွင် မီးရှို့ပူဇော်ရမည်။ ဤပူဇော်သကာ ၏ရနံ့ကိုထာဝရဘုရားနှစ်သက်တော် မူ၏။ အဆီရှိသမျှတို့သည်ထာဝရ ဘုရားနှင့်ဆိုင်၏။-
ယဇ်ပုရောဟိတ်တို့သည်ယင်းတို့ကိုမီးရှို့ရာ ယဇ်နှင့်အတူပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရ မည်။ ဤပူဇော်သကာ၏ရနံ့ကိုထာဝရ ဘုရားနှစ်သက်တော်မူ၏။
ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်ထို သူအတွက်အပြစ်ဖြေရာယဇ်ပူဇော်သဖြင့် ထိုသူသည်အပြစ်လွတ်လိမ့်မည်။ ဘောဇဉ် သကာပူဇော်သည့်နည်းကဲ့သို့ကျန်သော မုန့်ညက်သည် ယဇ်ပုရောဟိတ်သုံးဆောင် ရန်အတွက်ဖြစ်သည်။
ကျန်သောမုန့်ညက်သည် ယဇ်ပုရောဟိတ်စား သုံးရန်အတွက်ဖြစ်သည်။ ယဇ်ပုရောဟိတ်သည် ထိုမုန့်ညက်ကိုတဆေးမဲ့မုန့်ဖုတ်၍ ထာဝရ ဘုရားစံတော်မူရာတဲတော်ဝင်းအတွင်း တွင် သန့်ရှင်းရာဌာန၌စားသုံးရမည်။ ထာဝရ ဘုရားသည်ထိုမုန့်ညက်ကိုဘောဇဉ်သကာထဲမှ ယဇ်ပုရောဟိတ်တို့အားပေးတော်မူသောဝေစု ဖြစ်သတည်း။ ထိုဘောဇဉ်သကာသည်အပြစ် ဖြေရာ၊ အပြစ်ဒဏ်ပြေရာယဇ်ကဲ့သို့အလွန် သန့်ရှင်း၏။-
ထိုယဇ်ကောင်ကိုပူဇော်သောယဇ်ပုရောဟိတ် သည် ထာဝရဘုရားစံတော်မူရာတဲတော် ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌ယဇ်ကောင် ၏အသားကိုစားရမည်။-
ယဇ်ကောင်၏ရင်ပုံသားနှင့်လက်ယာပေါင်တို့ သည် ထာဝရဘုရားကဣသရေလအမျိုး သားတို့ထံမှ ယဇ်ပုရောဟိတ်များအား အထူးလှူဖွယ်အဖြစ်သတ်မှတ်ပေးသော ဝေစုဖြစ်သည်။ ဣသရေလအမျိုးသားတို့ သည် ထိုဝေစုကိုယဇ်ပုရောဟိတ်တို့အား ထာဝစဉ်လှူဒါန်းရမည်။-
ထို့နောက်မောရှေသည်သိုး၏ရင်ပုံသားကို အထူးပူဇော်သကာအဖြစ် ထာဝရဘုရား အားဆက်ကပ်လေသည်။ ထိုရင်ပုံသားမှာ သိက္ခာတင်ရာယဇ်ကောင်မှမောရှေပိုင်ဝေစု ဖြစ်သည်။ မောရှေသည်ထာဝရဘုရားမိန့် မှာတော်မူသမျှအတိုင်းဆောင်ရွက်လေ သည်။
``ထို့အပြင်ဣသရေလအမျိုးသားတို့ဆက် သသော အခြားအထူးပူဇော်သကာများသည် လည်းသင်တို့နှင့်ဆိုင်၏။ ထိုပူဇော်သကာများ သည် သင်နှင့်သင်၏သားမြေးအစဉ်အဆက် တို့ခံစားရမည့်ဝေစုဖြစ်သည်။ သင့်အိမ်ထောင် ၌ဘာသာရေးထုံးနည်းအရသန့်စင်သူတိုင်း ထိုအစားအစာကိုစားနိုင်သည်။
အထူးပူဇော်သကာမှရင်ပုံသားနှင့်ယာ ဘက်ပေါင်သည် သင်တို့နှင့်ဆိုင်သကဲ့သို့ ယင်းတို့၏အသားသည်လည်းသင်တို့နှင့် ဆိုင်၏။
ဗိမာန်တော်တွင်အမှုထမ်းဆောင်သူများသည် ဗိမာန်တော်မှအစားအစာကိုရကြသည် ကိုလည်းကောင်း၊ ယဇ်ပူဇော်သူများသည်လည်း ယဇ်ကောင်မှဝေစုကိုရကြသည်ကိုလည်း ကောင်းသင်တို့မသိကြပါသလော။-
``နွားသို့မဟုတ်သိုးကိုယဇ်ပူဇော်သောအခါ ပခုံး၊ မေးရိုးနှင့်အစာအိမ်ကိုယဇ်ပုရော ဟိတ်တို့အားပေးရမည်။-