ဝတ်ပြု 3:5 - Common Language Bible5 ယဇ်ပုရောဟိတ်တို့သည်ယင်းတို့ကိုမီးရှို့ရာ ယဇ်နှင့်အတူပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရ မည်။ ဤပူဇော်သကာ၏ရနံ့ကိုထာဝရ ဘုရားနှစ်သက်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible5 အာ ရုန့် သား တို့ သည် ထာ ဝ ရ ဘု ရား စိတ် တော် ပြေ ဖွယ် ရ နံ့ အ ဖြစ် မီး ပူ ဇော် ရာ အ ဖြစ် ဖြင့် ပ လ္လင် တော် ရှိ ထင်း မီး အ ထက် မီး ရှို့ ရာ သ က္ကာ အ ပေါ် တွင် ပူ ဇော် ကြ ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible5 အာရုန်၏သားတို့သည် ယဇ်ပလ္လင်အပေါ်၌ရှိသော ထင်းမီးပေါ်မှာတင်သော ယဇ်ကောင်နှင့်အတူ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ၎င်းကို အာရုန်၏သားတို့သည် ယဇ်ပလ္လင်ပေါ်မှ မီးပေါ်တွင်ရှိသည့် ထင်းများပေါ်၌တင်ထားသော မီးရှို့ရာယဇ်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောမွှေးကြိုင်သည့်ရနံ့ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-
အရှင်ထာဝရဘုရားက``သို့ရာတွင်အခြား ဣသရေလအမျိုးသားအပေါင်းတို့ငါ့အား ကျောခိုင်းသွားကြသောအခါဇာဒုတ်၏သား မြေးလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ သည်ဆက်လက်၍ဗိမာန်တော်တွင်ငါ၏အမှု တော်ကိုသစ္စာရှိစွာဆောင်ရွက်ခဲ့ကြ၏။ သို့ ဖြစ်၍သူတို့သည်ယခုငါ၏အမှုတော် ကိုထမ်းဆောင်ရသူများဖြစ်ကြမည်။ ငါ ၏အထံတော်သို့ဝင်၍ယဇ်ကောင်များ၏ ဆီဥနှင့်သွေးကိုပူဇော်ရကြမည်။-
ဆီဥနှင့်သွေးကိုငါ့အားပူဇော်ချိန်၌သူ တို့သည်အရေဖျားလှီးမင်္ဂလာမခံသူ လူမျိုးခြားများ၊ ငါ၏စကားကိုနားမ ထောင်သူများအားဗိမာန်တော်ထဲသို့ဝင် ခွင့်ပြုလျက်ငါ၏ဗိမာန်တော်ကိုညစ်ညမ်း စေကြ၏။ သို့ဖြစ်၍ငါ၏လူမျိုးတော် သည်မိမိတို့၏စက်ဆုပ်ဖွယ်ရာအကျင့် များအားဖြင့်ငါ၏ပဋိညာဉ်တော်ကို ချိုးဖောက်ကြလေပြီ။-
ထိုနောက်လေဝိအနွယ်ဝင်တို့သည်မိမိတို့ အတွက်နှင့်အာရုန်မှဆင်းသက်သူ ယဇ်ပုရော ဟိတ်များအတွက်အသားများကိုပေးဝေ ကြလေသည်။ အဘယ်ကြောင့်ဆိုသော်ယဇ် ပုရောဟိတ်တို့သည်တစ်ကောင်လုံးမီးရှို့ ပူဇော်ရသောယဇ်များနှင့် ယဇ်ကောင်ဆီဥ များကိုမီးရှို့ပူဇော်ခြင်းဖြင့်ညဥ့်ဦးတိုင် အောင်အလုပ်များလျက်နေကြသော ကြောင့်ဖြစ်၏။-
ထိုနေ့၌ပင်မင်းကြီးသည်ဗိမာန်တော်ရှေ့၌ ရှိသော အလယ်တံတိုင်းကိုလည်းအနုမောဒနာ ပြုတော်မူ၏။ သူသည်ထိုနေရာ၌တစ်ကောင်လုံး မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သကာကိုလည်း ကောင်း၊ မိတ်သဟာယယဇ်အတွက်ဆီဥကို လည်းကောင်းပူဇော်လေသည်။ ထိုသို့ပြုရခြင်း မှာဗိမာန်တော်တံတိုင်းအတွင်းရှိ ကြေးဝါ ယဇ်ပလ္လင်သည်ထိုပူဇော်သကာအပေါင်းတို့ အတွက်အလွန်သေးငယ်၍နေသောကြောင့် တည်း။
ထို့နောက်မိတ်သဟာယယဇ်ကောင်များမှ အဆီကိုထုတ်ယူသကဲ့သို့ ဆိတ်မမှအဆီ ရှိသမျှကိုထုတ်ယူပြီးလျှင်ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်ရမည်။ ထိုပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်သာမန် လူတစ်ဦး၏အပြစ်အတွက်ယဇ်ပူဇော် သဖြင့်ထိုသူအပြစ်လွတ်လိမ့်မည်။