တောလည် 18:11 - Common Language Bible11 ``ထို့အပြင်ဣသရေလအမျိုးသားတို့ဆက် သသော အခြားအထူးပူဇော်သကာများသည် လည်းသင်တို့နှင့်ဆိုင်၏။ ထိုပူဇော်သကာများ သည် သင်နှင့်သင်၏သားမြေးအစဉ်အဆက် တို့ခံစားရမည့်ဝေစုဖြစ်သည်။ သင့်အိမ်ထောင် ၌ဘာသာရေးထုံးနည်းအရသန့်စင်သူတိုင်း ထိုအစားအစာကိုစားနိုင်သည်။ အခန်းကိုကြည့်ပါ။Garrad Bible11 ထို မှ တစ် ပါး ဣ သ ရေ လ အ မျိုး သား တို့ မြှောက် ဆက် ရာ အ လှူ ဝ တ္ထု မှ စ၍ ဦး တိုက် ရာ အ လှူ ဟူ သ မျှ သည် သင့် ပိုင် စု ဖြစ်၏။ သင် နှင့် တ ကွ သား သ မီး တို့ အား အ မြဲ ထုံး ဖွဲ့ ချက် ဆွမ်း အ ဖြစ် ငါ ပေး ပြီး ဖြစ်၍ သင့် အိမ် ထောင်၌ သန့် သူ တိုင်း စား ခွင့် ရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible11 ထိုမှတစ်ပါး ဣသရေလအမျိုးသားတို့ပူဇော်သော ချီမြှောက်ရာပူဇော်သကာ၊ ချီလွှဲရာပူဇော်သကာတို့ကို၊ သင်နှင့် သင်၏သားသမီးတို့အား ထာဝရပညတ် တရားအားဖြင့်ငါပေးပြီ။ သင့်အိမ်၌ သန့်ရှင်းသောသူအပေါင်းတို့သည် စားရသောအခွင့်ရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 အစ္စရေးအမျိုးသားတို့၏ချီမြှောက်ရာအလှူပစ္စည်း၊ ချီလွှဲရာပူဇော်သက္ကာအားလုံးသည်လည်း သင့်အဖို့ဖြစ်၏။ သင်နှင့်သင့်သားသမီးတို့ အစဉ်အမြဲရရှိရမည့်ဝေစုအဖြစ် ငါပေးပြီ။ သင့်အိမ်ရှိ စင်ကြယ်သောသူတိုင်း စားခွင့်ရှိ၏။ အခန်းကိုကြည့်ပါ။ |
သင်နှင့်သင်တို့၏မိသားစုများသည်ယဇ် ပုရောဟိတ်များအတွက် ထာဝရဘုရား အားအထူးဆက်သသောရင်ဒူးသားနှင့် ပေါင်တို့ကို ဘာသာရေးထုံးနည်းအရသန့် ရှင်းသောအရပ်တွင်စားရမည်။ ဤဝေစု များသည်ဣသရေလအမျိုးသားတို့၏ မိတ်သဟာယပူဇော်သကာများထဲမှ သင်နှင့်သင်၏သားသမီးများအတွက် ဝေစုများဖြစ်သည်။-
ထာဝရဘုရားကအာရုန်အား``သင်နှင့်တကွ သင်၏သားများနှင့်လေဝိအနွယ်ဝင်တို့သည် ငါစံတော်မူရာတဲတော်နှင့်ဆိုင်သောဝတ်ကို ဆောင်ရွက်ရာ၌ မှားယွင်းချွတ်ချော်ခဲ့သော် အပြစ်ဒဏ်ကိုသင်တို့ခံရကြမည်။ သို့ရာ တွင်ယဇ်ပုရောဟိတ်တာဝန်ကိုထမ်းဆောင် ရာ၌မှားယွင်းချွတ်ချော်ခဲ့လျှင်မူကား သင် နှင့်သင်၏သားတို့သာအပြစ်ဒဏ်ကို ခံရကြမည်။-