Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 7:32 - Common Language Bible

32-33 မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​၏​သွေး​နှင့်​အ​ဆီ ကို ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ်​အား ယဇ်​ကောင် ၏​လက်​ယာ​ပေါင်​ကို​အ​ထူး​လှူ​ဖွယ်​အ​ဖြစ် ပေး​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ များ အ နက် မြှောက် ဆက် ရာ အ လှူ အ ဖြစ် လက်ျာ ပေါင် ကို လည်း ပ ရော ဖက် အား လှူ ကြ ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 မိတ်​သ​ဟာ​ယ​ယဇ်​ထဲ​က လက်​ယာ​ပ​ခုံး​ကို ချီ​မြှောက်​သော​ပူ​ဇော်​သ​ကာ​ဖို့ ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 မိတ်သဟာယယဇ်ကောင်​၏​ယာဘက်​ပေါင်​ကို အလှူပစ္စည်း​အဖြစ် ယဇ်ပုရောဟိတ်​အား ပေး​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 7:32
12 ပူးပေါင်းရင်းမြစ်များ  

``ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခံ​ယူ​ရာ​၌ ပူ​ဇော် သော​သိုး​၏​ရင်​ပုံ​သား​နှင့်​ပေါင်​ကို​အ​ထူး ပူ​ဇော်​သကာ​အ​ဖြစ် ငါ့​အား​ဆက်​သ​သော အ​ခါ​ထို​အ​သား​ပိုင်း​တို့​သည် ယဇ်​ပု​ရော ဟိတ်​များ​၏​ဝေ​စု​ဖြစ်​စေ​ရ​မည်။-


သင်​နှင့်​သင်​တို့​၏​မိ​သား​စု​များ​သည်​ယဇ် ပု​ရော​ဟိတ်​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား အား​အ​ထူး​ဆက်​သ​သော​ရင်​ဒူး​သား​နှင့် ပေါင်​တို့​ကို ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့် ရှင်း​သော​အ​ရပ်​တွင်​စား​ရ​မည်။ ဤ​ဝေ​စု များ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​များ​ထဲ​မှ သင်​နှင့်​သင်​၏​သား​သ​မီး​များ​အ​တွက် ဝေ​စု​များ​ဖြစ်​သည်။-


ယဇ်​ကောင်​၏​ရင်​ပုံ​သား​နှင့်​လက်​ယာ​ပေါင်​တို့ သည် ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထံ​မှ ယဇ်​ပု​ရော​ဟိတ်​များ​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​သတ်​မှတ်​ပေး​သော ဝေ​စု​ဖြစ်​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ထို​ဝေ​စု​ကို​ယဇ်​ပု​ရော​ဟိတ်​တို့​အား ထာ​ဝ​စဉ်​လှူ​ဒါန်း​ရ​မည်။-


သူ​သည်​မော​ရှေ​မှာ​ထား​သည့်​အ​တိုင်း​ရင်​ဒူး များ​နှင့် နောက်​ပေါင်​များ​ကို​ယဇ်​ပု​ရော​ဟိတ် အ​တွက်​ထာ​ဝ​ရ​ဘု​ရား​အား​အ​ထူး​လှူ​ဖွယ် အ​ဖြစ်​ဝှေ့​ရမ်း​လျက်​ဆက်​ကပ်​လေ​သည်။


ယဇ်​ပု​ရော​ဟိတ်​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​က ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​သော အ​ထူး​အ​လှူ​ဒါ​န​ရှိ​သ​မျှ​ကို​ယဇ်​ပု​ရော ဟိတ်​ပိုင်​သည်။-


ယဇ်​ပု​ရော​ဟိတ်​သည် ထို​ပူ​ဇော်​သကာ​များ ကို​ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဖွယ် အ​ဖြစ်​ဆက်​သ​ရ​မည်။ ထို​ပူ​ဇော်​သ​ကာ​များ အ​ပြင်​ပ​ညတ်​တော်​အ​ရ ယဇ်​ပု​ရော​ဟိတ် ပိုင်​သော​သိုး​၏​ရင်​ပုံ​သား​နှင့်​ပေါင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​တွက်​လှူ​ဖွယ်​ပစ္စည်း​များ ဖြစ်​သည်။ သို့​ပြီး​မှ​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​သည် စ​ပျစ်​ရည်​ကို​သောက်​နိုင်​သည်။


``နွား​သို့​မ​ဟုတ်​သိုး​ကို​ယဇ်​ပူ​ဇော်​သော​အ​ခါ ပ​ခုံး၊ မေး​ရိုး​နှင့်​အ​စာ​အိမ်​ကို​ယဇ်​ပု​ရော ဟိတ်​တို့​အား​ပေး​ရ​မည်။-


သို့​ဖြစ်​၍​စား​တော်​ကဲ​သည်​လက်​ရွေး​စင်​ပေါင် တစ်​ပေါင်​ကို​ယူ​လာ​ပြီး​လျှင် ရှော​လု​၏​ရှေ့​တွင် ချ​ထား​လေ​၏။ ရှ​မွေ​လ​က``ဤ​အ​ရာ​ကား သင်​၏​အ​တွက်​သီး​သန့်​ဖယ်​ထား​သော​အ​သား ဖြစ်​၏။ ယူ​၍​စား​လော့။ ငါ​ဖိတ်​ခေါ်​ထား​သူ​တို့ နှင့်​အ​တူ​ယ​ခု​အ​ချိန်​၌​သင်​စား​ရန်​ဤ အ​သား​ကို​ငါ​ဖယ်​ထား​ခဲ့​၏'' ဟု​ဆို​၏။ ထို့​ကြောင့်​ရှော​လု​သည် ထို​နေ့​၌​ရှ​မွေ​လ​နှင့် အ​တူ​စား​သောက်​လေ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ