ဝတ်ပြု 6:26 - Common Language Bible26 ထိုယဇ်ကောင်ကိုပူဇော်သောယဇ်ပုရောဟိတ် သည် ထာဝရဘုရားစံတော်မူရာတဲတော် ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌ယဇ်ကောင် ၏အသားကိုစားရမည်။- အခန်းကိုကြည့်ပါ။Garrad Bible26 အ ပြစ် ဖြေ ရန် ဆက် ကပ် သော ပ ရော ဟိတ် သည် သီး သန့် ရာ အ ရပ်၊ တွေ့ ဆုံ ရာ တဲ တော် တံ တိုင်း အ တွင်း ၌ ပင် စား ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible26 အပြစ်ဖြေဖို့ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌စားရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း26 အပြစ်ဖြေရာယဇ်ကိုပူဇော်သောယဇ်ပုရောဟိတ်သည် ထိုယဇ်ကို စားရမည်။ တွေ့ဆုံစည်းဝေးရာတဲတော်ဝင်းအတွင်း သန့်ရှင်းသောနေရာ၌ စားရမည်။ အခန်းကိုကြည့်ပါ။ |
ထိုသူကငါ့အား``ဤအဆောက်အအုံနှစ် ခုစလုံးသည်သန့်ရှင်းမြင့်မြတ်၏။ ထာဝရ ဘုရား၏ရှေ့တော်သို့ဝင်ရသူယဇ်ပုရော ဟိတ်တို့သည်ထိုအဆောက်အအုံများထဲ ၌အလွန်သန့်ရှင်းမြင့်မြတ်သောပူဇော် သကာများကိုစားသောက်ရကြ၏။ ထို အခန်းများသည်သန့်ရှင်းမြင့်မြတ်သဖြင့် ယဇ်ပုရောဟိတ်တို့သည်ဘောဇဉ်ပူဇော် သကာ၊ အပြစ်ဖြေရာယဇ်နှင့်ဒုစရိုက် ဖြေရာယဇ်တည်းဟူသောအလွန်သန့်ရှင်း မြင့်မြတ်သည့်ပူဇော်သကာများကိုထား ကြသည်။-
ဤအရပ်ကားယဇ်ပုရောဟိတ်တို့အပြစ် ဖြေရာယဇ်၊ သို့မဟုတ်ဒုစရိုက်ဖြေရာ ယဇ်ကိုပူဇော်ရန်အသားများကိုပြုတ် ရာ၊ မုန့်ညက်ပူဇော်သကာကိုဖုတ်ရာအရပ် ဖြစ်၏။ လူတို့ဘေးအန္တရာယ်မဖြစ်ကြ စေရန်သန့်ရှင်းမြင့်မြတ်သည့်အရာမှန် သမျှကိုတံတိုင်းအပြင်ဝင်းသို့မထုတ် ကြခြင်းဖြစ်၏'' ဟုဆို၏။
ကျန်သောမုန့်ညက်သည် ယဇ်ပုရောဟိတ်စား သုံးရန်အတွက်ဖြစ်သည်။ ယဇ်ပုရောဟိတ်သည် ထိုမုန့်ညက်ကိုတဆေးမဲ့မုန့်ဖုတ်၍ ထာဝရ ဘုရားစံတော်မူရာတဲတော်ဝင်းအတွင်း တွင် သန့်ရှင်းရာဌာန၌စားသုံးရမည်။ ထာဝရ ဘုရားသည်ထိုမုန့်ညက်ကိုဘောဇဉ်သကာထဲမှ ယဇ်ပုရောဟိတ်တို့အားပေးတော်မူသောဝေစု ဖြစ်သတည်း။ ထိုဘောဇဉ်သကာသည်အပြစ် ဖြေရာ၊ အပြစ်ဒဏ်ပြေရာယဇ်ကဲ့သို့အလွန် သန့်ရှင်း၏။-