ကိုယ်တော်အားဝတ်ပြုကိုးကွယ်ရမည့်ဌာန တော်ဟု ထာဝရဘုရားမိန့်တော်မူရာဗိမာန် တော်တွင် ရုပ်တုများကိုပူဇော်ရန်ယဇ်ပလ္လင် များကိုတည်ဆောက်၏။-
ယေဇကျေလ 7:20 - Common Language Bible အခါတစ်ပါးကထိုသူတို့သည်မိမိတို့ ၏လှပသောကျောက်မျက်ရတနာများ အတွက် ဝါကြွားဂုဏ်ယူခဲ့ကြသော်လည်း ယင်းတို့ကိုစက်ဆုပ်ဖွယ်ကောင်းသည့်ရုပ်တု များပြုလုပ်ရာတွင်အသုံးပြုကြကုန်၏။ သို့ဖြစ်၍ထာဝရဘုရားသည်သူတို့အား ထိုရတနာများသည်သူတို့အတွက်မသန့် ရှင်းသောအရာများဖြစ်စေတော်မူ၏။ Garrad Bible တင့် တယ် သော ထို ရ တ နာ ကို၊ မောက် မာ ရာ မောက် မာ ကြောင်း ဖြစ် စေ လျက်၊ စက် ဆုပ် ရွံ ရှာ ဖွယ် ရုပ် ပွား ဆင်း တု လုပ် ခဲ့ ကြ သော ကြောင့်၊ ငါ သည် အ ညစ် အ ကြေး အ ဖြစ် မှတ် ယူ ကြ စေ သည့် ပြင်၊ Judson Bible သူတို့၌ တင့်တယ်သော တန်ဆာအားဖြင့် သူတို့မာနကို တိုးပွားစေ၍၊ သူတို့၌ စက်ဆုပ်ဖွယ်သော ရုပ်တုဆင်းတုတို့ကိုလည်းကောင်း၊ ရွံရှာဖွယ်သော အရာတို့ကိုလည်းကောင်း လုပ်ကြသောကြောင့်၊ ထိုတန်ဆာကို ညစ်ညူးသောအရာ ဖြစ်စေခြင်းငှာ ငါစီရင်မည်။ မြန်မာ့စံမီသမ္မာကျမ်း သူတို့၏လှပသောအဆင်တန်ဆာများကြောင့် မာနထောင်လွှားတတ်ကြ၏။ ထိုတန်ဆာများဖြင့် စက်ဆုပ်ရွံရှာဖွယ်ရုပ်တုများကို ထုလုပ်တတ်ကြ၏။ ထို့ကြောင့် ငါသည် ထိုတန်ဆာတို့ကို ညစ်ညူးသောအရာကဲ့သို့ ဖြစ်စေမည်။ |
ကိုယ်တော်အားဝတ်ပြုကိုးကွယ်ရမည့်ဌာန တော်ဟု ထာဝရဘုရားမိန့်တော်မူရာဗိမာန် တော်တွင် ရုပ်တုများကိုပူဇော်ရန်ယဇ်ပလ္လင် များကိုတည်ဆောက်၏။-
သူသည်အာရှရဘုရားမတံခွန်တိုင်ကိုဗိမာန် တော်တွင်ထားရှိ၏။ ထိုဗိမာန်တော်နှင့်ပတ်သက် ၍ ထာဝရဘုရားကဒါဝိဒ်နှင့်သားတော်ရှော လမုန်အား``ဣသရေလအနွယ်တစ်ဆယ့်နှစ် နွယ်တို့၏နယ်မြေရှိသမျှမှ ငါရွေးချယ် တော်မူရာယေရုရှလင်မြို့ရှိ ဤဗိမာန်တော် သည်ငါ့ကိုအစဉ်အမြဲဝတ်ပြုကိုးကွယ် ရာဌာနဖြစ်လိမ့်မည်။-
ယုဒအမျိုးသားခေါင်းဆောင်များ၊ ယဇ် ပုရောဟိတ်များနှင့်ပြည်သူတို့သည်လည်း မိမိတို့ပတ်ဝန်းကျင်ရှိလူမျိုးတို့၏အကျင့် ကိုလိုက်၍ ရုပ်တုများကိုဝတ်ပြုကိုးကွယ် ကာထာဝရဘုရားကိုယ်တော်တိုင်သီးသန့် ထားတော်မူသောဗိမာန်တော်ကိုညစ်ညမ်း စေကြ၏။-
ဗိမာန်တော်ဟောင်းကိုမြင်ဖူးသောအသက်ကြီး သူယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ နှင့်သားချင်းစုဦးစီးအမြောက်အမြားတို့သည် ဤဗိမာန်တော်အုတ်မြစ်ချသည်ကိုမြင်သော် အော် ဟစ်ငိုကြွေးကြကုန်၏။ သို့ရာတွင်အခြားသူတို့ ကမူဝမ်းမြောက်စွာကြွေးကြော်ကြလေသည်။-
ဘုရားသခင်၏တောင်တော်ဖြစ်သည့် ဇိအုန်တောင်သည်မြင့်မား၍လှပတင့်တယ် ပါ၏။ မဟာမင်းမြတ်၏မြို့တော်သည်ကမ္ဘာသူ ကမ္ဘာသားတို့အားစိတ်ရွှင်လန်းစေပါ၏။
ထာဝရဘုရားသည်အလွန်တရာလှပ တင့်တယ်သည့် မြို့တော်တည်းဟူသော ဇိအုန်တောင်မှရောင်ခြည်တော်ကိုလွှတ်တော်မူ၏။
သင်တို့သည်ငွေဖြင့်မွမ်းမံထားသည့်ရုပ်တု များနှင့်ရွှေဖြင့်မွမ်းမံထားသည့်ရုပ်တုများ ကိုယူ၍``ငါတို့မျက်မှောက်မှသွားကြပေ တော့'' ဟုဆိုကာ၊ အညစ်အကြေးသဖွယ် ပစ်ထုတ်လိုက်လိမ့်မည်။-
ကျွန်တော်မျိုးတို့၏ဗိမာန်တော်၊ ကိုယ်တော် ရှင်အားကျွန်တော်မျိုးတို့ဘိုးဘေးများ ထောမနာပြုရာ မြင့်မြတ်တင့်တယ်သန့်ရှင်း သည့်ဌာနတော်သည်မီးသင့်လောင်၍သွား ပါပြီ။ ကျွန်တော်မျိုးတို့ချစ်မြတ်နိုးသည့် အဆောက်အဦမှန်သမျှသည်လည်း ယိုယွင်းပျက်စီးလျက်ရှိပါ၏။-
သို့ဖြစ်၍သင်တို့ယုံကြည်အားထားသည့် ဤငါ၏ဗိမာန်၊ ငါ၏နာမကိုဆောင်သော ဤအိမ်တော်ကိုရှိလောရွာနည်းတူငါပြု မည်။ သင်တို့ဘိုးဘေးများနှင့်သင်တို့အား ငါပေးခဲ့သည့်ဤအရပ်ဌာနကိုရှိလော ရွာနည်းတူငါပြုမည်။-
ထာဝရဘုရားက``ယုဒပြည်သူတို့သည် ဒုစရိုက်ကိုပြုကျင့်ကြလေပြီ။ သူတို့သည် ငါစက်ဆုတ်သည့်ရုပ်တုများဖြင့် ငါ့နာမ တော်ကိုဆောင်သောအိမ်တော်ထဲသို့ယူဆောင် လာ၍ညစ်ညမ်းစေလေပြီ။-
ရန်သူများသည်သူ၏ဥစ္စာဘဏ္ဍာရှိသမျှကို တိုက်ခိုက်လုယူကြ၏။ သူသည်လူမျိုးခြားတို့အားထာဝရဘုရား ပိတ်ပင်တားမြစ်ထားရာဖြစ်သည့် ဗိမာန်တော်သို့ပင်လျှင် ထိုသူတို့ဝင်ရောက်ကြသည်ကိုတွေ့မြင်ရ၏။
ထာဝရဘုရားသည်အမျက်ထွက်တော်မူ၍ ဇိအုန်မြို့ကိုအမှောင်ဖုံးစေတော်မူလေပြီ။ ထိုမြို့၏ခမ်းနားကြီးကျယ်မှုသည် ကောင်းကင်မှမြေကြီးသို့ကျဆင်းယိုယွင်းလေပြီ။ ကိုယ်တော်သည်အမျက်ထွက်တော်မူသောကာလ၌ မိမိ၏ဗိမာန်တော်ကိုပင်စွန့်ပစ်တော်မူ၏။
ထာဝရဘုရားသည် မိမိ၏ယဇ်ပလ္လင်တော်ကိုလည်းကောင်း၊သန့်ရှင်း မြင့်မြတ်သည့်ဗိမာန်တော်ကိုလည်းကောင်း ပစ်ပယ်တော်မူ၍ရန်သူတို့အားဗိမာန်တော် နံရံများကိုဖြိုချခွင့်ပေးတော်မူ၏။ သူတို့သည်လည်းငါတို့ရွှင်လန်းဝမ်းမြောက်စွာ ကိုးကွယ်ဝတ်ပြုခဲ့ကြသည့်ဌာနတော်တွင် အောင်သံပေး၍ကြွေးကြော်ကြ၏။
သူတို့သည်ပြန်လည်ရောက်ရှိလာသောအခါ မိမိတို့တွေ့ရှိရသမျှသောစက်ဆုပ်ဖွယ်ကောင်း သည့်ရုပ်တုများကိုပယ်ရှားရကြမည်။-
သင်၏အဝတ်အစားအချို့ဖြင့်သင်သည် မိမိဝတ်ပြုရာဌာနများကိုမွမ်းမံပစ် ကာပြည့်တန်ဆာပြု၍ မိမိ၏ကိုယ်ကို လူအပေါင်းတို့အားအပ်နှံလေသည်။ ထို သို့သောအဖြစ်အပျက်မျိုးမဖြစ်သင့် ပေ၊ သို့တည်းမဟုတ်မပေါ်ပေါက်သင့်ပေ။-
ငါသည်သင်စားရန်အကောင်းဆုံးမုန့်ညက်၊ သံလွင်ဆီနှင့်ပျားရည်တည်းဟူသောအစား အစာများကိုပေး၏။ သို့ရာတွင်သင်သည် ရုပ်တုများထံမှမျက်နှာရစေရန် ထိုအစား အစာများကိုသူတို့အားအမွှေးရနံ့အဖြစ် ဆက်သပူဇော်၏'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကားပင် တည်း။
သူတို့ပြုသောအမှုများကားဤမျှသာ မဟုတ်။ ငါ၏ဗိမာန်တော်ကိုညစ်ညမ်းစေ၍ ငါ၏ဥပုသ်နေ့ကိုလည်းမလေးမစားပြု ကြ၏။-
ကိုယ်တော်သည်မိမိ၏အမိန့်တော်ကို အသင် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရန် ငါ့ကိုစေခိုင်းတော်မူ၏။ သင်တို့သည်ဗိမာန် တော်ခိုင်ခံ့မှုကိုဂုဏ်ယူဝါကြွားကြ၏။ ဗိမာန် တော်ကိုကြည့်ရှုလိုကြ၏။ ဗိမာန်တော်သို့ သွားရောက်လိုကြ၏။ သို့ရာတွင်ထာဝရ ဘုရားသည်ထိုဗိမာန်တော်ကိုညစ်ညမ်းစေ တော်မူလိမ့်မည်။ ယေရုရှလင်မြို့တွင်ကျန် ရစ်ခဲ့သောသင်တို့၏အိမ်ထောင်စုသားလူ ငယ်များသည်လည်းစစ်ပွဲတွင်ကျဆုံးကြ လိမ့်မည်။-
အရှင်ထာဝရဘုရားမိန့်တော်မူသည် မှာ``သင်တို့သည်ဆိုးညစ်စက်ဆုပ်ဖွယ်သော အမှုအပေါင်းကိုပြုလျက် ဗိမာန်တော်ကို ညစ်ညမ်းစေသဖြင့် ငါသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ သင်တို့အားသနားညှာတာမှုမရှိဘဲ သုတ်သင်ပစ်မည်။-
ဋ္ဌားပြများသည်ငါ၏ဗိမာန်တော်သို့ အတင်းဝင်ရောက်ကာညစ်ညမ်းစေသော အခါငါသည်မျက်ကွယ်ပြုမည်။''
ဘုရားသခင်က``ဗိမာန်တော်ကိုညစ်ညမ်း စေကြလော့။ တံတိုင်းများကိုလူသေကောင် များဖြင့်ပြည့်စေကြလော့။ အလုပ်စ၍ လုပ်ကြလော့။'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍ ထိုသူခြောက်ယောက်တို့သည်မြို့တွင်းရှိ လူတို့ကိုစတင်သတ်ဖြတ်ကြ၏။
``ယခင်အခါကဗိမာန်တော်သည်အဘယ်မျှ တင့်တယ်လှပတော်မူခဲ့ကြောင်းကို မှတ်မိသူ တစ်စုံတစ်ယောက်သင်တို့တွင်ရှိပါသလော။ ယခုအခါဤဗိမာန်တော်ကိုသင်တို့အဘယ် သို့တွေ့မြင်ကြရပါသနည်း၊ ယင်းသည် ဘာမျှမဟုတ်သကဲ့သို့ဖြစ်၍နေပေမည်။-''
သို့ရာတွင်သူသည်ဆက်လက်၍``သင်တို့ထဲ မှငါတောင်းခံလိုသည့်အရာတစ်ခုရှိပါ သည်။ သင်တို့ရယူထားသည့်ရွှေနားကွင်း များကိုငါ့အားပေးကြလော့'' ဟုဆို၏။ (မိဒျန်အမျိုးသားတို့သည်အခြားသဲကန္တာရ နေသူများကဲ့သို့ပင် ရွှေနားကွင်းများကို တပ်ဆင်လေ့ရှိသတည်း။)
ဂိဒေါင်သည်ထိုရွှေများဖြင့်ရုပ်တုတစ်ခုကို သွန်းလုပ်ပြီးလျှင် မိမိနေထိုင်ရာသြဖရ မြို့၌ထားရှိ၏။ ဣသရေလအမျိုးသား အပေါင်းတို့သည်လည်း ဘုရားသခင်ကိုစွန့် ပစ်ကာထိုရုပ်တုကိုဝတ်ပြုကိုးကွယ်ရန် သြဖရမြို့သို့သွားကြကုန်သည်။ ယင်း သည်ဂိဒေါင်နှင့်အိမ်ထောင်စုအတွက် ကျော့ကွင်းသဖွယ်ဖြစ်လာ၏။