ဧဇရ 3:12 - Common Language Bible12 ဗိမာန်တော်ဟောင်းကိုမြင်ဖူးသောအသက်ကြီး သူယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ နှင့်သားချင်းစုဦးစီးအမြောက်အမြားတို့သည် ဤဗိမာန်တော်အုတ်မြစ်ချသည်ကိုမြင်သော် အော် ဟစ်ငိုကြွေးကြကုန်၏။ သို့ရာတွင်အခြားသူတို့ ကမူဝမ်းမြောက်စွာကြွေးကြော်ကြလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible12 ဗိ မာန် တော် သစ် တိုက် မြစ် ချ သည် ကို မြင် သော်၊ ဗိ မာန် တော် ဟောင်း ကို မြင် ဖူး သော အို မင်း သူ ပ ရော ဟိတ်၊ လေ ဝိ ဂိုဏ်း သား၊ အိမ် ထောင် အ အုပ် အ ချုပ် အ များ တို့ သည်၊ အော် ဟစ် ငို ကြွေး ခြင်း၊ အ များ တို့ လည်း၊ ဟစ် အော် ရွှင် လန်း ခြင်း ပြု ကြ သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible12 သို့ရာတွင် အသက်ကြီး၍ အရင်ဗိမာန်တော်ကို မြင်ဖူးသော ယဇ်ပုရောဟိတ်၊ လေဝိသား၊ အဆွေအမျိုး သူကြီးအများတို့သည်၊ နောက်ဗိမာန်တော် တိုက်မြစ်ကျလျက်ရှိသည်ကို မြင်သောအခါ၊ ကြီးစွာသောအသံနှင့် ငိုကြွေးကြ၏။ လူအများတို့သည်လည်း ဝမ်းမြောက်သောစိတ်နှင့် ကြွေးကြော်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ယခင်အိမ်တော်ကို မြင်ဖူးခဲ့သောသက်ကြီးပိုင်း ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများနှင့် အိမ်ထောင်စုအကြီးအမှူးများစွာတို့သည် ယခုအိမ်တော်အုတ်မြစ်ချသည်ကို မြင်ရသောအခါ အော်ဟစ်ငိုကြွေးကြလေ၏။ လူအများစုမှာမူ ဝမ်းမြောက်ဝမ်းသာစိတ်ဖြင့် ကြွေးကြော်ကြလေ၏။ အခန်းကိုကြည့်ပါ။ |
သူသည်ဗိမာန်တော်ဆောက်လုပ်ရာတွင် တိုး တက်မှုနှေးကွေးသည့်အတွက်စိတ်ပျက်ကြ သော်လည်း ဗိမာန်တော်ကိုဇေရုဗဗေလသည် ချိန်ကြိုးကိုင်လျက် ဆက်လက်တည်ဆောက်လျက် နေကြောင်းကိုတွေ့မြင်ရသောအခါ၌မူ ဝမ်းမြောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ကောင်းကင်တမန်ကငါ့အား``မီးခွက်ခုနစ် ခုသည်ကမ္ဘာမြေကြီးတစ်ခုလုံးကိုတွေ့ မြင်နိုင်သော ထာဝရဘုရား၏မျက်စိ ခုနစ်လုံးဖြစ်၏'' ဟုပြော၏။