Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 16:16 - Common Language Bible

16 သင်​၏​အ​ဝတ်​အ​စား​အ​ချို့​ဖြင့်​သင်​သည် မိ​မိ​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​မွမ်း​မံ​ပစ် ကာ​ပြည့်​တန်​ဆာ​ပြု​၍ မိ​မိ​၏​ကိုယ်​ကို လူ​အ​ပေါင်း​တို့​အား​အပ်​နှံ​လေ​သည်။ ထို သို့​သော​အ​ဖြစ်​အ​ပျက်​မျိုး​မ​ဖြစ်​သင့် ပေ၊ သို့​တည်း​မ​ဟုတ်​မ​ပေါ်​ပေါက်​သင့်​ပေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ကိုယ့် အ ဝတ် အ ထည် ဖြင့် ချယ် လယ် ကာ ရံ သော၊ မြင့် ရာ ဌာ န များ အ ပေါ်၌ မ ပြု ထိုက်၊ မ ပြု အပ် သော နည်း အ တိုင်း၊ ပြည့် တန် ဆာ လုပ် သေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သင်၏​အ​ဝတ်​ကို​လည်း​ယူ၍၊ မြင့်​သော​အ​ရပ်​တို့​ကို ထူး​ခြား​သော အ​ဆင်း​အ​ရောင်​နှင့် ဆင်​ပြင်၍၊ တစ်​ခါ​မျှ​မ​မြင်​စ​ဖူး၊ နောက်၌​လည်း မ​ဖြစ်​လ​တ္တံ့​သော​အ​မှု၊ မ​တ​ရား​သော​မေ​ထုန်​ကို ထို​အ​ရပ်၌ ပြု​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သင်​သည် အဝတ်အစား​အချို့​ကို​ယူ​ပြီး အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ရောင်စုံခြယ်​လျက် မ​လုပ်​သင့်​၊ မ​လုပ်ထိုက်​သော ဖောက်ပြန်မှားယွင်း​ခြင်း​ကို​ပြု​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 16:16
10 ပူးပေါင်းရင်းမြစ်များ  

ဘာ​သာ​ရေး​ဆိုင်​ရာ​ပြည့်​တန်​ဆာ​ တို့​၏​နေ​အိမ်​များ​ကို​လည်း​ဖျက်​ဆီး​တော်​မူ​၏။ (အာ​ရှာ​ရ​ဘု​ရား​မ​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ၌ အ​သုံး​ပြု​သည့်​ဝတ်​လုံ​များ​ကို​ထို​နေ​အိမ် များ​တွင်​အ​မျိုး​သ​မီး​တို့​ရက်​လုပ်​ကြ​သည်။-)


ထို့​အ​ပြင်​အာ​ခတ်​သည်​ဗိ​မာန်​တော်​အ​သုံး အ​ဆောင်​ရှိ​သ​မျှ​ကို​ယူ​၍ အ​ပိုင်း​ပိုင်း​ချိုး​ဖဲ့ ၏။ ဗိ​မာန်​တော်​တံ​ခါး​တို့​ကို​လည်း​ပိတ်​ထား လိုက်​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​၌​အ​နှံ့ အ​ပြား​ယဇ်​ပလ္လင်​များ​ကို​တည်​လေ​သည်။-


သင်​တို့​သည်​တောင်​မြင့်​ပေါ်​သို့​တက်​၍​ယဇ် ပူ​ဇော်​လျက်​ကာ​မ​ရာ​ဂ​စပ်​ယှက်​ကြ​၏။-


ခိတ္တိမ်​ကျွန်း​ရှိ​ရာ​အ​နောက်​ဘက်​သို့​သွား​လော့။ ကေ​ဒါ​ပြည်​သို့​လူ​လွှတ်​၍​ကြည့်​ရှု​စေ​ကြ​လော့။ ယ​ခု​အ​မှု​မျိုး​ကို​အ​ဘယ်​အ​ခါ​က​မျှ မ​ဖြစ်​ပျက်​ခဲ့​ဘူး​သည်​ကို​သိ​မြင်​ရ​လိမ့်​မည်။


``သို့​ရာ​တွင်​သင်​သည်​မိ​မိ​၏​အ​ဆင်း​လှ မှု​နှင့်​ထင်​ပေါ်​ကျော်​ကြား​မှု​တို့​ကို​အ​ခွင့် ကောင်း​ယူ​ကာ ပြည့်​တန်​ဆာ​ဖြစ်​လာ​၏။ သင် ၏​ထံ​သို့​ရောက်​ရှိ​လာ​သူ​မှန်​သ​မျှ​နှင့် အိပ်​စက်​၏။ သင်​၏​အ​လှ​ကို​ပေး​အပ်​၏။-


သင်​သည်​ငါ​ပေး​သည့် ရွှေ၊ ငွေ၊ ကျောက်​မျက် ရ​တ​နာ​အ​ချို့​ကို​လည်း​ယူ​၍ ယောကျာ်း ရုပ်​ပွား​များ​ပြု​လုပ်​ပြီး​လျှင်​ယင်း​တို့ နှင့်​မှား​ယွင်း​၏။-


ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့ ထံ​သို့​ရောက်​လာ​၏။ ကိုယ်​တော်​က``အ​ချင်း​လူ သား၊ အ​ခါ​တစ်​ပါး​က​ညီ​အစ်​မ​နှစ်​ယောက် ရှိ​၏။-


အ​ခါ​တစ်​ပါး​က​ထို​သူ​တို့​သည်​မိ​မိ​တို့ ၏​လှ​ပ​သော​ကျောက်​မျက်​ရ​တ​နာ​များ အ​တွက် ဝါ​ကြွား​ဂုဏ်​ယူ​ခဲ့​ကြ​သော်​လည်း ယင်း​တို့​ကို​စက်​ဆုပ်​ဖွယ်​ကောင်း​သည့်​ရုပ်​တု များ​ပြု​လုပ်​ရာ​တွင်​အ​သုံး​ပြု​ကြ​ကုန်​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား ထို​ရ​တ​နာ​များ​သည်​သူ​တို့​အ​တွက်​မ​သန့် ရှင်း​သော​အ​ရာ​များ​ဖြစ်​စေ​တော်​မူ​၏။


ငါ​သည်​သူ​၏​ချစ်​သူ​များ​ရှေ့​တွင်​သူ​၏ အ​ဝတ်​ရှိ​သ​မျှ​ကို​ချွတ်​ပစ်​မည်။ ငါ​၏​လက် တွင်း​မှ​သူ့​အား​မည်​သူ​မျှ​မ​ကယ်​နိုင်။-


သူ​သည်​ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု​ရာ​၌ ပူ​ဇော်​ဆက်​သ​သော​ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ ရွှေ​နှင့်​ငွေ​တို့​ကို​ငါ့​ထံ​မှ​ရ​ရှိ သည်​ဟု​သူ​မ​သိ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ