ဆာလံ 48:2 - Common Language Bible2 ဘုရားသခင်၏တောင်တော်ဖြစ်သည့် ဇိအုန်တောင်သည်မြင့်မား၍လှပတင့်တယ် ပါ၏။ မဟာမင်းမြတ်၏မြို့တော်သည်ကမ္ဘာသူ ကမ္ဘာသားတို့အားစိတ်ရွှင်လန်းစေပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible2 မ ဟာ မင်း မြတ် ၏ မြို့ တော်၊ မြောက် မျက် နှာ မှာ ရှိ သော ဇိ အုန် မြို့ တော် သည်၊ လှ ပ တင့် တယ် ၍၊ မြေ တစ် ပြင် လုံး နှစ် သိမ့် ဖွယ် သော နေ ရာ ဖြစ် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible2 မြေကြီးတစ်ပြင်လုံး ရွှင်လန်းရာ ဇိအုန်တောင်ထိပ်သည် အဆင်းလှပေ၏။ မြောက်မျက်နှာဘက်၌ မဟာမင်းကြီး၏ မြို့တော်သည် တည်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 မြင့်မားတင့်တယ်၍ ကမ္ဘာမြေတစ်ခွင်လုံး၏ ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ မြောက်ဘက်စွန်းရှိဇိအုန်တောင်သည် ကြီးမြတ်သော ရှင်ဘုရင်၏မြို့တော်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူတို့၏ သားမြေးများသည်သင့်ထံလာရောက်၍ ဦးညွှတ် အလေးပြုကြလိမ့်မည်။ အခါတစ်ပါးကသင့်အားမထီမဲ့မြင် ပြုသူအပေါင်းတို့သည်သင်၏ခြေရင်း၌ ပျပ်ဝပ် ရှိခိုးကြလိမ့်မည်။ သူတို့သည်သင့်အား`ထာဝရဘုရား၏မြို့တော်' ဟူ၍လည်းကောင်း၊ `ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်သည့်မြို့တော်ဇိအုန်' ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလိမ့် မည်။
``မိမိ၏သိုးအုပ်တွင်အပြစ်အနာကင်း သည့်သိုးများရှိပါလျက် ငါ့အားလိမ်လည် လှည့်စား၍အသုံးမကျသည့်ယဇ်ကောင် ကိုပူဇော်ဆက်သသူသည်ကျိန်စာသင့်ပါ စေသတည်း။ အဘယ်ကြောင့်ဆိုသော်ငါသည် ကြီးမြတ်သည့်ဘုရင်ဖြစ်တော်မူ၍ ငါ၏ နာမတော်ကိုလူမျိုးတကာတို့ကြောက်ရွံ့ ရိုသေရသောကြောင့်တည်း'' ဟုအနန္တတန် ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။