သူကြီး 8:27 - Common Language Bible27 ဂိဒေါင်သည်ထိုရွှေများဖြင့်ရုပ်တုတစ်ခုကို သွန်းလုပ်ပြီးလျှင် မိမိနေထိုင်ရာသြဖရ မြို့၌ထားရှိ၏။ ဣသရေလအမျိုးသား အပေါင်းတို့သည်လည်း ဘုရားသခင်ကိုစွန့် ပစ်ကာထိုရုပ်တုကိုဝတ်ပြုကိုးကွယ်ရန် သြဖရမြို့သို့သွားကြကုန်သည်။ ယင်း သည်ဂိဒေါင်နှင့်အိမ်ထောင်စုအတွက် ကျော့ကွင်းသဖွယ်ဖြစ်လာ၏။ အခန်းကိုကြည့်ပါ။Garrad Bible27 ဂိ ဒေါင် သည် ထို ရွှေ နှင့် ဧ ဖုဒ် အ ရုပ် သွန်း လုပ်၍၊ နေ ရင်း သြ ဖ ရ မြို့ တွင် တည် ထား သ ဖြင့် ဣ သ ရေ လ တစ် မျိုး လုံး ထို အ ရုပ် နှင့် မှား ယွင်း လိုက် ပါ ကြ သည့် ပြင်၊ ဂိ ဒေါင် နှင့် တ ကွ အိမ် သူ အိမ် သား တို့၌ ကျော့ ကွင်း သ ဖွယ် ဖြစ် ၏။ အခန်းကိုကြည့်ပါ။Judson Bible27 ထိုတန်ဆာတို့နှင့် ဂိဒေါင်သည် သင်တိုင်းတော်ကိုလုပ်၍ မိမိနေရာ ဩဖရမြို့မှာထားသဖြင့်၊ ဣသရေလအ မျိုးသားအပေါင်းတို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်းလျက်သွားတတ်ကြ၏။ ထိုအမှုသည် ဂိဒေါင်နှင့် သူ၏အမျိုးပြစ်မှားရာအကြောင်း ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 ဂိဒေါင်သည် ထိုရွှေများဖြင့် ဧဖုဒ်သွန်းလုပ်၍ သူနေထိုင်ရာ ဩဖရမြို့တွင် ပြသထား၏။ အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုအရာအားဖြင့် ဖောက်ပြန်မှားယွင်းကြ၏။ ဤအရာသည် ဂိဒေါင်နှင့် သူ့အိမ်သူအိမ်သားတို့အတွက် ထောင်ချောက်ကဲ့သို့ ဖြစ်လာ၏။ အခန်းကိုကြည့်ပါ။ |
အခါတစ်ပါးကထိုသူတို့သည်မိမိတို့ ၏လှပသောကျောက်မျက်ရတနာများ အတွက် ဝါကြွားဂုဏ်ယူခဲ့ကြသော်လည်း ယင်းတို့ကိုစက်ဆုပ်ဖွယ်ကောင်းသည့်ရုပ်တု များပြုလုပ်ရာတွင်အသုံးပြုကြကုန်၏။ သို့ဖြစ်၍ထာဝရဘုရားသည်သူတို့အား ထိုရတနာများသည်သူတို့အတွက်မသန့် ရှင်းသောအရာများဖြစ်စေတော်မူ၏။
သူတို့၏ရုပ်တုများကိုမီးရှို့ပစ်လော့။ ထိုရုပ်တု များတွင်မွမ်းမံထားသောရွှေငွေကိုတပ်မက်၍ သင်တို့အဖို့မယူကြနှင့်။ ထာဝရဘုရားသည် ရုပ်တုကိုးကွယ်ခြင်းကိုရွံရှာမုန်းတီးတော်မူ သဖြင့် ရုပ်တုများမှရွှေငွေကိုယူမိလျှင်သင် တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့်မည်။-
ထိုအခါလဲရှနယ်သို့သွားရောက်စူးစမ်း ထောက်လှမ်းခဲ့သောလူငါးယောက်တို့က မိမိ တို့၏အပေါင်းအဖော်များအား``ဤအိမ်စု အနက်အိမ်တစ်လုံးတွင်ငွေဖြင့်မွမ်းမံထား သည့်ရုပ်တုတစ်ခုရှိသည်ကို သင်တို့သိကြ ပါ၏လော။ ထိုအိမ်တွင်အခြားရုပ်တုများ နှင့်သင်တိုင်းတော်တစ်ခုလည်းရှိ၏။ ငါတို့ အဘယ်သို့ပြုသင့်သည်ဟုသင်တို့ထင် မြင်ကြပါသနည်း'' ဟုမေး၏။-