သူကြီး 8:26 - Common Language Bible26 မိဒျန်ဘုရင်တို့ဝတ်ဆင်ထားသည့်တန်ဆာ များ၊ လည်ဆွဲများ၊ နီမောင်းသောအဝတ်နှင့် ကုလားအုတ်လည်ပတ်ကြိုးများအပြင်၊ ဂိ ဒေါင်ရရှိသည့်ရွှေနားကွင်းများ၏အလေး ချိန်မှာပေါင်လေးဆယ်ကျော်ရှိသတည်း။ အခန်းကိုကြည့်ပါ။Garrad Bible26 ဂိ ဒေါင် ရ သော ရွှေ နား တောင်း များ၏ အ ချိန် ကား၊ မိ ဒျန် ဘု ရင် တို့ ဆင် ယင် သော လည် ဆွဲ၊ နှာ ဆွဲ၊ နီ မောင်း သော ဝတ် လုံ၊ ကု လား အုပ်၊ ကုပ် တင် တန် ဆာ များ အ လွတ်၊ ဆယ့် ခု နစ် ပိ သာ ရှိ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible26 ဂိဒေါင်တောင်းသော ရွှေနားတောင်းများအချိန်ကား၊ အခွက်တစ်ဆယ်ခုနစ်ပိဿာ ရှိ၏။ ထိုမှတစ်ပါး၊ မိဒျန်မင်းကြီး ဝတ်ဆင်သောတန်ဆာ၊ လည်ဆွဲ၊ နီမောင်းသောအဝတ်၊ ကုလားအုတ်လည်ကြိုးများကို ရသေး၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း26 ဂိဒေါင်ရရှိသောရွှေနားကွင်း၏အလေးချိန်မှာ ရွှေတစ်ထောင့်ခုနစ်ရာရှယ်ကယ် ဖြစ်၏။ ထို့ပြင် မိဒျန်ဘုရင်တို့ထံမှ လခြမ်းသဏ္ဌာန်တန်ဆာ၊ ဆွဲသီး၊ ခရမ်းရောင်အဝတ်တို့မှစ၍ သူတို့ကုလားအုတ်၏လည်ပင်း၌ဆွဲထားသော လည်ပတ်ကြိုးများလည်း ရသေး၏။ အခန်းကိုကြည့်ပါ။ |
သူတို့ကိုးကွယ်သည့်ရုပ်တုများသည်တာရှု ပြည်မှ ထွက်သည့်ငွေနှင့်လည်းကောင်း၊ ဥဖတ်မြို့မှထွက်သည့်ရွှေနှင့်လည်းကောင်း မွမ်းမံထားသဖြင့်၊ အနုပညာသည်တို့၏လက်ရာဖြစ်ပေသည်။ ထိုရုပ်တုများသည်ကျွမ်းကျင်သူယက်ကန်း သည်တို့၊ ယက်လုပ်ထားသောခရမ်းရောင်ထည်၊ အပြာရောင်ထည်တို့ဖြင့်တန်ဆာဆင်၍ ထား၏။
မော်ဒကဲသည်မင်းမြောက်တန်ဆာတည်းဟူ သောဝတ်လဲအဖြူနှင့်အပြာကိုလည်းကောင်း၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုလည်းကောင်း ဝတ်ဆင်ကာခန့်ညားသည်ရွှေသရဖူကို ဆောင်း၍ နန်းတော်မှထွက်ခွာသွားလေသည်။ ထိုအခါရှုရှန်မြို့တစ်မြို့လုံးသည်သြဘာ သံများ၊ ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော် သံများနှင့်ဆူညံသွား၏။-
ထိုအခါဇေဘဟနှင့်ဇာလမုန္နတို့က``ငါ တို့အားသင်ကိုယ်တိုင်သတ်ပါလော့။ လူကြီး ပြုရမည့်အမှုကိုလူကြီးသာလျှင်ပြုနိုင် ၏'' ဟုဆိုကြ၏။ ထို့ကြောင့်ဂိဒေါင်သည်သူတို့ နှစ်ယောက်အားသတ်ပြီးလျှင် သူတို့ကုလား အုတ်များ၏လည်ပင်း၌ဆင်ယင်ထားသော တန်ဆာတို့ကိုချွတ်ယူလေသည်။
ဂိဒေါင်သည်ထိုရွှေများဖြင့်ရုပ်တုတစ်ခုကို သွန်းလုပ်ပြီးလျှင် မိမိနေထိုင်ရာသြဖရ မြို့၌ထားရှိ၏။ ဣသရေလအမျိုးသား အပေါင်းတို့သည်လည်း ဘုရားသခင်ကိုစွန့် ပစ်ကာထိုရုပ်တုကိုဝတ်ပြုကိုးကွယ်ရန် သြဖရမြို့သို့သွားကြကုန်သည်။ ယင်း သည်ဂိဒေါင်နှင့်အိမ်ထောင်စုအတွက် ကျော့ကွင်းသဖွယ်ဖြစ်လာ၏။